Sunday, May 5, 2019
မိုင်တိုင် ၂၆ မှာ ခြောက်တဲ့ သားအမိ သရဲ
ကျွန်တော်က လားရှိုးသားဆိုတော့ လားရှိုးသားတွေ ထုံးစံအတိုင်း ဆိုင်ကယ် ကယ်ရီ စီးဖူးတာပေါ့..။ တရုတ်ပြည် ရွှေလီ၊ ကြယ်ခေါင်ထဲက တရုတ်ဆိုင်ကယ်တွေကို မြန်မာနိုင်ငံထဲကို တရားမ၀င်တဲ့ နည်းလမ်းနဲ့ စီးကြတာပေါ့ဗျာ…၊ မြန်မာနိုင်ငံထဲကို ကျွန်တော်တို့ လားရှိုးမြို့ကနေ ဖြတ်ပြီး တစ်နိုင်ငံလုံးကို ဖြန့်တယ်..။ ဆိုင်ကယ် ကယ်ရီ မစီးဖူးရင် လားရှိုးသား မစစ်ဘူးလို့တောင် ဆိုရမလားပဲ..။ တစ်ချို့က ကျတော့ ငွေရဖို့အတွက်စီးတယ်..။ တစ်ချို့က သူငယ်ချင်းအပေါင်းအပေါ်နဲ့ အပျော်အဖြစ် စီးကြတယ်..။ ကျွန်တော် တစ်ခါက တရုတ်ပြည်နယ်စပ်ကို လိုက်လည်ချင်တာနဲ့ပဲ ဆိုင်ကယ် ကယ်ရီ စီးဖြစ်ခဲ့တယ်..။ 
မနက် ၈း၀၀ နာရီလောက် သူငယ်ချင်း ၈ ယောက် ဗင်ကားတစ်စီးထဲမှာ လူကြပ်ညပ်သပ်စွာစီးပြီး မူဆယ်ကို ဆင်းခဲ့တယ်..။ ပြီးတော့ နယ်စပ်ဂိတ်မှာ ၀င်ခွင့်ကဒ်လုပ်ရတယ်..။ ၀င်နေကျလူတွေကတော့ လုပ်စရာမလိုပါဘူး..။ ကျွန်တော်က အခုမှ လိုက်လို့သာ လုပ်ရတာ..။ သိပ်မပေးရပါဘူး..။ မြန်မာငွေ တစ်ထောင့်ငါးရာလား နှစ်ထောင်လားပဲ..။ ပြီးတော့ တရုတ်နိုင်ငံရွှေလီထဲမှာ ရှိတဲ့ ဆိုင်ကယ် ကုမ္ပဏီမှာ သယ်မယ့် ဆိုင်ကယ်တွေယူပြီး သူငယ်ချင်းတွေ ဟိုတယ်မှာ အိပ်ကြတယ်..။ သူငယ်ချင်း ရှစ်ယောက်လုံး တစ်ခန်းထဲယူတယ်.. ခုတင်ဆက်ပြီး အိပ်ကြတာ..။ တရုတ် ဟိုတယ်တွေက လည်တယ်..။ ဘယ်နှစ်ယောက် အိပ်အိပ် တစ်ခန်းဈေးပဲ ယူတယ်..။ တစ်ယောက်ချင်းဆီ တွက်ကြည့်လိုက်ရင် သိပ်မကျဘူး..။ နှစ်ထောင်လားပဲ..။ အဲ့ဒီတော့ တစ်ညလုံး ဟိုလည် ဒီလည်နဲ့ ၀ယ်ချင်တာတွေ ၀ယ်ပြီး ညနက်မှ ဟိုတယ်ပြန်အိပ် မနက်စောစော ၅း၀၀ နာရီလောက် ထပြီး လားရှိုးကို ဆိုင်ကယ် တစ်ယောက် တစ်စီး စီးပြီးတော့ ပြန်ကြတယ်..။ 
အတိုချုံး ပြောရရင် ဟိုကွေ့ ဒီကျော် ဟိုပေးဒီပေးနဲ့ လားရှိုးကို ညနေ ၃း၀၀ နာရီလောက် ပြန်ဝင်လာတယ်..။ အမှန်ဆို ဒီလောက် မကြာဘူး..။ မိုးတွင်းဆိုတော့ ကွင်းလမ်းတွေက လမ်းချော်နေတာမို့လို့ ဒီလောက်ကြာသွားတာ… လားရှိုး ရောက်ပြီး ဆိုင်ကယ်အပ်မယ်ဆိုမှ ပြသနာတက်တယ်..။ ငွေထုတ်ပေးမယ့် ပိုင်ရှင်က မန်းလေးဆင်းသွားပြီတဲ့.. မန်းလေးကို လိုက်ခဲ့ပါတဲ့… မန်းလေးထိ စီးစရိတ်ပိုပေးပါ့မယ် ပြောတယ်…။ ကျွန်တော်က မလိုက်ချင်တော့ဘူး.. လူလည်း ပင်ပန်းနေပြီ.. ဒါပေမယ့် ကျွန်တော်မလိုက်ရင်လည်း ဒီဆိုင်ကယ်ကို ဘယ်သူက မောင်းသွားမှာလဲ…။ သူငယ်ချင်းတွေကလည်း ဆက်စီးပေးဖို့ ၀ိုင်းပြောကြတယ်..။ ပြီးတော့ အဲ့ဒီအချိန်က မန်းလေးမှာ စွယ်တော် အပူဇော်ခံနေတဲ့အချိန်…. ဒါဆိုလည်း မန်းလေးကို စွယ်တော်ဖူးရင်း လိုက်သွားလိုက်အုံးမယ်လို့တွေးပြီး သူငယ်ချင်း ၈ ယောက် ည ၁၀း၀၀ နာရီလောက်မှာ မန်းလေး ဆက်ဆင်းကြတယ်…။ ဇာတ်လမ်းက အဲ့ဒီမှာ စတာပဲ…။ 
ဆိုင်ကယ် ကယ်ရီ စီးပုံက သမ္ဘာရင့် ၀ါရင့် ဆရာကြီး နှစ်ယောက်ကို ရှေ့ပိတ်နဲ့ နောက်ပိတ်ထားပြီး စီးကြတယ်..။ ရှေ့က လမ်းရှင်း မရှင်း ကြည့်ပြီး နောက်ဆုံးက ဆိုင်ကယ် ပျက်တာတို့ ဘီးပေါက်တာတို့ကို လုပ်ပေးတယ်.. ကျွန်တော်တို့က အလယ်ကပေါ့..။ ကျွန်တော်ကတော့ နောက်ဆုံး ဆိုင်ကယ်နဲ့ ကပ်လျက်မှာ စီးတယ်..။ 
ဒီလိုနဲ့ စီးလာလိုက်တာ မြို့တွေ တစ်မြို့ပြီး တစ်မြို့ ကျော်လာလိုက်တာ ဘယ်နေရာ ရောက်နေမှန်းတောင် မသိဘူး..။ လမ်းတစ်လျှောက်လုံး မှောင်မဲနေပြီး ရှေ့မှာ ဆိုင်ကယ်မီးကလွဲလို့ ဘာမှ မမြင်ရဘူး..။ ဆိုင်ကယ်တွေကလည်း မောင်းလာတာ အရှိန်ရတာနဲ့ မြန်လာလိုက်တာ တစ်စီးနဲ့ တစ်စီး တော်တော်လေး ကွာလာကြတယ်..။ ကျွန်တော်က ဒီလမ်းကို အခုမှ စမောင်းဖူးတာ ဆိုတော့ သိပ်မစီးရဲ ဘူး.. ဖြေးဖြေးမြန်မြန်ပဲ နောက်ဆုံး ဘိတ်အစီးနဲ့ မကွာအောင် မောင်းနေလိုက်တယ်..။ ခဏကြာတော့ ကျွန်တော့် နောက်က နောက်ပိတ် ဆိုင်ကယ် ရပ်သွားတာကို နောက်ကြည့်မှန်ထဲကနေ မြင်လိုက်ရတယ်..။ ကျွန်တော် ချက်ချင်း နောက်လှည့်ပြီး သူ့ဆီကို သွားလိုက်တယ်.. တစ်လမ်းလုံး မှောင်မဲ နေပြီး ကျွန်တော်တို့ နှစ်စီးထဲ … မှတ်မှတ်ရရ အချိန်က ည ၁း၁၅ မိနစ် တိတိ…။ 
"ဟရောင်…၊ ဘာဖြစ်တာလဲ…" 
"မသိဘူးကွ…၊ ဆိုင်ကယ် ထိုးရပ်သွားလို့…." 
"ဆီပြတ်တာလား.." 
"မဟုတ်ဘူးကွာ.. ငါရှာကြည့်တာတော့ ဆိုင်ကယ်ဘာမှ မဖြစ်ဘူး.. ပလပ် လစ်သွားတာလား မသိဘူး..၊ ဒါဆိုရင်တော့ သွားပီ.. ဟိုကောင်တွေရော…" 
"သွားတာ မှုန်နေတာပဲ… မြင်တောင်မမြင်တော့ဘူး…" 
"ဒုက္ခပဲကွာ.. ဖုန်းလိုင်းက မရနဲ့… ဒီနေရာမှာမှ လာဖြစ်ရတယ်လို့…" 
"အမ်.. ဒီနေရာက… ဘာဖြစ်လို့လဲ…" 
"ဟာ… ဟိုမှာ မိုင်တိုင် ၂၆ ကြီး မင်းမမြင်ဘူးလား…" 
"အောင်မလေးဗျ…." 
ကျွန်တော် တစ်ကယ်ကိုလန့်သွားခဲ့သည်။ လမ်းဘေးမိုင်တိုင် အမှတ်က ၂၆ တဲ့..၊ ဘေးမှာက စေတီ တစ်ဆူတောင် ရှိသေး…၊ ပြင်ဦးလွင်က နာမည်ကြီး မိုင်တိုင်အမှတ် ၂၆ပေါ့..၊ တစ်လောက ရုပ်ရှင်ရိုက်ဖို့ ကန်တော့ပွဲ လုပ်တော့တောင် ၀င်ပူးတယ်ဆိုပဲ…. ပြီးတော့ အဲ့ဒီ အမျိုးသမီးနဲ့ ကလေးက သူတို့ကိုသတ်ပြီး ပိုက်ဆံယူသွားတဲ့ ယောက်ျားလေး နှစ်ယောက်ကို အခုချိန်ထိ ဒီနေရာကနေ စောင့်နေတယ်လို့ကြားဖူးတယ်… တွေးရင်း ကျွန်တော့် တစ်ကိုယ်လုံး ကြက်သီးမွေးသီးတွေ အလိပ်လိုက် ထလာတယ်..။ 
"ဟရောင်… ငါကြောက်တယ်ကွာ… ငါတို့ ဘာလုပ်ကြမလဲ အခု…" 
"ဘာလုပ်ရမလဲကွ.. ဆိုင်ကယ်ကို ဆွဲရမှာပေါ့..၊ မင်းနောက်ကနေစီး..၊ ငါရှေ့ကနေ ဆိုင်ကယ်နဲ့ဆွဲမယ်…" 
"ဟာ… ငါနောက်ကနေ မစီးရဲဘူး…" 
"ဒါဆိုမင်းရှေ့က ဆွဲတတ်လို့လား.." 
