ကျနော့် အခုဇတ်လမ်းလေးဟာ ဖြစ်ရပ်မှန်လေးပါ
ကျနော်နေတဲ့ ရွာလေးမှာပေါ့ လူတိုင်းနဲ့ ခင်ပြီး အစ အနောက်သန်တဲ့ " ကိုလွင်စိုး "ဆိုတာရှိတယ်ဗျာ လူကတော့သဘောကောင်းပါတယ်ဗျာ ခက်တာက အရမ်း အစအနောက်သန်တာဗျာ အစအနောက် သန်သလို မုဆိုး အလုပ်လည်း အရမ်းဝါသနာ ပါတာဗျ သူ့အိမ်မှာ ဆို ကြွက်ထောင်တဲ့ ထောင်ချောက်တွေ ကြောင်ထောင်တဲ့ ကြိုးတွေ တအားပဲဗျာ သူတို့မိသားစု က ၅ ယောက်ရှိတယ် သူက ပထမ သားကြီးပေါ့ ဒါပေမဲ့ မွေးစားထားတာ ကျနော်တို့နဲ့လည်း သူ့မွေးစား မိဘ တွေက ဆွေမကင်းမျိုးမကင်းတွေပေါ့။ သူ့ကို အားလုံးက ချစ်ကြတယ်ဗျ လူကြီးတွေကတော့ သိပ်မကြည်ဘူးဗျ သူက မုဆိုး အလုပ် ဝါသနာပါလို့လေ သူက တစ်ရွာလုံး နဲ့သိတယ်ဗျ သူက တရွာလုံး လူကြီးလူငယ်မရွေး စနောက်တဲ့သူကို ။
နောက်တစ်ယောက်က "ကိုသာမိုး " သူကတော့ ကျနော့် သူငယ်ချင်းရဲ့ အကို ဒုတိယ သားလေးပေါ့ အရမ်းလိမ္မာတာဗျာ သူတို့ မိသားစုက ၄ ယောက်ဗျ သူကပဲ လုပ်ကျွေးနေတာ ပေါ့ဗျာ သူတို့ နွားတွေရောင်းပြီး ဆိုင်ကယ် ဝယ်ကယ်ရီဆွဲပြီးပေါ့ သူ့အဖေက ဆုံးသွားပြီလေ သူက ကျနော်တို့ အနောက်ပိုင်းက မဟုတ်တော့ သိပ်မသိဘူး ဗျ အင်းးးး ဒါပေမဲ့ အမှတ်တရ တခုရှိတယ်ဗျ ကျနော် ရယ် အဖေ ရယ် အကိုတွေရယ် ကြံခုတ်နေတဲ့ အချိန်ပေါ့ ကျနော်တို့ တောင်ယာ ဘေးမှာ ကြေးနန်းလမ်းဆင်း ဆိုတဲ့ ဂျောက်လမ်းကြီးရှိတယ် အဲ့လမ်းထဲ မဝင်ခင် လှည်းလာတယ်ဗျို့လို့ အော်ရတာ ဟိုးဘက်က သဲ့သဲ့ လေး လှိုင်သံကြားတယ် အဲ့လို မျိုးလမ်းကြီးဗျ တစ်နေ့ ညနေခင်း အချိန်လောက်ပေါ့ ကျနော့်နားထဲ ကယ်ကြပါ နဲ့အော်သံကြားတယ်ဗျ အဲ့ဒါနဲ့ အဖေ့ကို ပြောတော့ သူက "မင်းကလည်းဒီအသံကတော့ကြားနေကြပါကွ" ကျနော်က "
" အဖေ့ မဟုတ်သေးဘူးဗျ အဲ့အသံက မိုးချုပ်မှကြားတာလေ အခုက နေမှမဝင်သေးတာ"ဘေးကအကိုက သွားကြည့်ရမလား အေးတုန်းရှိသေး ရွာထဲက ကိုမြလှ ဆိုတဲ့သူပြေးလာတာတွေ့တယ်ဗျ အမောတကောနဲ့ " ဦးလေး ဦးလေးလုပ်ပါဦး ဟိုမှာ လှည်းမှောက်လို့ သားမိုးကို အင်တုန်းတွေ ပိနေပြီ သေပြီလားမသိဘူး " လို့ပြောတော့ ကျနော်တို့လည်း ပြေးတာ ပေါ့ ဟိုရောက်တော့ နွားတကောင်ကလည်း လည်ပင်းအစ်နေတာ တကောင်က ကံပါးယံမှာ လဲနေတာ ဗျာ ထင်းတွေက ကိုသားမိုးကို ပိနေတာ လက်လေးပဲပေါ်တော့တယ် ဗျာ ကျနော်တို့လည်း အမြန် ဖယ်ပေးလိုက်တော့မှ သူပေါ်လာတယ် တော်သေးတာပေါ့ မသေဘူးဗျ ထင်းတွေက အကြီးမပါလို့သာပဲဗျာ အဲ့တာ ကိုသာမိုးအဖြစ်ဗျ ။
သူတို့အကြောင်းပြောပြီး ဆို မပါလို့မဖြစ် "ကိုနန်းဝင်း"ကိုပြောရဦးမယ်ဗျ သူကတော့ ပျော်ပျော် နေတက်ပြီး ဇတ်မင်းသားရူးပေါ့ ဇတ်မင်းသားရှုးသာပြောတာပါ တီးလုံးသံ ကြားရင်ကို ကွေးနေအောင်ကပြီးသား အဲ့လိုလူဗျ
အဲ့လိုနဲ့ တပေါင်း လကိုရောက်ပြီပေါ့ အဲ့မှာ အသစ်တည်တဲ့ စေတီကြီးမှာ ဘုရားပွဲကျင်ပ ပါတယ်
သွားချင်တဲ့သူတွေ တရုံးရုံးပေါ့ ကျနော်တို့လို ကလေး သာသာ သူတွေကတော့ သွားဖို့ အခွှင့်မသာဘူးဗျ သွားစရာ မရှိဘူးလေ ဘုရားပွဲ ညမရောက်ခင်ပေါ့ ကိုလွင်စိုးက "ညီလေးတို့ ကိုကဘုရားပွဲသွားမှာ မင်းတို့ကို ခေါ်ဘူး ပြန်လားဘူး" နဲ့ သူညီတွေ နဲ့ ကျနော်တို့ ကစားနေတာကို လာကြွားနေတာဗျာ ကျနာ့် အဒေါ်က "ဟဲ့လွင်စိုး အဲ့လိုမပြောကောင်းဘူး" ဆိုတော့ " ဟာလေးလေးကလည်း ဘုရားမှာ အမြဲနေရတော့ မကောင်းဘူးလား " လို့ ကိုလွင်စိုးက ပြောတာဗျ ကျနော်တို့ အန်တီကလည်း " မပြောဘူးဟေ့ မပြောဘူး ကိုတက်ပ ကြီးတွေ " ဆိုတော့ ကိုလွင်ဆိုးက " ကို့တူလေး ကို လွပ်လွပ်လပ်လပ် ပေးသွားခိုင်းစမ်းပါဗျ" အဲ့လိုပြောပြီး ကိုလွင်စိုး ကိုသာမိုး တို့အိမ် ထွက်သွားတယ် ကိုသာမိုးအိမ်ရောက်တော့ လွင်စိုးက " သာမိုး မြန်မြန်လုပ်ပါဟာ ငါသွားချင်လာပြီ"" အေးပါဟ လွင်းစိုးရ ငါလည်းသွားချင်တာပါပဲ အရေးထဲ သောပျောက်နေလို့ကွာ အဲ့ရောက်မှ ပြန်ကို မလာဘူး နေပြစ်လိုက်မယ် " လို့သာမိုးကပြောပြီး ဆိုင်ကယ်သော့လေးယူပြီး ရွာလည်က ဈေးဆိုင်ကို မောင်းသွားတယ် ဆိုင်ရောက်ရင်ပဲ ဈေးဆိုင်က ကိုမင်း ဆိုတဲ့သူက " လွင်စိုးနဲ့ သာမိုး ဘယ် ဒိုးမလို့တုန်းဟ ငါ့လည်း ခေါ်ပါဦးဟ " လွင်စိုးက " ဘုရားပွဲသွားမှာ " ကိုမင်းကလည်း "ငါလည်း လိုက်မယ်ကွာ မင်းတို့ ၂ ယောက်ထဲဆို" လွင်စိုး နဲ့ သာမိုးက တယောက်နဲ့ တယောက်မျက်စာ ပြစ်ပြီး သာမိုးက "လိုက်လို့မရဘူးဗျ နန်းဝင်းပါပါမှာ" ကိုမင်းကြီးက ဒေါသ သံကြီးနဲ့ "မင်းတို့ကျရင်ဒီတိုင်းကြည့်ပဲ သွားစရာရှိရင်ဘယ်တော့မှမခေါ်ဘူး " ဒေါသဖြစ်နေတုံးသာမိုး နဲ့ လွင်စိုးက နန်းဝင်း ကိုခေါ်ဖို့ထွက်သွားတာပေါ့ နန်းဝင်းက ဆိုင်ကယ်နောက်ဆုံးကထိုင် လွင်စိုးက အလည်က သာမိုးက ရှေ့က မောင်းပြီး ရွအထွက်မှာ လွင်စိုးက "ဟေ့ကောင်တွေ ငါတောီ့ရွာဝင်လမ်းကို ပြန်မလာချင်ဘူးကွာ လမ်းကဆိုးလိုက်တာ" သာမိုးကလည်း "ဟုတ်တယ် ငါလည်းသွာချင်ဘူး ဒီလမ်းကို အပြန်တောင် မလာချင်ဘူးကွာ" နန်းဝင်းကတော့" မွေးကတည်က လာတဲ့လမ်း ငါကတော့ သွားလိုက် ပြန် လိုက် လုပ်နေမှာပဲ မင်းတို့ မပြန်ချင်တဲ့လမ်း ငါကတော့ ပြန် နေရဦးမှာပဲ" ဆိုပြီး သုံးယောက်သား ဆိုင်ကယ်တစီး နဲ့ ဘုရားကြီး ပွဲ ကို မောင်းသွာတာပေါ့  ရွာရဲ့ လမ်းလေးကလည်း အမှောင်ထုအောက်မှာ ကိုယောင်ပျောက်သွားလေရဲ့
*ဘုရားပွဲည အချိန်က မနက်၂နာရီ တိတ်ဆိတ် ငြိမ်သက်နေတဲ့ ရွာလေးထဲ ကို ဆိုင်ကယ် တစ်စင်း အသံက ဖြိုခွဲ လိုက်တော့ သည် ကိုလွင်ဆိုး တို့ အဒေါ် အိမ်မှ မောင်နှမ နှစ်ယောက် ဖြစ်တဲ့ မဖြူနဲ့ ကိုမိုးသူ တို့ နှစ်ယောက်က သူတို့ အမေ ဒေါ်လှကြည် အား ဘုရား ပွဲ အကြောင်းပြော ရင်း ကိုမိုးသူက "အမေ့ ဘုရားကြီး လမ်းမှာ လူနှစ်ယောက် ဆိုင်ကယ်တိုက်ထားတာ ခေါင်းတွေပြား နေတာ ဦးနှောက်တွေလည်း ထွက်လို့ပါအမေရာ ကြောက်စရာကြီး ကျနော်တို့ သေခြာမကြည့်ရဲလို့ ပြန်လာတာ"
မဖြူကလည်း "ဟုတ်တယ်အမေ ရယ် ဘယ်လိုမှ အသက်ရှင်မှာ မဟုတ်ပါဘူး သနာပါတယ် နောက်က ကောင်လေးက ရှေ့ကမောင်းတဲ့ ကောင်လေးကို ဖက်ထားတာ ကားဘီးနဲ့ နင်းမိတယ် ထင်ပါတယ် "စိတ်မကောင်းတဲ့ လေသံနဲ့ မဖြူ ပြောနေတာကို ဒေါ်လှကြည်မှ နားထောင် နေတဲ့ အချိန် ဆိုင်ကယ် နောက်တစီး ထပ်ဝင်လာတယ် ဒေါ်လှကြည်က "သမီး လွင်စိုးတို့လားမသိဘူး ငါတူတွေလည်း အဲ့ပွဲသွားတာ တင်းဝါး ဝယ်ခဲ့မယ်ပြောတယ် ပါလားကြည့်လိုက်စမ်းပါဦး" မဖြူ သွားကြည့်တော့ ဒေါ်လှကြည်ထင်သလို လွင်းစိုးတို့မဟုတ် ရွာလည်ပိုင်းက ထွန်းသက် နဲ့ ဇော်ဇော် ဖြစ်နေတယ် သူတို့ကလည်း ဒေါ်လှကြည်တူတွေ ပါပဲ ရောက်ရောက်ချင်းပဲ ဇော်ဇော်က မဖြူအား "နင်တို့ ဘုရားပွဲ သွားသေးလား "ဟုမေးတော့ မဖြူက "သွားတယ်လေ လမ်းမှာတောင် ဆိုင်ကယ် တိုက်တာတွေ့သေးတယ် "ပြောရင်ပဲ ကိုဇော်ဇော်က "အဲ့ ဘယ်သူတွေ လဲသိလား"မေးတော့မိုးသူက "ဘယ်လို လုပ် သိမှာ လည်းဗျ ခေါင်းတွေပြားနေတာကို" ထွန်းသက်က ဝင်၍ "အဲ့ဒါ လွင်စိုး နဲ့ သာမိုး တို့ပဲ" ပြောလိုက်ရာ ဒေါ်လှကြည်က ဒေါသ သံဖြင့်" ဟဲ့ကောင်လေး မပြောကောင်းတာ မပြောနဲ့ "ဆိုတော့ ဇော်ဇော်က "ဟုတ်တယ်ဒေါ် လေး လွင်စိုး နဲ့ သာမိုး နန်းဝင်း က လမ်းဘေး မြေစာပုံပေါ် ကျလို့ ဘာမှမဖြစ်ဘူး ကျနော် တို့ကို ပြေလာခေါ်တာ"အဲ့လို စကားမဆုံး သေး ဒေါ်လှကြည် ကျယ်လောင်စွာ ငိုတော့ အိပ်နေတဲ့ ဦးအောင် နိုးလာပြီး အကြိုးအကြောင်း သိတော့ လိုက်သွား ဖို့ ပြင်ဆင်နေတဲ့ အချိန် လွင်စိုး တို့ မိသားစု ရောက်လာတယ် လွင်စိုး အဖေ ဦးကြည်မောင် ရယ် အမေ ဒေါ်တင်မြင့် ရယ် လွင်စိုး ညီတွေ ဖြစ်တယ် နိုင်မင်း ရယ် ထက်ကိုရယ် ရောက် လာတယ် ထွန်းသက်ကတော့ အရှေ့ပိုင်းက သာမိုး တို့ အိမ်ကို သတင်းသွား ပေးတယ်
ဦးအောင်က သာမိုး အမေကို သတင်းပေးရင် မြင်တဲ့ အတိုင်းမပြောဖို့ မှာတယ် သူတို့ကိုယ်တိုင်လဲ ဒေါ်တင်မြင့် ကို အကုန်မပြောပြဘူး သာမန် ပုံစံ ပဲပြောထားတာ ပေါ့ အရေးထဲ နိုင်မင်း တို့ ညီအကို နှစ်ယောက် ကလည်း ပြောလိုက်တဲ့ စကားက "အမေ့ သူတို့ လျှောက်ပြောနေတာ အကိုကြီးက အိမ်မှာ ရှိတာ ကို သားတို့ နှစ်ယောက်ကြားထဲ လာအိပ်နေတာလေ " လို့ နိုင်မင်းကပြောတော့ ထက်ကို ကလည်း "ဟုတ်တယ် အမေ့ သားတိုး အိပ်ရေးပျက်မှာ ဆိုးလို့ အကိုကြီးက တိုးတိုးလေး လာအိပ်နေတာ ဒီကို လာတော့တောင် အိပ်ကျန်နေခဲ့တယ် အမေတို့က ဖယောင်းတိုင် မထွန်းပဲ တန်ဆင်းလာတော့ ဘယ်လို့ မြင်မလဲ " ထက်ကို စကားမဆုံးသေးခင်ပဲ ဦးကြည်မောင် ဦးအောင် ဆီက ဓတ်မီး ငှား ပြီး အိမ်သို့ပြေးကာအိမ်ပေါ ကို တက်ပြီး သူတို့ ညီအကို သုံးယောက် အိပ်တဲ့ ခြင်ထောင် ကို ဓတ်မီး နဲ့ထိုးကြည်တော့ ဘာမှ မတွေ့ဘူး