"ဟာ.. ငါမှ မဆွဲဘူးတာ…" 
"ဘာမှမဖြစ်ပါဘူးကွာ.. ဒီနေရာက နာမည်သာကြီးတာ.. ငါတို့ ဖြတ်သွားဖြတ်လာ လုပ်လာတာ နှစ်ချီနေပြီ.. တစ်ခါမှ အခြောက်မခံရဖူးဘူး… စိတ်ကိုသာ တစ်ခြားနေရာပို့ထား.." 
ကျွန်တော်လည်း ဘာမှမတတ်နိုင်တော့…. ဒီကောင်က ကြိုးနဲ့ သူ့ဆိုင်ကယ်ခေါင်းကို ကုန်းချီလိုက်သည်။ သူခါးကုန်းလိုက်တော့ သူ့နောက် မလှမ်းမကမ်းမှာ ရပ်နေတဲ့ သားအမိ နှစ်ယောက်ကို ကျွန်တော် ရုတ်တရက် မြင်လိုက်ရတယ်…။ 
"အား….၊ အောင်မလေးဗျ..… သရဲ…." 
"ဟရောင်…ဘာဖြစ်နေတာလဲ….." 
"မင်း .....မင်း.... နောက်မှာ…မင်းနောက်မှာ…." 
ကျွန်တော့် သူငယ်ချင်းနောက်လှည့်ကြည့်လိုက်သည်။ ဘာမှ မရှိတော့… 
"ဟရောင်.. မင်း စိတ်ကို တစ်ခြားနေရာပို့ထား…၊ ဘာသရဲမှ မရှိဘူး..၊ မင်းစိတ်က မင်းကို ပြန်ခြောက်နေတာ.." 
ဒီသားအမိကို ကျွန်တော် တွေ့လိုက်ရတာတော့ သေချာကျွန်တော်သိသည်။ ကျွန်တော်လည်း ဘာမှမတွေးတော့ပဲ သူ ဆိုင်ကယ် ခေါင်းကို ကြိုးချည်နေတာကို သေချာငုံ့ကြည့်နေလိုက်သည်။ 
"ကဲ..ပြီးပြီ…၊ မင်းဒီဆိုင်ကယ်ကို ခေါင်းထိန်းပြီး လိုက်ခဲ့ပေတော့..၊ ငါရှေ့ကနေ ဆွဲမယ်.." ပြောပြောဆိုဆို နဲ့ သူ ထပြီး ကျွန်တော့်ဖက်ကို လှည့်ကြည်လိုက်သည်။ 
"အောင်မလေးဗျ…." ကျွန်တော့်မျက်နှာကို မျက်လုံးပြူး မျက်ဆံပြူးကြည့်ပြီး အသားကုန် ကုန်းအော်တော့တယ်..။ 
"ဟရောင်… ဘာဖြစ်တာလဲ… ငါ…ငါ့ကို လန့်အောင် မလုပ်နဲ့နော်…" 
"အား…. မလာနဲ့…. ငါနား မလာနဲ့….. အမလေး…သရဲ….သရဲ…." ကျွန်တော့် သူငယ်ချင်း အော်ရင်းနဲ့ ဘောင်းဘီထဲက သေးတောင် ထွက်ကျလာသည်။ 
ကျွန်တော် နောက်လှည့်ကြည့်သည်။ ဘာမှမတွေ့..။ ဒါဆို ဒီကောင် ဘာကိုကြည့်ပြီး ကြောက်နေတာလဲ..။ 
"ဟရောင် ဘာဖြစ်တာလဲလို့…. မင်းပဲ သရဲ မခြောက်ဘူးဆို…ငါ့ကို မစနဲ့တော့…" 
"မလာနဲ့…. မလာနဲ့….အမေရေ…. ဂစ်…ဂစ်…ဂစ်…." ကျွန်တော့်ကို မျက်လုံးပြူး မျက်ဆံပြူးကြည့်ရင်း တက်ပါ တက်သွားသည်။ ဟာ… ဒါဆိုရင်တော့ ဒီကောင် စတာ မဟုတ်တော့ဘူး.. ငါ့မျက်နှာကို ဘာလို့ ဒီလောက်တောင် ကြောက်နေရတာလဲ..။ ကျွန်တော် ဆိုင်ကယ်ဘက်မှန်လေးကိုင်ပြီး ကျွန်တော့် မျက်နှာကို ကြည့်လိုက်သည်။ ကျွန်တော် တွေ့လိုက်ရတာက… 
ဖြူဖတ်ဖြူရော်နဲ့ နဖူးမှာသွေးတွေ ပေနေတဲ့ ရုပ်ဆိုးဆိုး မိန်းမကြီးတစ်ဦး မျက်နှာ….. သူ့မျက်နှာတွေကတော့ ဒဏ်ရာ ပလတွေနဲ့ ဒါပေမယ့် သူမရဲ့ နှုတ်ခမ်းတွေကတော့ ပြုံးလို့…….။ 
နောက်နေ့ ကျွန်တော် သတိရလာတော့… ကားတစ်စင်းပေါ်မှာ…၊ လမ်းပေါ်မှာ လဲကျနေလို့ တွေ့တဲ့ ကားက ခေါ်တင်လာတာတဲ့..။ ဒီဖြစ်ရပ်တွေကို ကျွန်တော်တို့ ပြန်ပြောပြတော့ ယုံတဲ့သူတွေ ရှိသလို မယုံတဲ့သူတွေ လည်းရှိသည်။ ကျွန်တော်နှင့် သူငယ်ချင်းကတော့ နောက်ခါ ဆိုင်ကယ် ကယ်ရီဆိုရင် အဖြေက တစ်သံတည်း ပဲ ထွက်လာတော့သည်။ 
"ဟင့်အင်း…."
Credit:  ဖိုးသူတော်(www.phothutaw.com)
Credit: အောင်ထွန်းဦး
အခံကြမ်း တဲ့ အမြန်လမ်း
နှစ်ယောက်ထဲမို့ နာမည်ကြီးလွန်းတဲ့ အမြန်လမ်းမှာညဖက်မောင်းဖို့ စိတ်မကူးရဲခဲ့ ဘူး။
မနက်ဝေလီဝေလင်းထထွက်လာတာလှည်းကူးကွန်ကရစ်လမ်းပေါ်တက်တော့အလင်းရောင်မြင်ရတာပဲ။ ကားကအသစ်ဟွန်ဒါဖစ်၂၀၁၃
အဒေါ်တယောက်အတွက်သွားယူ
ပေးတာပါ။ညီအကိုနှစ်ယောက်၉၅ဆီသန့် တဲ့ဆိုင်မှာအပြည့်ဖြည့်တူ
အောက်ပိုင်းစစ်လေချိန်တာယာစစ်
ဘရိတ်ဆီဘက္ကထရီဂီယာဝိုင်အင်္ဂျင်ဝိုင်လိုအပ်တာအားလုံးနီးပါးစစ်ဆေးထားတာတောင် ကီလို၁၀၀ကျော်
အောင်မမောင်းဘူး။
သက်တောင့်သက်သာပါပဲ။လင်း
လင်းခြင်းခြင်းရှုခင်းတွေကြည့် လို့ 
မောင်းလာကြတာ။မသက်မသာ
ဖြစ်တာက ကျနော်ပါ။
ခရီးမသွားတာဆယ်စုနှစ်တော်ကြာ
ပြီဆိုတော့ အပေါ့ ခဏ ခဏ သွား
ချင်တယ်။အမြန်လမ်းဆိုတော့ကား
ရပ်စရာနေရာလမ်းကျယ်လေးတွေ့ မှရပ်ရတာလေ။
မိုင်တိုင်၈၀လောက်မှာရပ်ပြီးအပေါ့ အပါးသွားတော့နေ့ ခင်းဖြစ်ပေမဲ့ နာမည်ကြီးလွန်းလို့ တောစောင့်တောင်စောင့်မြေစောင့်တွေစိတ်ထဲကမှန်းအရိုအသေပြုပြီး
သွားရတာပေါ့ ။အများသုံးအိမ်သာလည်းမကြုံ
ကြုံတော့သွားချင်စိတ်ကမရှိနဲ့ မို့လို့ ပါ။
ကိစ္စပြီးလို့ ကားပေါ်တက် စက်ပြန်နိုးထွက်တော့ နိုးတော့နိုးတယ်လီဗာနင်းမရဘူးဗျ
ကားက ဆီထဲရေပါသလားမသိ ဖွတ်ချက်ဖွတ်ချက် နဲ့ မရွေ့ ဘူး။အကုန်စစ်လာတာကို။
နင်းရင်းနင်းရင်းနဲ့ မှစက်သံမှန်လာပြီး မောင်းရတယ်။
အကောင်းဗျ။ စိတ်ထဲ ပန့် တိုင်ကရေပါတဲ့ ဆီနဲ့ တိုးပြီပေါ့ ။
မောင်းရင်းစဉ်းစားမိတာက ဒီကား
တွေကကွန်ဗြူတာဘောက်ပါတယ်
တိုင်ကီထဲ ပန့် တလုံးအပိုပါသေးတယ်။ရေပါရင်အခုလိုလျောလျောရှုရှုမောင်းရပါ့ မလားလို့ ပေါ့ ။ဒါပေမဲ့ ကားကအ
ကောင်းဆိုတော့မေ့မေ့ပျောက်
ပျောက်ပဲဆက်မောင်းလာတယ်။
၁၁၅မိုင်မှာစားသောက်ပြီးပြန်ထွက်လာတော့ ဒီကိစ္စ မေ့တောင်နေပြီ။
သိပ်မကြာခင် ဆန္ဒပြ လို့ တခါ ရပ်ရပြန်တော့ အရင်တခါလိုပဲ ကားစက်က နှိုးရပြီး နင်းမရပြန်ဘူး
ဒီတခါအတော်ကြာတယ်။ စက်ဖုံးတွေဖွင့် ဟိုကြည့် ဒီလှန်။အမှန်ကဘာမှလုပ်လို့ လဲမရ
ခဏနေ တက်မောင်းတော့ အကောင်း။
သိပ်တော့ မသင်္ကချင်တော့။သေချာအောင်နေပြည်တော်ဒီဖက်မှာကြားထဲတခါရပ်
ကြည့် လည်းဒီအတိုင်းပဲဗျ။
ထူးခြားတာက စားသောက်ဆိုင်
ရပ်နားစခန်းတွေကြိုက်သလောက်ရပ် ပြန်နိုး လုံးဝ အကောင်းပဲ အဲ
ကြားလူသူမနီးတဲ့ နေရာရပ်ရင်ဖြစ်တော့ တာပဲ။
နောက်ပိုင်းတော့၃ကြိမ်၎ကြိမ်
လောက်စမ်းပြီး အပေါ့ သွားချင်လဲ
စက်မသတ်တော့ ပဲသွားယူရတယ်
မန်းလေးပြန်ရောက်လို့ ၅ရက်၆ရက်
ရှိပြီတချက်မှမဖောက်ပါ။
အော် အမြန်လမ်းက လမ်းအပြစ်
မောင်းသူအပြစ် ပါမက ပရလောကအမှောင့် များရှိနေမလား လို့ ထပ်တိုးရမဲ့ အပြစ်တခုလားထင်မိပါသည်။ အိုးစူး။
ဆေးရုံထဲမီးလာလာပိတ်တဲ့သရဲ
ကျွန်တော်တော့နေမကောင်းလို့ဆေးရုံ
တက်တဲ့အခန်းကကားမှောက်လို့မနက်ကသေသွားတာတဲ့ညနေကျွန်တော်အာ့အ
ခန်းထဲအရေးပေါ်ရောက်သွားတာဗျာည
ကျတော့မီးတွေမိတ်ပစ်လို့အစကတော့
ကျွန်တော့်အခန်းထဲဘေကာဖြူးစ်ကျတာ
လားဆိုဘဲလ်နှိပ်လူခေါ်လာပိးမီးခလုတ်ကိုလာဖွင့်ပေးတယ်.အခန်းကလည်း I 
C U အရေးပေါ်တယောက်ခန်းပါအခန်း
ကိုရုံးခန်းထဲကနေစိစိတီဗွီနဲ့ကြည့်နေတာ
တဲ့လူနာဘာဖြစ်မဖြစ်ကိုကြည့်တာ.
လူနာစောင့်လည်းပေးမဝင်ဘူးရောဂါပိုး
တွေအပြင်ကနေပါရင်ကျွန်တော့်ကိုကူး
စက်မှာတဲ့ဗျာစကားပြန်ဆရာမနဲ့ပြော
ပြခိုင်းတာသူတို့ထိုင်းစကားနားမလည်
ပါဘူးဗျာ..ဆေးစစ်ရင်စကားပြန်မပါရင်
သူတို့ထိုင်းစကားမတတ်တော့ခွကျတာ
ပေါ့အင်္ဂလိပ်စပိကင်တတ်တဲ့ဆရာဝန်က
နဲတယ်..အခန်းကလည်းမှန်တွေနှစ်ထပ်ကာထားလို့အပြင်လည်းမတွေ့ရဘူး..
ကြောက်စရာကြီးသူတို့ကမကြောက်နဲ့တဲ့
ဟုတ်မှာပေါ့သူတို့ကလူအများကြီးရုံးခန်း
ထဲမှာကျွန်တော့်ကတော့အခန်းထဲတ
ယောက်ထဲနေရတာနှာခေါင်းထဲပိုက်
ထည့်အောက်ဆီဂျင်ကတတ်ထားသေး
လက်နဲ့ခြေထောက်ဆေးတွေချိတ်ထား
သေးတယ်ညဆယ်နာရီထိဆရာဝန်တွေ
အနားမှာရှိသေးတယ်.ဆယ်နာရီကျော်
တော့ရုံးခန်းထဲသွားကျပိ..
ရင်ခေါင်းအောင့်ကျောအောင့်နဲ့နာနေတာ
အသံတောင်မထွက်နိုင်ဘူးဗျာ.
အိပ်ဆေးထိုးပေးတာလည်းမျက်စိကိုပြူး
နေတာဘဲဆေးမတိုးတော့ဘူး..
ခဏလေးမြှေးခဲနဲ့အိပ်ပျော်သွားကုတင်ကို
လာလှုပ်လို့လန့်နိုးတော့အမလေးမီးခ
လုတ်ကိုချောက်ခနဲ့ပိတ်ပစ်တာဗျာ..တခါလည်းမဟုတ်ခနခနလာလာလုပ်နေတာ.
ရသမျှဘုရားစာရွတ်ပဌာန်းတွေရွတ်ရတာ
မိုးကိုလင်းရောဗျာ..
ဘဲလ်လည်းခနခနနှိပ်လူခေါ်ရတာနောက်
တော့သူတို့ကရိုးနေပိတဲ့..ဒီမှာဖြင့်နာတာ
တွေမနာအားဘဲမလှုပ်နိုင်မအော်နိုင်အ
ရေးပေါ်ဘဲလ်တောင်မနိုပ်နိုင်အောင်
ဖြစ်သွားတယ်..
နောက်ဆုံးရှိတဲ့အားနဲ့အော်ငိုလိုက်တော့
တာပေါ့ဗျာ..ဆရာဝန်တွေပြယာခတ်ပိး
လာကျတော့မှကောင်းကောင်းအိပ်ရတော့
တယ်ဗျာ..သူတို့ပြောတော့ပိုက်ဆံယူ
ထားတာသူတို့မှာတာဝန်ရှိတယ်တဲ့
ခုဟာကတယောက်ထဲလိပ်ပြာတောင်
လွင့်တယ်ဗျာ..ကျွန်တော်အရပ်က
5/10လက်မအသက်ကဆယ့်ငါးနှစ်
ရှစ်လဘဲရှိသေးတာသူတို့ကလူကြီးမှတ်
နေလားမသိဘူးဗျာ..
သေတဲ့သူကပိုင်ရှင်မသိ
လို့တဲ့ဗျာ..တိုက်တဲ့ကားပိုင်ရှင်ကတော့
ဆေးရုံပို့ပေးပါတယ်..သေသူကလည်း
မီးမကြိုက်ဘူးနဲ့တူတယ်တညလုံးမီးဘဲ
လာလာမိတ်နေတာဗျာ..
ဆေးရုံထဲအော်ငိုတာသူတို့ရုံးခန်းကကြား
ပြိးပြေးလာတာလေဗျာ..
အနားမှာဆရာဝန်တယောက်လာနေပေး
လို့ကျေးဇူးတင်နေရတယ်ဗျာ..
ကျွန်တော့်ကိုလာချာက်တဲ့သရဲမနက်ဆေး
ရုံကဘုန်းကြီးနဲ့နှင်ပေးတယ်တဲ့ဗျာ.
နောက်ညလာမလုပ်တော့ဘူး..
ဘုရားစာလည်းကုန်ရောနေ့တိုင်းရွတ်နေ
ရတယ်ဗျာ..တော်သေးလူပုံမပြတာခု
လောက်ဆိုထိုင်းမှာအသက်မရှိတော့
ဘူးထင်တယ်.
ဥစ္စာစောင့်
" ကယ်ကြပါအုံးတော်.....ကယ်ကြပါအုံးတော် "
အော်သံကြားလို့ ကြည့်လိုက်တာ အဖေ့ညီမ ဒေါ်လေး ဖြစ်သူ ဒေါ်လုံးယဉ် (ခေါ်) ဒေါ်စပ် ရဲ့ အော်သံ ဖြစ်နေပါတယ်။
ဒေါ်လေးအိမ်ကို သွားကြည့်လိုက်တော့ အိပ်ယာထဲမှာ သတိမေ့ပြီးနေပါတယ်။အိမ်နီးပတ်ဝန်းကျင်မှ လူကြီးများ လူငယ်များလဲ ဝိုင်းအုံလာပြီး ယပ်ခပ်သူ ယပ်ခပ်၊နှိပ်နှယ်ပေးသူပေးနှင့် ဝိုင်းအုံနေပါတယ်။
ဆရာဝန်သွားခေါ်ဖို့နဲ့ ရွာဦး ဘုန်းတော်ကြီးပင့်လျောက်ဖို့ပြောနေကြတာကိုလည်း ကြားနေရပါတယ်။မကြာခင် မြို့မှ ဆရာဝန်ကြီးရောက်လာပြီး လိုအပ်တာလုပ်ဆောင်ပေးပါတယ်။ဒေါ်လေး သတိရလာပါပြီ။ ဒေါ်လေးက သူ့အဖြစ်ကို အခုလို ပြောပြပါတယ်။
ကျမ ဒီနေ့မနက် အိပ်ယာက ထပြီး မြို့ကို ဈေးဝယ်သွားပါတယ်။ဈေးဝယ်ပြီးတော့ ပြန်အလာ ရွာအနောက် ဘက်မှာရှိတဲ့ ချမ်းသာကြီး ဘုရားနားရောက်တော့
" ရော့ပါအေ...ညည်းကို ချစ်လို့ပါအေ "
ဆိုတဲ့အသံကိုကြားလို့ နောက်ကို လှည့်ကြည့်လိုက်တော့ အနီဝမ်းဆက်နဲ့ ရွှေလင်ပန်းကို ခေါင်းမှာ ရွက်ကာ ဆံပင်ဖွားလားချထားတဲ့ မိန်းကလေးဖြစ်နေတာကို တွေ့ရပါတယ်။အဲ့ဒါနဲ့ ကျမလည်း ဘုန်းတော်ကြီးပြောတဲ့ ဥစ္စာစောင့် ဖြစ်မှာပဲ ဆိုပြီးနောက်လှည့်မကြည့်တော့ပဲ အိမ်ကို အော်ပြီးပြေးလာခဲ့ပါတယ်။
အဲ့ဒါကတော့ လွန်ခဲ့တဲ့ နှစ် ၃၀ လောက်က ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်။ ဒေါ်လေး အခုအသက် ၇၂ နှစ် ရှိပါပြီ။သက်ရှိထင်ရှားရှိနေဆဲပါ။ကျနော် ဒီဖြစ်ရပ်မှန်ဇာတ်လမ်းကို တင်ပြချင်ပင်မဲ့လည်း ဥစ္စာစောင့်တို့ ၊စုန်း၊တစ္ဆေ၊သဘက် ကိစ္စတွေဟာ ခရီးသွားလာရာမှာ ဘုရားဂုဏ်တော်တွေကို သ။အာရုံပြုပြီး သွားတတ်တဲ့ အကြောင်းများကြောင့် ဒီလို ကိစ္စမျိုးကို ရေးဖို့ အာရုံမရခဲ့ပါဘူး။ဒါပင်မဲ့ ကိုယ့်မျက်စိနဲ့ မမြင်ရလို့ မရှိဘူး၊ မတွေ့ဘူးလို့တော့ ပြောလို့မရပါဘူး။သာမန်မျက်စိနဲ့ မမြင်ရလို့ ပါဝါ မျက်မှန်နဲ့ တပ်ပြီး ကြည့်မှ မြင်ရတာတွေလဲ ရှိပါတယ်။စာရေးစရာ စစ်ကိုင်း ဦးဖိုးသင်းပြောတဲ့ စကားလိုပဲ ဒီလို ကိစ္စဆိုတာ ရှိတဲ့သူတော့ ရှိမှာပေါ့တဲ့။
ကျနော်တို့ ရွာဦး ဘုန်းတော်ကြီးပြောဖူးပါတယ်။ရွာရဲ့ အနောက်ဖက်မှာရှိတဲ့ ရွှေမြင်တင် ဘုရားနဲ့ ချမ်းသာကြီးဘုရား နှစ်ဆူဟာ ဟံလင်း ပြူမင်း ပြုံးမင်း မောင်နှမ တစ်စု တည်ကြတဲ့ ဘုရားများဖြစ်ပါသတဲ့ဟံလင်းမြို့ဟောင်းကနေ လှမ်းမျှော်ကြည့်လိုက်ရင် ဒီဘုရားတွေ မြင်ရပါသတဲ့။တည်တုန်းက တစ်ချိန်တည်း တစ်ပြိုင်တည်း ပြီးအောင် တည်ကြတဲ့ ဘုရားတွေ ဖြစ်ပါတယ်။အဲ့ဒါတွေကတော့ ဟံလင်း ရွှေဂူကြီး၊ရွှေမြင်တင်နဲ့ ဆင်းကွက်က ရွှေဂူကြီးဘုရားတွေ ဖြစ်ပါသတဲ့။
ယခု ရွှေမြင်တင် မြတ်စွာဘုရားဟာ ဟံလင်းမှ ရွှေဂူကြီးဘုရားနဲ့ တစ်ပြိုင်တည်းပြီးစီးပါသတဲ့။ဟံလင်းမြို့ဟောင်းနဲ့ ၇ မိုင်လောက်ဝေးတဲ့ ဆင်းကွက်ရွာမှာ တည်တဲ့ ရွှေဂူကြီးဘုရားဟာ အချိန်မှီ ပြီးစီးမှု မရှိပါဘူးတဲ့။အဲ့ဒါကြောင့် ပြီးစီးလေဟန်နဲ့ ဘုရားကို ပိတ်ဖြူပတ်ပြီး ပြထားလိုက်ပါသတဲ့။ခုချိန်ထိ အဲ့ဒီဆင်းကွက် ဘုရားပွဲ ဟာ ဘုရားပွဲ ကျင်းပတိုင်း ရုတ်ရုတ်သဲသဲ နဲ့ တစ်ခုခု ဖြစ်ရပါသတဲ့။ဒါကတော့ ဘုန်းတော်ကြီး ပြောပြဖူးတဲ့ အတွက်သိရတာပါ။
ဥစ္စာစောင့်နဲ့ ပတိသတ်ပြီး ရွာဦးဘုန်တော်ကြီးပြောပြတာကတော့...