ဒါပေမဲ့ ခြင်ထောင်လေး လှုပ်နေတာတော့ ဦး ကြည်မောင် တွေ့ လိုက်တယ် ခေါင်းငိုက်စိုက်နဲ့ ဦးကြည်မောင် ပြန်လာတာကို ဒေါ်တင်မြင့် က "သားကြီး ရှိလား တွေ့လာ" လို့ အလောတကြီး မေးတော့ ဦးကြည်မောင်က "ဘာမှမရှိပါဘူးကွာ " ဒေါ်တင်မြင့်က ကိုကြည်မောင် ဆေးခန်းလေး ဆေးရုံ ပြရမယ်ထင်တယ် အထုပ်လေး ဘာလေး ပြင်ထားဦး" စကား ဆုံးက ရှိသေး အလိုက်မသိတဲ့ မိုးသူက "ဒေါ်လေး ဘာမှ ပြမနေနဲ့ သူတို့သေနေပြီး ဦးနှောက်တွေ ထွက်နေပါတယ် ဆို ဘယ်လိုလုပ်ရှင်တော့မှာလဲ" တားချိန်မရလိုက် စကားမဆုံး ခင် ဝိုင်းငိုတော့တာပါပဲ တကယ့် စိတ်မကောင်းစရာပါပဲ သာမိုး အမေနဲ့ ညီမလေး ကလည်း ဦးအောင်တို့ အိမ်ရောက်ကာ ရှိသေး ရွာအရှေ့ ပိုင်းက ခွေး တွေ အူလိုက်တာ ဆူးညံ လို့ပေါ့ သာမိုး ညီမလေး က ခွေးသံတွေ နားထောင်ပြီး "အကိုကြီး အိမ်ရောက်နေလောက်ပြီ အမေ အစောက အကိုထွန်းသက် သမီးတို့ကို လာမခေါ်ခင် အကိုးကြီးလာသေးတယ် တခါးမဖွင့်ပေးလို့ စိတ်ဆိုးသွားတာ ထင်တယ် ဆိုင်ကယ် ကိုတွန်းပြီး အိမ်းအောက်သွင်းတာ မကြားဘူးလား အမေ့ ခွေးတွေ တအားဟောင်လို့ အမေတခါးမဖွင့် ပေးလို့ ကိုကြီး စိတ်ဆိုးနေတာထင်တယ် " ကလေးမလေး စကားပြောနေဆဲ မှာ ပင် သာမိုး တို့ အိမ်လောက်က ခွေးတွေ ဆူးဆူးဝါးဝါး အူနေတာ ကြားရတယ် ဦးအောင်တို့ ဦးကြည်မောင်တို့ လည်းခေါ် သင့်တဲ့ သူခေါ်ပြီး အခင်ဖြစ်တဲ့ နေရာ ကို သွာတော့တာပါပဲ လွင်စိုးတို့ မိသာစု ရယ် သာမိုး ညီမလေး နဲ့ သာမိုး အမေ ဒေါ် တင်မုန်း နဲ့ တခြားသူတွေကတော့ ဦးအောင်တို့ အိမ်မယ် အတွေး ကိုယ်စီနဲ့ ငြိမ်သက်နေတယ် ရွာ ထဲက ခွေးတွေကလည်း ဟိုး နား ဆူးဆူးဝါးဝါး အူလိုက် ဒီနား အူလိုက်နဲ့ တရွာ လုံး ဟိုးနား အူ ဒီနား အူ ဖြစ်နေတော့တာပါပဲ။ ။
* မနက်ခင်းသို့ ရောက်ရိလာပါပြီး မနက် ခင်းအလင်ရောင် အနဲ့ တူကြားရတဲ့သတင်းစကားက စိတ်မချမ်း သာစရာပါပဲ လွင်စိုး နဲ့ သာမိုး ကတော့ နေရာ တင် ဆုံးသွား ပြီး နန်းဝင်း ကိုတော့ ရဲတွေ စစ်နေတယ် တဲ့ နန်းဝင်း ပြော စကားအရ လမ်းဆုံမှ ကားကကွေ့ ပြီးတိုက်မိတာ နန်းဝင်က နောက်ကို လွင့်သွား