"နံနက်တိုင်း ဝက်လက်မြို့မဈေးသွားပြီးဈေးဝယ်လေ့ရှိကြောင်း ၊လူတွေလို ဝတ်စားထားလို့ ဥစ္စာစောင့်မှန်းမသိကြတာဖြစ်ကြောင်း၊ ဘုန်းကြီးကို အိမ်မက်ပေးပြီး ငွေလှူ လေ့ရှိကြကြောင်း၊ အိမ်မက်အရ ချမ်းသာကြီးဘုရား အနီးမှာရှိတဲ့ ကျောက်တုံးအောက်မှာ လာယူပါဆိုလို့ နံနက်လင်းရင် သွားယူရကြောင်း၊ အဲ့ဒီငွေနဲ့ ဘုန်းကြီးက ဘုရား၊ကျောင်း ၊ကန်၊ ပြုပြင်ပြီး အမျှဝေးပေးရကြောင်း၊ ဒကာမကြီးကို ချစ်လို့ပေးတာ ဖြစ်သောကြောင့် မယူလျှင် ဘာမှမဖြစ်ကြောင်း၊ လူစားလဲ ခံရတယ် ဆိုသည်မှာ မမှန်ကန်ပါကြောင်း "
ဆရာတော် အမိန့်ရှိပါတယ်။ဒေါ်လေး စိတ်သက်သာရာ ရဖို့ ပြောစလားမသိပါ။ကျနော် သူငယ်တန်းမှ စတုတ္ထတန်းအထိ ပညာသင်ခဲ့ရတဲ့ ကာလတွေမှာ ညနေကျောင်းဆင်းတိုင်းဘုရားပြင်ဖို့ အုတ်သယ်၊ ကျောက် ကောက်ခဲ့ရတာတွေကို ပြန်ပြီးသတိရမိပါတယ်။
ဒေါ်လေးကတော့ အဲ့ဒီဘုရားရှိတဲ့ လမ်းက ဈေးဝယ် မသွားတော့တာ ဒီနေ့ အထိပါပဲ။ ကျနော်တို့ ရွာက မြို့ ကို ဈေးဝယ်သွားရင် အထက်လမ်း အောက်လမ်း ဆိုပြီးရှိပါတယ်။ မြို့နဲ့ တစ်မိုင်လောက် ဝေးပါတယ်။ဝက်လက်မြို့ရဲ့ အရှေ့ဘက် မြေသားလမ်းဖြောင့်ဖြောင့်ဖြူးဖြူးနဲ့ မြင်တော် စံပြကျေးရွာပါ။တောင်ကုန်းမြင့်ပေါ်မှာ တည်ထားတာပါ။ရွာအရှေ့ဘက် အင်းကြီးက လည်း ဟံလင်းမြို့ ဟောင်းထိ လှေနဲ့ အရင်က သွားလို့ရပါတယ်။အင်းထဲကနေ လှေပေါ်ကကြည့်ရင် ဧရာဝတီနဲ့ စစ်ကိုင်းတောင်လို ကြည့်လို့ အလွန်လှတဲ့ ရွာပါ။ဒီအကြောင်းကို ကိုယ်တိုင် သိရှိလိုပါက ရွာကို လာရောက် မေးမြန်းလို့ ရပါတယ်။
စာရေးသူ- ရတနာဦး  (ဝက်လက် )
ပြန်လည်တင်ပြသူ -- သရဲလေး sky
ကလေးတစ္ဆေ
ဘ၀ပြောင်းလို့ သေဆုံးသွားတဲ့ 
သက်ရှိ သဲမြေလက်တစ်ဆုပ်စာ
ဟာ လူပြန်ဖြစ်တဲ့ အရေအတွက်
ကလက်သည်းခွံမှာ ကပ်ကျန်နေ
တဲ့ သဲမှုံလေးလောက်ပဲလို့ ဘုရား
ရှင်ကဟောခဲ့ တယ်။
သရဲတစ္ဆေ ဒီလောက်များတာနော်။
ဒြပ်ထု ထုနဲ့ ထည်နဲ့ မမြင်ရလို့ သာ
ဒါကြောင့် လမ်းလျှောက်ရင်လက်
ကိုမလိုအပ်ပဲ လှုပ်ယမ်းမလျှောက်
ဖို့ တားမြစ်ထားတာ အပလောက
က မိမိဘေးပတ်ဝန်းကျင်မှာဘယ်
လောက်များနေလဲ။လမ်းလျှောက်
ရင်တောင်ဝင်တိုက်မိတိုးမိနေမှာ
လက်နဲ့ ရိုက်ပုတ်မိရင်နာကျင်ရှာသ
တဲ့ ။
ဒီလောက်များတဲ့ သရဲတွေအဟုတ်
ရှိတယ်ဆိုရင် ယုံမလား ?
အမေနဲ့ သရဲ အအုပ်။
---------------------
သားနဲ့ ချွေးမ အလုပ်အရမ်းများလို့ 
သူတို့ ငှားထားတဲ့ ခြံကျယ်တိုက်
ဟီး လူမနီးတဲ့ မဟာမြိုင်မှာ အိမ်အ
ကူ မလေး နဲ့ သွားစောင့် ပေးရ
တယ်။
သားတို့ ကအလုပ်များတဲ့ အထဲအ
ဆောက်အဦးကလည်းဆောက်နေ
တော့ တနေကုန်အိမ်မကပ်ကြအိပ်
ခါနီးမှပြန်လာမနက်စောစောထွက်
နေ့ တဓူဝ မလေးနဲ့ နှစ်ယောက်ထဲ
ချက်ပြုတ်စားကြ တီဗီကြည့် ကြ
ဆိုဒ်ထဲကအလုပ်သမားတွေပစ္စည်း
လာယူရင် တံခါးဖွင့် ပေး ဖုန်းလာ
ရင်လက်ခံပြောဒါပါပဲ။
ခြံကျယ်ကြီးမှာတိုက်အကြီးကြီးလူ
က၂ယောက်ထဲ တခါတလေမလေး
ဈေးဝယ်ထွက်ရင်တယောက်ထဲ။
အစကမသိဘူး။ နောက်တော့ သိ
လာတယ် အခန်းတံခါးဖွင့် ရင်အထဲ
ကတွန်းထားတာမျိုးအပြင်ထွက်ရင်
လုံခြည်လိုက်ဆွဲတာမျိုး တိုက်ဆိုင်
တာမဟုတ်ခဏခဏ။ ကြာတော့ 
အတင့် ရဲလာသလားမသိဘူး။
ခိုးခိုးခစ်ခစ်ရီသံတွေပါပေးတယ်။
နေ့ ခင်းကြောင်တောင်အောက်
ထပ်မှာတီဗီထိုင်ကြည့် နေတုံးမျက်
လုံးဒေါင့် မှာလှေကားပေါ်ကက
လေးတွေပြေးဆင်းလာသလိုထင်ရ
လို့ ဖျတ်ကနဲ လှေကားဖက်လှည့် 
ကြည့် လိုက်ရင်ဘာမှမတွေ့ ဘူး။
မလေးက
" ဖွားဖွားကြီး ဘာကြည့် တာလဲ
ကလေးတွေလှေကားပေါ်ဆော့ နေ
တာလား "  တဲ့ 
" ဟင်  ညီးကဘယ်လိုသိတာလဲ"
" သမီးလဲ အဲလိုထင်လို့ ကြည့် နေ
တာ ဖွားဖွားကြီးဒီအိမ်ကသရဲခြောက်
သလားမသိဘူးနော်တဲ့ "
သူကြောက်မှာစိုးလို့ မဟုတ်ပါဘူး
စိတ်ထင်လို့ ပါအေ ဆိုတော့သမီး
အ၀တ်လျှော်နေတုံး ဘေးမှာငုတ်
တုပ်ကလေးတွေလာထိုင်နေကြ
တယ်။ညီးသေချာမြင်ရလို့ လား။
အခုလိုဝိုးတိုးဝါးတားပေါ့ အဲ တခါ
တလေ ဘိုထိုင် အိမ်သာအဖုံးတွေ
တ၀ုန်းဝုန်းတဗြန်းဗြန်းလာလုပ်တာ
ဖွားဖွားကြီးရဲ့ ။
ဟုတ်ရဲ့ လားအေ 
ဟုတ်တယ် ည ည တံခါးလက်ကိုင်
ဘုလာလာလှည့် တယ်
ညီးကြောက်လား 
ကပြန်ချင်ပြီ အကိုတို့ ကိုမပြောရဲ
လို့ ။
သားတို့ လင်မယားကတော့ ဘာမှ
မသိ မိမိကိုယ်တိုင်လည်းတိတိကျ
ကျမတွေ့ တော့ပြောပြမနေဘူး။
မလေးကပြန်ချင်တယ်ပဲနေ့ တိုင်း
ပြောနေတယ်။
ဖွားဖွားသိလား ဒီတိုက်ကြီးကအ
ရင်တုံးက ကလေးတွေအဆောင်
တဲ့ ။
ညီး ဘယ်သူပြောတာလဲ။
အရပ်ထဲကလူတွေပြောတာ မီး
လောင်သွားလို့ ပြန်ပြင်ဆောက်
ထားတာတဲ့ ကလေးတွေအများ
ကြီးသေထားတာလို့ ပြောတယ်။
သူပြောမှကြောထဲကစိမ့် လာတယ်
အဲနေ့ ပဲသားကိုပြောရတယ်
မင်းတို့ လည်းအိမ်ကပ်တာမဟုတ်
စားတော့လည်းအပြင် ငါတို့ ဘာ
သာချက်ပြုတ်စားနဲ့ ကောင်မလေး
လည်းပြန်ချင်ပြီ ငါလည်းပျင်းပြီ
အဆောက်အဦးကလည်းပြီးတော့
မှာဆိုတော့နဲနဲကျန်တဲ့ ပစ္စည်းတွေ
ရွှေ့ ပြီးအိမ်သော့ပိတ်ခဲ့ ရတာပဲ
လို့ ပြောပြတယ်။ ပစ္စည်းသယ်ဖို့ တ
ရက်လောက်တော့စောင့်ပေးပါဦးတဲ့ ကောင်မလေးကပျော်လို့ ။
အဲဒီညပါပဲ။
မီးကညဦးကတဲကပျက်သွားတယ်
ခါတိုင်းသားရှိရင်မီးစက်နိုးရဲ့
လမိုက်ရက်လည်းဖြစ် စောစောအိပ်ယာထဲဝင်ကြတယ်
မလေးကသူ့ အခန်းထဲပြန်သွားရဲ့
ပြူတင်းပေါက်မြင်ရတဲ့ဟိုဖက်ခြံက
သရက်ပင်အုပ်အုပ်ကြီးက လေ
တိုက်တိုင်းမဲမဲလှုပ်လှုပ်
ဒီခြံကအဆောက်အဦးလည်းမရှိ
သရက်ပင်တွေသာ 
နေခင်းနေ့ လည်တောင်ဆိုင်ကယ်
တို့ ကားတို့ အသွားအလာကြဲရတဲ့ 
အရပ်ညဖက်ကျတော့ တိတ်ဆိပ်
လို့ ။ဟိုဖက်လမ်းတော့အသွားအ
လည်းများမှများ အူလိုက်ကြတာ
လည်းခြောက်ခြားစရာ။တရားလဲ
မှတ်မရ တရားစာအုပ်ဖွင့် တရုတ်မီး
အိမ်လေးနဲ့ ဖတ်နေတယ်။မလေး
ကစောစောပိုင်းအခန်းထဲအတူလာ
နေပြီးအိပ်ချင်လို့ သူ့ အခန်းပြန်သွာ
ခဲ့ ပြီအတူခေါ်အိပ်ချင်ပေမဲ့  နှစ်
ယောက်မအိပ်တတ်တာကြာပြီ။
စာဖတ်နေတုံး၁ယောက်ယောက်
ကလာငုံ့ ကြည့် နေသလိုခံစားရ
တာနဲ့ စာအုပ်ဖယ်ပြီးဘေးပတ်ဝန်း
ကျင်ကြည့် တော့လည်းဘာမှမရှိ
စာအုပ်ပြန်ဖတ်လိုက် ငုံ့ ကြည့်နေ
လိုက်စိတ်ထဲကကြောက်လာတာနဲ့ 
မီးမပိတ်ပဲမျက်လုံးမှိတ်နေလိုက်
တယ်။မလေးအသံတော့မကြားရ
ဘူးအိပ်များပျော်သွားလားမသိ။
ခဏလေးလောက်ပါပဲ
ဒူးခေါင်းနှစ်ဖက်လုံးကိုဆတ်ဆတ်ခါ
အောင်လှုပ်လို့  ထ ထ ထ နဲ့ လာ
ဆွဲခါတာခံလိုက်ရတယ်။ကမန်းက
တန်းခေါင်းထောင်ကြည့် တော့တ
ရုတ်မီးအိမ် မှိန်မှိန်အောက်မှာက
လေး၂ယောက်တစ်ယောက်ကမိန်း
ခလေးကြက်တောင်စီးလေးနဲ့ တစ်
ယောက်ကယောင်္ကျားလေး၀၀ကစ်
ကစ် ၈နှစ်၁၀နှစ်ဝန်းကျင်လေးတွေ
တကယ်လိုလိုအိမ်မက်လိုလို။
အိမ်မက်မဟုတ်တာလည်းသေချာ
သိနေတယ်။ရုတ်တရက်တော့ သရဲ
တစ္ဆေကိုသတိမရဘူး ကြောင်ပြီး
ကြည့် နေမိတယ်။ကြည့် နေရင်းဦး
နှောက်အသိကဒီအိမ်မှာကလေးမ
ရှိဘူးဆိုတဲ့ အသိဝင်လာမှကြက်သီ
တွေ ဖျန်းခနဲထ ခေါင်းတွေပူ အ
သက်ရှုကျပ်လာတယ်တော်ရုံသွေး
တိုးနှစ်လုံးရှိရင်အသက်ပါလောက်
တဲ့ အဖြစ်ပါ။
သတိဝင်လာမှ ခြေထောက်နှစ်ဖက်
ကိုရုံးကန်ပြီး  သွားစမ်း သရဲတွေ
လို့ မျက်စိမှိတ် အသံကုန်ဟစ်လိုက်
မိတယ်။မျက်စိပြန်ဖွင့် တော့တစ်
ယောက်မှမရှိတော့ဘူး။လူလဲချွှေး
တွေရွှဲနစ်မောဟိုက်နေပြီ။
အဲဒီအချိန်မှာပဲ
မလေးအိပ်တဲ့ အခန်းဖက်က
အားးး ဆိုတဲ့ အသံနက်ကြီးထိတ်
လန့် စဖွယ်ကြားလိုက်ရတယ်။
ကမန်းကတန်းထလို့ တံခါးကိုပြေး
ဖွင့် ပါတယ် လက်ကိုင်သော့ဘုကို
လှည့် လို့ ရပေမဲ့ ဆွဲဖွင့် လို့ မရဘူး
အပြင်ကတယောက်ယောက်ဆွဲ
ထားတာသိသာတယ်။တံခါးရွက်က
ပါလာလိုက် ပြန်ပိတ်သွားလိုက်တ
ယောက်ယောက်နဲ့ ပြိုင်ဆွဲရသလို
ပါပဲ။ဘုရားစာရွတ်ပြီးအားကုန်ဆွဲ
တော့ဝုန်းဆိုမွေ့ ယာပေါ်ပက်လက်
လန်အားလွန်ကျသွားတယ် တံခါး
ကပွင့် သွားတယ် ခိုးခိုးခစ်ခစ် က
လေးတအုပ်ရီမောသံ အခန်းအပြင်
အမှောင်ထဲက ကြားရတယ်။
မလေးအတွက်စိတ်ပူတာနဲ့ အခန်း
ထဲကခပ်သွက်သွက်ထွက်တော့
လှေကားနားမရောက်ခင်ပဲခြံဝက
သားတို့ ကားဟွန်းသံကိုကြားရ
တယ်။ မလေးအခန်းဖက်သွားရမ
လို ခြံတံခါးသွားဖွင့် ရမလို ချီတုံချ
က ရွှတ်ကနဲ့ ရိပ်ကနဲ လေတိုးသံ
တွေနဲ့ ကလေးသရဲ အုပ်ဖြတ်ပြေး
နေကြတာ သိရှိခံစားနေရတယ်။
စောစောကလောက်တော့မလန့် 
တော့ဘူး။ကားဟွန်းသံကလည်းအ
ဆက်မပြတ်မို့ ခြံတံခါးဆီပြေးရတ
ခါးဆီပြေးရတယ်။
တုန်တုန်ရီရီဖြစ်နေတဲ့ မိမိကိုကြည့် 
ပြီးသားတို့ လင်မယားကနားမ
လည်ဘူးဖြစ်နေတယ်။စကားလဲမ
ပြောနိုင်တော့ ဘူးမလေးအခန်း
ဖက်လက်ညှိုးပဲထိုးပြနိုင်တယ်။
ခဏနေတော့သတိလစ်နေတဲ့ မ
လေးကိုဧည့် ခန်းသယ်လာပြီး သတိရအောင်ပြုစုနေကြတယ်။
မလေးထူထူထောင်ထောင်ဖြစ်လာ
တော့အကြောင်းစုံကိုသူတို့ လင်မ
ယားမေးမြန်းနေကြတယ်။မိမိက
တော့ယောင်္ကျားဆီဖုန်းခေါ်ပြီးည
တွင်းခြင်းလာခေါ်ခိုင်းအိမ်ပြန်ခဲ့ တာ
ဟိုရက်က သားတို့ ဆွမ်းကပ် တရားနာတာတောင် အဲဒီအိမ်ကို
မသွားဖြစ်ခဲ့ တော့ပါ။
                            အိုးစူး
သရဲဒီလောက်ပေါတာရေးစရာမရှိ
ဘူး kogyi နဲ့ sky ရေ ။တွေးပုချိ။
ဘီလူး အညှိုး
အမဲသား တပွက်လန် စားချင်တာ
တဲ့  ။
မငြိမ်းအေး ချဉ်ချင်းတပ် ပုံကကြော
ချမ်း ကြက်သီးထစရာကြီး။
ည ညဆိုလဲ ရှိသမျှ အိုးခွက် ပန်း
ကန် လှန်ပြီး အကပ် အသပ် ဆီနှစ်
မကျန်အောင် ထ ထစားတာ ဗိုက်
ပြည့် တယ်မရှိဘူး။ 
အမြဲ ဆာနေတဲ့ မငြိမ်းအေး အရင် ဒီကိုယ်ဝန် မစွဲခင်က ကြောင်စာ ကြွက်စာ တို့ ကနန်း
ဆိတ်ကနန်း စားတာ။
အစားကလဲ ရွေးသေး ခြေလေးချောင်းသား မို့ 
ငါးအကောင်ကြီးလို့ နဲ့ ...