ပေမဲ့ လွင်စိုးနဲ့ သာမိုးကတော့ ရှေကားဘီး နဲ့ ကျိတ်မိတာတဲ့ နန်းဝင်းက ကားနောက်ပြေးလိုက်ပါသေးတယ် မမှီ တော့လို့ လွင်စိုး ကို ထတော့ ဟေ့ကောင် တွေ လို့ ပွေ့လိုက်တဲ့ အချိန်မှာ ရုပ်ပျက်နေတဲ့ မျက်နှာကို တွေ့ပြီး ပွဲခင်း ကိုပြေးပြီး ကို ဇော်ဇော်တို့ကို ရှာခဲ့တာပါ
အခု နန်းဝင်း ငေးကြောင်ကြောင်ဖြစ်နေ၍ ဆရာဝန် နဲ့ပြနေရပါတယ် လွင်စိုး နဲ့ သာမိုး အလောင်းတွေ ကို ရင်ခွဲရုံမှာ့  ပြင်ဆင်ပေးနေတဲ့ အကြောင်း သတင်းကြားရပါတယ်
**ရွာရဲ့ သချိင်္ုင်း ရှေ့ မှာ လူတွေ စင်လေး တခု ထိုးထားတယ် ဘေးမှာ လည်း အခေါင်း လေးနှစ်ခု စင်လေးရဲ့ ဘေးတဖက် တချက်စီမှာ နေရာယူထားတယ်
တချို့ ရွာသားတွေက မြေကျင်း နှစ်ကျင်း တူးနေတယ် ပြီးလုနေပါပြီ အဲ့ဒီနမိတ် မရှိတဲ့ နေရာလေး မှာ တရွာလုံး နီးပါ စိတ်မကောင်းတဲ့ မျက်နှာ တွေနဲ့ တစုံတခု ကို စောင်နေပါတယ် သူတို့တွေ မျှော်နေတဲ့ အရာက လာပါပြီ ကြမ်းတမ်းတဲ့ လမ်းလေးမှာ ကားလေး တစီး ခက်ခဲ စွာ မောင်းလာပြီး ရပ်တန့် လိုက်ပါတယ် ကားထဲမှ စောင်လိပ်လေးနဲ့ ပက်ထားတဲ့ ရွာရဲ့ ပထမ ဆုံးသော ယဉ်တိုက်မှု့နဲ့ သေဆုံးသွားတဲ့ လွင်စိုး နဲ့ သာ မိုး တို့ရဲ့ ရုပ်အလောင်းတွေကို ရွာသားတွေ အစင်သင့်ထိုးထား တဲ့ စင်လေးပေါ် တင်လိုက်နေတော့သည် သူတို့ကို စောင် လိပ် တွေ ဖြည်လိုက်တဲ့ဆို ရင်ပဲ မနည်း ဖောင်းထားတဲ့ သူတို့မျက်နှာ မှာ သနပ်ခါ အဖွေးသား နဲ့ ပေါ့
ကွေးကောက် နေတဲ့သူတို့ ခြေတွေ လက်တွေကို ခေါင်းထဲ ထည့်လို့ ရအောင် တုပ်နှောင်ထားတဲ့ ကြိုး တွေကအများသား ပါလား သူတို့ ဆွေ မျိုးသားချင်တွေကတော့ ငိုလိုက်ကျတာ တကယ့် စိတ်မကောင်းစရာပါဗျာ လွင်စိုး ညီတွေ ကတော့ သူအကို အဝတ်စားတွေကို သူ့အကို အလောင်း ဘေးမှာ ပုံ ပြီး ငိုးလိုက်ကြတာဗျာ သာမိုး အမေက သတိလစ်သွားလို့ တချို့ ရွာသားတွေ အိမ်လိုက်ပို့လိုက်ရတယ်ဗျာ သာမိုး ညီမလေးက အံကို တင်းတင်းကြိတ်ထားလို့ နုတ်ခမ်း မှာ သွေလေးတွေ ထွက်လာလို့ မနည်း ငိုချခိုင်နေရ တယ်