ဒါက တတိယမြောက် ကိုယ်ဝန်ပါ။
ကြာတော့ ကိုချစ်စိန် သံသယရှိ
လာတယ်။
သူ စားနေ သောက်နေပုံနဲ့ ခြံစောင့် 
လခက တစ်ဈေး ငါးရက် တောင်မခံ
ဘူး။ 
မစားရ မသောက်ရ ရင်လဲ မျက်ထောင့် နီကြီးနဲ့ အံကြိတ်နေတာ သွားကြိတ်သံ တစ်ကျွိကျွိ နဲ့ နဂိုကမှ ရူပါရုံက ဆံပင်ပါးပါး ကျိုးတိုးကျဲတဲ 
နဖူး မောက်မောက်က သပိတ်ရင့်ရောင် မျက်လုံးပြူး မျက်တွင်းနက်နက် ကွမ်းစားထားတဲ့ သွားမဲ
မဲနှစ်ချောင်းက ငေါထွက်နေ သေး။
ဗိုက် ကလွဲရင် အရိုးပေါ် အရေတင်
ခန္ဓာကိုယ်ကို ဆောင့် ကြောင့် ထိုင်
လို့  ညအခါ ရေနံဆီ မီးခွက် 
မီးရောင် အောက်မှာ ဗိုက်ဆာလို့ 
ဒေါသ ထွက်နေတာ စာဖတ်သူတွေကို
ပြချင်တယ်။
ခြံရှင် သူဌေး ပို့ ထားတဲ့ တစ်လစာ
ငပိ ငါးခြောက် ကြက်သွန် အာလူး
တွေလဲ သုံးလေးရက်နဲ့ ပြောင်ရော။
ချောင်းထဲက ငါးလေး ဖားလေး
တောထဲက ယုန် ဖွတ် ပဒတ်တွေ
လည်း မျိုးတုံးတော့ မယ်။
ကလေးနှစ်ယောက် ကိုတော့ အရိုး
အရင်းတောင် မသဒ္ဒါ ချင်သူ။
သူ့ မှာ စားနေတုံးတောင် နောက်
ထပ်စားဖို့ အစာကို ပါးစပ်က တတွတ်တွတ် ရွှတ်ပြီး ညွန်ကြားနေ
တာ မြင်ပျင်းကပ်စရာ ကောင်းလှ
တယ်။
ကိုယ်သားမယားပဲ ဘယ် မကျွေးချင်
ရှိပါ့ မလဲ။
လွန်လွန်းအားကြီး လာတော့ ဟိုလူပြောမိ ဒီလူရင်ဖွင့် 
မိတာနဲ့ သူတို့ အကြံပေးတဲ့ 
ဆရာဦးဘရင် ဆီ ရောက်ခဲ့တယ်။
ဆရာက ဒူးခေါင်းနှစ်လုံးကြား ထဲ ခေါင်း
သွင်း ကွမ်းညပ်သေးသေးလေး နဲ့ 
ကွမ်းသီး စိပ် နေရာက မော့တောင်
မကြည့် ပါဘူး။
" မင်းမိန်းမ မြေဖုတ်ဘီလူး ကိုင်တာ'
တဲ့ တောင်ပို့ ကြီးမှာ ဘာများ မရိုမသေ သွား လုပ်ပြန်ပြီလဲ မသိ သွား.. ငါ့ ခြံ
ထဲက သစ်တော့ ပင် အောက်မှာ
ပေါက်နေတဲ့ အရွက် ချွန်ချွန် အမွှေး
ထူထူနဲ့ အရွက် ၇ရွက် ခူးခဲ့ "
လို့ ဆိုပါတယ်။
အရွက် တွေ ရတော့ ဒူးလေး တုပ်လို့ 
ဘုရားစင်ရှေ့ မှာ မန်း မှုတ်ပြီး ဆေး
အိတ်ထဲက နီညိုရောင် ဆေးတောင့်
လေး တစ်တောင့် ပါပေးလိုက်သေး။
ခုနှစ်ရက် တိတိ လာယူဖို့ လည်းမှာ
လိုက်ပါတယ်။
ခြံရောက်တော့ ဆရာမှာတဲ့ အတိုင်း
အရွက်ပြုတ်ရည် နဲ့ ဆေးတောင့်ကို
ရောကြိတ် အစားကောင်း ကျွေး
မယ်ချော့ ပြောပြီး တိုက် လိုက်တာ..
မကြာဘူး.. လူးလိမ့် အော်ဟစ်ပြီး
လိမ္မော်သီး ဆွတ်တဲ့ အလုပ်သမား လေးငါးယောက် ခေါ်
ဝိုင်းချုပ်တာ ဒီလောက်ဗလ သေးသေး မငြိမ်းအေးကို မနိုင်ဘူးဗျာ။
အတော်လေး ကြာအောင် နဘန်းပွဲ
ကျင်းပကြပြီးမှ ချွေးသံတရွဲရွှဲနဲ့ အိပ်
ပျော် သွားရှာတယ်။
ကျန်တဲ့ လူတွေလည်း ပက်လက် လန်ရော။
သူဌေး မလာခင် ကိုယ့်အလုပ် ကိုယ်
ပြေးလုပ်ကြ ရသေး။
တစ်နေ့ အရွက် တစ်မျိုးနဲ့ ၇ရက်လည်း
ပြည့်ရော ညနေခင်းကြီး 
"ဗိုက်နာတယ် ဗိုက်အောင့်တယ် "
ဆရာမက လမှ မစေ့သေးပဲ မမွေးသေး  ပါဘူးပြော တုံးရှိသေး "ဖလွှတ်" ဆို မဲမဲလုံးလုံး ကြီး ထွက်လာရော။
လန့် ဖျန့် ထခုန် မိတာလဲ မပြောနဲ့ သွေးခဲတုံးကြီး ကျနေတာပဲဗျာ။
အကြောက် ပြေတော့
စိတ်ထဲက တောင် ဟိုဖက်ခြံက ညို
လုံးဆိုတဲ့ ကောင်နဲ့ မိန်းမကို တောင်
တယ် မသင်္ကာချင်သလို ဖြစ်မိသေး။
သေချာကြည့် တော့ ကလေး ပေါက်
စလေးမှာ သွား ငုတ်တိုလေး ၎
ချောင်း ပါသဗျ။မျက်ခွက် ကတော့ မ
အေတူသားမို့ ထားပါတော့ ကျုပ်
စိတ်ထဲ သရိုးသရီနဲ့ အရေးထဲ ငဲအို
ဆိုတဲ့ ကောင်က ကလေး အသေကို
လက်ညှိုးထိုးပြီး ဘီလူးညီလေး
ဘီလူးညီလေး နဲ့ ဘုမသိဘမသိ
ခေါ်နေသေး။
ညတွင်းခြင်း ရွာသားတွေ အကူအညီ 
နဲ့ သင်္ချိုင်းမှာ သွားမြှုတ် သင်္ဂြိုလ်
ပြီးပြန်လာ ရွာသားတွေ ပြန်လို့ အိပ်
မယ်လုပ်တော့ တဲပတ်ပတ်လည်
"တက်" တစ်ခေါက်ခေါက် နဲ့ လမ်း
လျှောက်နေတာ တစ်ညလုံး အိပ်မ
ရပါဘူး။ တူမီးသေနတ် နဲ့ ထပစ်
လိုက်မှ အိပ်ရတယ်ဗျာ။
ဒါတောင် အိပ်မက်ထဲလာပြီး
"မင်း လက်ဦးသွားလို့ ပေါ့ ကွာ
မင်း လက်ဦးသွား လို့ ပေါ့ ချစ်စိန်ရာ
ဟင်းး မဟုတ်လို့ ကတော့
တစ်ရွာလုံး အပြုတ်ပဲ"
ိဆိုပြီးလာကြိမ်းဝါးနေသေးသဗျ။
အိုး စူး 
Ohe Sue Usoe.
(ဟုတ်တာမဟုတ်တာထား )
Saturday, May 4, 2019
ပိုင်ရှင်
တစ်ခြားအခန်းတွေထက် ပိုကျယ်တာကတစ်ကြောင်း/ လေဝင်လေထွက်ကောင်းတာကတစ်ကြောင်း/ ခေတ်မဆန်ဘဲ ရှေးဆန်ဆန်ပြင်ဆင်ထားတာကတစ်ကြောင်း
အကြောင်းအမျိုးမျိုးကြောင့် သမိုင်းမေဂျာနဲ့ကျောင်းပြီးထားတဲ့ ကျွန်တော်အများသူငါထက်ဈေးပိုပေးပြီးဝယ်ယူလိုက်တယ် နဂိုရှိနေတဲ့ပစ္စည်းတော်တော်များများက ရှေးရှေးကပစ္စည်းလေးတွေဖြစ်နေတယ် ဘီသုံးခြောင်းလဲတွေ့တယ် တော်တော်ဟောင်းနေပြီ နောက်မိန်းမအသုံးအဆောင်ပစ္စည်းအချို့နဲ့ မိန်းမအဝတ်အစားသုံးထည်တွေ့တယ် ကျွန်တော့်ပစ္စည်းတွေရွှေ့လာတဲ့နေ့မှပဲ ကျွန်တော်အတွက်မလိုတာတွေဖယ်ရမှာပဲ ရုတ်တရက် ပွဲစားအဖွားကြီးလာပြောတာကိုသတိရမိတယ်
" လူလေး ဒီအခန်းထဲကပစ္စည်းလေးတွေကို ဖြစ်နိုင်ရင် 
လွင့်မပစ်ဘဲ အခန်းတစ်နေရာရာမှာ သိမ်းထားစေချင်တယ်ကွယ် "
သူဘာ့ကြောင့်ပြောခဲ့လဲ ဆိုတာတော့ကျွန်တော်မသိဘူး ကျွန်တော့်အတွက်မလိုရင်တော့ လွင့်ပစ်ရမှာပဲလေ မိန်းမအသုံးအဆောင်တွေကများနေတာကိုး တွေးတောရင်းနဲ့ပဲ မှန်တင်ခုံပေါ်က နူတ်ခမ်းနီတောင့် အဟောင်းလေးကို ပြတင်းတံခါးပေါက်ကိုဖွင့်ပြီး ခပ်ဝေးဝေးကိုလွင့်ပစ်လိုက်မိတယ် အဲ့ဒီ့နူတ်ခမ်းနီတောင့်လေးမြေပေါ်ကျသွားတဲ့အထိ လိုက်ငေးကြည့်နေရင်း နူတ်ခမ်းနီတောင့်ကျနေတဲ့နေရာနဲ့ ခပ်လှမ်းလှမ်းလေးမှာ ရေကန်ကြီးတစ်ကန်ရှိနေတာသတိထားမိလိုက်တယ် ရေကန်ဘေးမှာလဲ ဆယ်ကျော်သက်အရွယ်ကောင်လေးတွေ ဆော့နေကြတယ် မိန်းကလေးတစ်ချို့ကတော့ ရေကန်နားလေးမှာ ကားကက်ဆက်ဖွင့်ပြီးကနေလေရဲ့
တော်တော်သာယာတာပဲ 
တံခါးတွေသေချာလိုက်ပိတ်ပြီး ကျွန်တော်ပြန်လာခဲ့တယ် နောက်တစ်ပတ်ထဲမှကျွန်တော်ပြောင်းလာမှာမို့လေ အခန်းကိုတော့ တစ်ခြားဘာမှထွေထွေထူးထူးရှင်းလင်းမထားရသေးဘူးပေါ့
ကျွန်တော် ပြောင်းလာတဲ့ရက်မှကျွန်တော့်ကိုယ်ပိုင်ပစ္စည်းတွေနေရာချရင်းရှင်းတော့မယ် မဟုတ်ရင်နှစ်ခါပင်ပန်းမှာပေါ့ လူဝင်တဲ့အခန်းတံခါးကိုပိတ်ပြီး လှေကားအတိုင်းဆင်းလာခဲ့တယ် ညနေလဲရောက်နေပြန် တိုက်မှာနေတဲ့သူတော်တော်များများကလဲ ငွေကြေမတတ်နိုင်တဲ့သူကများနေတော့ လှေကားမီးတောင်မရှိဘူး ကျွန်တော်လာမှ လှေကားမီအလှူလေးလုပ်ရမယ် ကိုယ့်အတွေးနဲ့ကိုယ်ဆင်းလာရင်း ငါးထပ်အရောက်မှာ မိန်းကလေးတစ်ယောက် ဆံပင်ကုတ်ဝဲလေးနဲ့ တိုက်ခန်းအပြင်ကိုငေးကြည့်နေတယ် မှောင်ကလဲမှောင်နေတော့ သေချာတော့မမြင်ရဘူး ရေတွေလဲစိုရွဲနေတယ် သူမဝတ်ထားတဲ့ ဂါဝန်ကနေတောင်စီးကျနေတယ် အော်ဒီကောင်မလေးနယ် ရေးကန်မှာရေကူးပြီးပြန်လာတာထင်တယ် ကိုယ်အိမ်ကိုမပြန်ဘဲ ဘာရပ်လုပ်နေတာလဲမသိဘူး
စိတ်ထဲကတွေးတောရင်း သူမကိုကျော်ပြီးလှေကားအတိုင်းပဲ ကျွန်တော်ဆင်းလာခဲ့လိုက်တယ် 
တစ်ပတ်ပြည့်တော့ ကျွန်တော်အခန်းပြောင်းဖို့ ပြင်ဆင်ပြီး အထုတ်အပိုးတွေတော်တော်များများနဲ့ ကျွန်တော်ပြောင်းလာခဲ့ပါတယ် အခန်းရောက်တော့ ကျွန်တော့်ပစ္စည်းတွေ အခန်းထောင့်တစ်နေရာမှာပုံထားလိုက်ပြီး အခန်းရှင်းလင်းရင်စလုပ်ရပါတော့တယ် အထုပ်ကြီးငယ်တွေနဲ့ပေါ့ အရင်ရှိနေပြီးသားပစ္စည်းတွေထဲက ကျွန်တော့်အတွက်အသုံးမလိုတာတွေကို ကျွန်တော်စုပုံပြီးထုပ်ထားလိုက်တာပါ အခြားနေရာတွေရှင်းပြီးတော့ ကျွန်တော်မရှင်းရသေးတာဆိုလို မှန်တင်ခုံပဲကျန်ပါတော့တယ် ရုတ်တရက် ကျွန်တော် စဉ်းစားမရဖြစ်သွားတယ် ဟိုးကျန်ခဲ့တဲ့တစ်ပတ်က ကျွန်တော်လွင့်ပစ်ခဲ့တဲ့ နူတ်ခမ်းနီတောင့်အဟောင်းလေးက မှန်တင်ခုံပေါ်မှာပြန်တွေ့လိုက်ရတယ် ဟာ ဘာလဲဟ ဒါကဘယ်လိုပြန်ရောက်နေတာလဲ နှစ်တောင့်ရှိနေတာထင်တယ် ကျွန်တော်လဲ ဘာမှထွေထွေထူးထူးသိပ်မစဉ်းစားဘဲ ပြန်လွင့်ပစ်ဖို့ အိတ်တစ်အိတ်ထဲကို တစ်ခြားမလိုတာတွေနဲ့ ပြန်ထည့်လိုက်တယ် 
အခန်းတော်တော်ရှင်းလိုက် နေရာပြန်ချလိုက်နဲ့ မနက်ကစလိုက်တာ ညနေ၆နာရီကျော်တော့မှ နေရာကျတော့တယ် ကျွန်တော် အရမ်းတော့သဘောကျမိတယ် ပစ္စည်းအဟောင်းလေးတွေနဲ့ ကျန်တော့အခန်းပေါ့ အခန်းတွေရှင်းပြီး ပင်ပန်းတာနဲ့ ရေးမိုးချိုးပြီး ခဏလှဲနေလိုက်တယ် အိပ်ပျော်မယ်ရှိသေးတယ် ဆူညံလွန်းတဲ့ အသံတစ်သံကြောင့် လန့်ပြီးငုတ်တုတ်ပါထထိုင်မိတယ် တော်တော်လဲစိတ်ကတိုသွားတာပေါ့ ကြားလိုက်တာက
" ဟဲ့ နင့်ကို ဘယ်သူကခိုင်းလို့လဲ "
ဆိုတာပါပဲ တော်တော်စိတ်ဆိုးမာန်ဆိုးကိုအော်ပြောတာပါ ဘယ်အခန်းကလဲမသိဘူး တော်တော် ဘေးပတ်ဝန်းကျင်အားမနာတတ်တဲ့သူတွေပါလား ခက်တယ်
ကျွန်တော်လဲ အိပ်မရတော့တဲ့အဆုံး မနက်ဖြန်အတွက်အပြီးသတ်ရမယ့်အလုပ်ကလေးတစ်ချို့ ကိုစလုပ်လိုက်တယ် အလုပ်ထဲကို ဘယ်လောက်အာရုံရောက်နေလဲဆိုတာ နာရီတောင်မကြည့်မိဘူး ည ၁၁ နာရီကျော်တော့မှအညောင်းဆန့်ရင်း နာရီကြည့်မိတယ် တော်တော်ညဥ့်နက်နေပြီပဲ ညနေစာတောင်မစားရသေးပါလား လုပ်လက်စအလုပ်လေးတွေ လက်စသက်ပြီး ညပိုင်းဖွင့်တဲ့ စားသောက်ဆိုင်တစ်ခုခုကို ညနေစာသွားစားဖို့ဆုံးဖြတ်လိုက်တယ် တိုက်အောက်ဆင်းလာတော့ ခပ်လှမ်းလှမ်းမှာ စားသောက်ဆိုင်လေးတစ်ဆိုင်ကိုလှမ်းတွေ့လိုက်ရတယ်
ဆိုင်ပုံစံကခပ်ဟောင်းဟောင်းပုံပါပဲ ရှေးရှေးကဆိုင်နဲ့ပိုတူတယ် အခန့်သင့်လိုက်လေချင်းပေါ့ ဆိုင်ထဲဝင်လိုက်တော့ လာစားတဲ့သူတော့သိပ်မရှိတော့ဘူး ညဥ့်နက်လို့ထင်ပါတယ်  ဆိုင်ထောင့်တစ်နေရာကစားပွဲမှာဝင်ထိုင်လိုက်တယ်ဆိုရင်ပဲ ဝိတ်တာကောင်လေးတစ်ယောက်ရောက်လာပြီး ရေတစ်ခွက်လာချပေးတယ် 
" ဘာများသုံးဆောင်မလဲ "
" နည်းနည်းမြန်တဲ့ ညနေစာတစ်ခုခု စီစဉ်ပေးပါ "
" ဟုတ်ကဲ့ ဒါဆို ညပိုင်းဖြစ်တဲ့အတွက် အစာကျေလွယ်အောင် 
ဟင်းသီးဟင်းရွက်ထမင်းကြော် နဲ့ နွားနို့ပူပူလေးဆိုအဆင်ပြေမလားခင်ဗျ "
" အိုကေ ညီလေး အဆင်ပြေတယ် အမြန်ဆုံးသာချကွာ "
"ဟုတ်ကဲ့ "
ကောင်လေးထွက်သွားပြီး တစ်အောင့်နေတော့ သူပြောတဲ့အတိုင်း ဟင်းသီဟင်းရွက်ထမင်းကြော်နဲ့နွားနို့ပူပူလေး တစ်ခွက်လာချပေးတယ် ကျွန်တော်လဲ ဗိုက်ဆာဆာနဲ့စားနေလိုက်တယ် စားသောက်ပြီး အခန်းလဲပြန်မတတ်ချင်သေတာနဲ့ ရေနွေးကြမ်းတစ်ခွက်မှာပြီးထိုင်သောက်နေတာပေါ့ အဲဒီအချိန်မှာ စောစောက ဝိတ်တာကောင်လေးရောက်လာတယ်
" အရင် အကို့ကို မတွေ့ဖူးဘူးနော် ပြောင်းလာတာမကြာသေးဘူးထင်တယ် "
ရုတ်တရတ်ဆိုတော့ ကျွန်တော်နည်းနည်းတော့ကြောင်သွားတယ်