ရွာဦး ဘုန်းကြီး ကြွလာတော့ သရဂုံတင် ပြီး ကိုလွင်စိုး နဲ့ ကိုသာမိုး ကို ဒီရွာသားတွေ ဘယ်တော့မှ မမြင်နိုင်တော့တဲ့ နေရာကို ကောင်းမွန်စွာ ပို့ ဆောင် ပေးလိုက်ကြပါတယ် နေလုံးကြီး ကလည်းဝင်သွားပြီမို့ အားလုံး စိတ်မကောင်းကြီးစွာ နဲ့ အိမ် ပြန် နေတဲ့ အချိန်မှာ လူနှစ်ယောက် လက်ပြနေတာကို ရွာဦး ဘုန်းတော် ကြီးကလွဲပြီး ဘယ်သူမှမမြင် လိုက်ကျပါဘူး။ ။
*အမှောင်ထုကပိုင်ဆိုးလို့ ညသို့ရောက်ပါပြီ တရွာလုံး တိတ်ဆိပ်နေတဲ့ အချိန် မှာ ဆွဲဆွဲငင်ငင် အော်တဲ့ ခွေးတွေက ရွာလမ်း မကို ကြည့်ပြီး အူနေတယ် သံခေါင်ကျော် အချိန်ဆို ဆိုင်ကယ် သံက ရွာလမ်းတလျှောက် ကြားနေရတယ် ခွေးတွေက လမ်းကို ကြည့် အူနေကြတယ် ကိုနန်းဝင်း အိမ်မှာ ခွေးတွေ တအားဟောင်နေတယ် ကိုနန်းဝင် သူမိသားစု တွေ ကို မအိပ်ခိုင်းဘူး သူ့ဘေးမှာ ပဲ ရှိနေခိုင်းတယ် နန်းဝင်း နန်းဝင်း လာခဲ့ပါကွာ နဲ့ သူအိမ်အရှေ့ကျခေါ်သံတွေ ကိုနန်းဝင်း ကြားနေရတယ် အိမ်တိုင်း လိုလို ခြံစည်းရိုးကို ရိုက်နေတဲ့ အသံတွေ ကြားနေရတယ် အဲ့ည ကတော့ လူတွေ မလှုပ် ရဲပါဘူး ဗျာ သရဲ မကြောက်တဲ့ ရွာလည် ကတာတေ လည်း သံခေါင်ကျော် ကြောင်ထောင်ထားတာ သွားကြည့် တာ သူ့အရင် လူတစ်ယောက် ရောက်နေလို့ စိတ်တိုပြီး အဲ့လူဆီ သွားတုန်း အဲ့ လူက သူဖက် လှည့်ပြီး လက်ယက်ခေါ်နေတယ် မျက်နှာ တခြမ်းက အောက်ကို ကျနေတယ်တဲ့ အခုထိ ဆေးဆရာ နဲ့ ကုယူနေရတယ် ကိုနန်းဝင်းက တော့ မိုးလင်းလင်း ချင်း ကိုရင် ဝတ်တော့တာပါပဲ
အဲ့ တညပါပဲ နောက်နေ့ ညတွေ ဘာမှ မဖြစ်တော့ပါဘူး
သူတို့အတွက် ဆွမ်းသွပ် လေး လုပ်ပေးလိုက်တယ် သူတို့မိသာစုတွေက ရွာထဲ မှာတော့ ဘာမှ မဖြစ်တော့ပါဘူး ဒါပေမဲ့ ရွာ အဝင်မှာတော့ တခါတယံ ဆိုင်ကယ် သံ တော့ကြားနေရသေးပါတယ်
ကိုလွင်စိုးနဲ့ ကိုသာမိုးရေ
နောင်ဘဝဆိုတာ ရှိခဲ့ရင် ဒီလို အဖြစ်မျိုးမဖြစ်ပါစေနဲ့လို့ တစ်ရွာလုံး ဆုတောင်းပေနေမယ် ဆိုတာ ယုံကြည်ပါတယ်
ကိုလွင်စိုး မရှိတော့ နေခင် ရွာမှာ ခွေးမဟောင်တော့ပါဘူး
ညမှာဆိုရင် ရွာအဝင် လမ်းလေးမှာ ခွေးတွေ ဟောင်နေဆဲပါ
ပြီးပါပြီး ကျေးဇူးတင်ပါတယ်
တင်စိုင်းမင်းဝင်း(ရွှေကြာပင်)
No comments:
Post a Comment