" အော်..... အေး
ဟုတ်တယ်ကွ ဟိုဘက်လမ်းထောင့်ကတိုက်မှာနေတာ ခုနှစ်လွှာ "
" အော်ဟုတ်ကဲ့ . . . . . . ဗျာ ဟိုဘက်လမ်းက ထောင့်တိုက်
ခုနှစ်လွှာလား "
" အေး ဟုတ်တယ် ဘာလို့လဲ "
တအံတသြ မေးနေတဲ့ကောင်လေးကိုကြည့်ပြီးနားမလည်နိုင်ဖြစ်သွားတယ်
" အော် အကိုဘာမှမသိဘူးလား အဲဒီအခန်းအကြောင်းကို "
" ဟေ... ငါက ဘာသိရမှာလဲကွ "
" အခုအကိုနေတဲ့ တိုက်မှာ လူတွေစနေခွင့်ရချိန်ကတည်းက ပထမဆုံးအိမ်ရှင် ကောင်မလေးက ဟိုးရှေ့က ရေကန်မှာ ရေနစ်သေခဲ့တာ ခုထိမကျွတ်သေးဘူးပြောတယ်ဗျ "
ကျွန်တော် မျက်မှောင်ကို နှစ်ဖူးရွံတွနေအောင်ကြုံ့လိုက်ပြီး
" မဖြစ်နိုင်တာ ငါတော့ ဘာမှသတိမထားမိပါဘူး "
" တစ်ကယ်ဗျ အကိုရ ခဏလေး 
ဦးလေးဒူဝ ခဏထွက်ခဲ့ပါအုံးဟိုကောင်မလေးအခန်းမှာ နေတဲ့သူတဲ့ "
ခပ်ဝဝ အသားညိုညို လူလတ်ပိုင်းလူကြီးတစ်ယောက်ထွက်လာတယ် တအံတသြမျက်နှာနဲ့ပေါ့
" ဘယ်လိုဖြစ်လို့ အဲဒီအခန်းကိုဝယ်ဖြစ်သွားတာလဲ "
" ဟုတ် ဒီလိုပါပဲ အကြောင်းအမျိုးမျိုးကြောင့်ပေါ့ "
ကျွန်တော်လဲ စကားတွေမရှည်ချင်တော့တာနဲ့ လိုရင်းတိုရှင်းပဲဖြေလိုက်ပြီး
" နေပါအုံး ဦးကြီးရ အဲ့ဒီ အခန်းကဘာဖြစ်နေလို့လဲ "
" သရဲခြောက်တယ်ကွ "
ဘေးဘီကြည့်ပြီးခပ်တိုးတိုးလေသံသဲ့သဲ့ပြောလိုက်ပေမယ့်
ကျွန်တော့်ကျောထဲ စိမ့်ဝင်သွားတယ် ကြက်သီးပါတဖြန်းဖြန်းပေါ့
" ဟာ ... ဟုတ်လို့လား ဦးကြီးရာ မဖြစ်နိုင်တာ "
" အော နေပါအုံး မင်းအဲဒီ့အခန်းကိုရှင်းပြီးပလား "
ကျွန်တော်ခေါင်းညိမ့်လိုက်တယ် တစ်မနက်လုံးရှင်းထားရတာလေ
ဦးဒူဝက ပြုံးတယ်
" သွား... မင်းအခန်းမင်းပြန်တော့ 
ီဒီညနေစာကိုလဲ ငါကျွေးတယ်ပဲထားလိုက်တော့ကွာ
တစ်ခုပဲမှာလိုက်မယ်ငါ့တူ မင်းဒီညပြန်ပြီး တစ်ခုခုထူးခြားရင် မနက်ဖြန်မနက်မိုးလင်းမှ ငါ့စီပြန်လာခဲ့ ဘာမှထူးခြားမနေရင်ခုညတွင်းချင်းပြန်လာကွာ ဟုတ်ပလား "
ကျွန်တော့်အတွက်တော်တော်တော့ ထူးဆန်းနေတော့တာပဲ ကျွန်တော်လဲ ခေါင်းပဲအသာညိမ့်ပြီး အခန်းစီပြန်ထွက်လာခဲ့တယ်
တိုက်ခန်းနားနီးလေလေ ကျွန်တော့်အနောက်အနေတစ်ယောက်ယောက်ကပ်လိုက်လာသလိုလို ထင်ကုန်ပါတော့တယ် တိုက်ပေါ်တတ်တော့လဲ တစ်စုံတစ်ယောက်က ရှေ့မှာကြိုစောင့်နေသလိုလို နောက်ကလိုက်တတ်လာသလိုလို အို ဘာပြောကောင်းမလဲ ချွေးတွေကို ရွဲနေတော့တာ အခန်းသော့တောင် ကြောက်ကြောက်နဲ့ဖွင့်တာ တော်တော်နဲ့ ဖွင့်မရဘူးဗျာ စိတ်ကတိုလာတယ် ဘယ်သူ့ကိုစိတ်တိုလို့တိုရမှန်ကိုမသိတော့ဘူးကိုယ့်ကိုကိုလား ဦးဒူဝတို့ကိုလား မဟုတ်မှလွဲရော ဦးဒူဝတို့ ငါ့ကိုအသစ်ဆိုပြီးနောက်ပြောင်လိုက်တာများလား ဟာ ဖြစ်နိုင်တာပေါ့ တောက်ကွာ တော်တော်ဆိုးတဲ့လူတွေ ငါ့မှာစဉ်းစားပြီးကြောက်လိုက်ရတာ စိတ်သက်သာရာရတော့မှအခန်းတံခါးဖွင့်ရတော့တယ် အခန်းထဲရောက်တော့ အပြင်မသွားခင်မိန်းချခဲ့တာဆိုတော့ မှောင်မဲနေတာပေါ့ ကြယ်ရောင်လေး ခပ်မှိန်မှိန်ကတော့ ပြတင်းတံခါးကနေတိုးဝင်နေတယ် အခန်းထဲဝင် အခန်းတံခါးပြန်ပိတ်ပြီး မိန်းတင်ဖို့ မိန်းခုံရှိတဲ့စီစမ်းတဝါးဝါးလျှောက်နေတုန်းမှာပဲ ကျွန်တော်ကုတင်ဘေး ပြတင်းတံခါးကဝင်လာတဲ့ကြယ်ရောင်အောက်မှာ တစ်စုံတစ်ရာကို သတိပြုမိလိုက်တယ်
မိန်းမတစ်ယောက် 
ကျွန်တော့်ကို လက်ညိုကြီးထိုးနေတယ် ဘုရားရေ ဘယ်သူလဲ
" ဟိတ် နင်ဘယ်သူလဲ "
ဘာဖြေသံမှမကြားရ ခပ်ဝါးဝါး မတ်တပ်ရပ်ပဲရပ်နေတယ်
ကျွန်တော်လဲ ဘာလုပ်ရမှန်မသိဘဲ မိန်းရှိရာခပ်သွက်သွက်သွားပြီး မိန်းတင်လိုက်တယ် မီးရောင် ဖွေးကနဲ့ လင်းထိန်လာပြီး ကျွန်တော့်မျက်စိပါရုတ်တရက်ဖွင့်မရအောင်စူးသွားတယ် တစ်အောင့်နေတော့မှ မျက်စိဖွင့်ကြည့်လိုက်တော့ ခုနက ကောင်မလေးက လုံးဝမရှိတော့ဘူး ကျွန်တော်တွေ့လိုက်တာ တစ်ကယ်ပါ သူမဘယ်ရောက်သွားတာလဲ တံခါးကလဲ ပိတ်ထားတာပါ ကုတင်အောက်ရှာကြည့်တယ်လုံးဝမရှိဘူး ပြတင်းတံခါးကနေခုန်ချအောင်လဲမဖြစ်နိုင်ဘူး ခုနှစ်လွှာဆိုတော့ အမြင့်ကြီး
နောက်ထက်ပိုပြီ ကျွန်တော်မျက်လုံးပြူးရတာက တစ်နေကုန်ပစ္စည်းတွေရှင်းထားမလိုတာတွေလွင့်ပစ်ထားခဲ့ပေမယ့် ကျွန်တော့်ပစ္စည်းတွေချည်ပဲ ကြမ်းပေါ်မှာ ရောက်နေပြီး နဂိုရှိပြီးသားပစ္စည်းတွေက သူ့နေရာနဲ့သူအားလုံးပြန်ရောက်နေတယ် အို ဘုရား ဘုရား
ဒါဘယ်လိုဖြစ်တာလဲ ငါတစ်မနက်လုံးရှင်းလင်းထားတာပါ
ဘယ်သူဝင်မွှေသွားတာလဲ ကျွန်တော့်စိတ်တွေ လုံးဝထိန်းမရအောင် ခြောက်ခြားသွားပါတယ် ခုနကောင်မလေးကကော ဘယ်သူလဲ ကျွန်တော်ချက်ချင်းဆိုသလို အခန်းအပြင်ပြန်ထွက်ပြီး ဦးဒူဝစီသွားဖို့ဆုံးဖြတ်လိုက်တယ် ဒါပေမယ့် သူက တစ်ခုခုထူးခြားနေရင်မနက်မှလာဆိုပြီးမှာလိုက်တော့ ပြန်ထိုင်နေလိုက်ရတယ် ကျွန်တော်ဘာဆက်လုပ်ရမလဲ
မတတ်နိုင်ဘူး ကျွန်တော် ဒီညတော့ ဒီမှာနေရတော့မှာပေါ့
ကျွန်တော်လဲ တွေးရင်းတောရင်နဲ့ ဘယ်အချိန်ဘယ်လိုအိပ်ပျော်သွားတယ်မသိပါဘူး နှစ်နှစ်ချိုက်ချိုက်ကိုအိပ်ပျော်သွားတာ
ကောင်လေးတစ်ယောက်က ကောင်းမလေးတစ်ယောက်မွေးနေ့အတွက်ဆိုပြီးလက်ဆောင်ပစ္စည်းတွေအများကြီးယူလာတယ် နှစ်ယောက်သား အခန်းထဲမှာပြင်ဆင်ယင်းပျော်ရွှင်နေကြတာပေါ့ ဟိုပစ္စည်းလေး ဟိုနားထားလိုက် ဒီပစ္စည်းလေးဒီနားထားလိုက်ပေါ့ သူမဖွားဖွားက ဒီနှစ်ကောဆိုသုံးနှစ်ဆက်တိုက် ဘီလေးတစ်ခြောင်းမွေးနေ့လက်ဆောင်ပေးတတ်တယ် ဘီးသုံးခြောင်းလုံးမှာ ရေးထားတယ် H B from G-mom
တဲ့ သူမရဲ့ အမေစီက ဒီနှစ်တော့ သူမအကြိုက်ဆုံးအရောင်နဲ့  အင်္ကျီသုံးထည် လာပေးနေတယ် သူမအမေက အရပ်ပုပု အမျိုးသမီးတစ်ယောက်ပေါ့ ပေးပြီးသူမပြန်သွားတယ် 
သိပ်မကြာပါဘူး ခပ်ကြမ်းကြမ်းဖွင့်လိုက်တဲ့ တံခါးသံကြောင့် သူတို့နှစ်ယောက်လုံး လန့်သွားတယ်
နောက် အသားခပ်ညိုညို အမျိုးသားကြီးတစ်ယောက်ဝင်လာပြီးဆူကြိမ်းမောင်းပါတော့တယ် ကောင်လေးနဲ့ ကောင်မလေးကတော့ ဒူထောက်မတတ်တောင်းပန်နေတယ် ပတ်ဝန်ကျင်ကလူတွေတော်တော်များများလဲ ထွက်ကြည့်ကြတာပေါ့ အဲဒီအချိန်မှာ ကောင်မလေးကရှက်လို့ထင်ပါရဲ့ တိုက်ပေါ်ကဆင်းပြေးပါတော့တယ် ခပ်လှမ်းလှမ်းက ရေကန်စီပေါ့ ကောင်မလေးကပြေဆင်းသွားတော့ ကောင်လေးကလိုက်သွားဖို့ ပြင်တယ်ဆိုရင်ပဲ အသားညိုညို လူကြီးက ကောင်လေးကိုတားတယ် ကောင်လေးကဇွတ်ပါပဲ နောက်ကနေပြေးလိုက်သွားတယ် အဲဒီတော့ ကောင်လေးနောက်ကို အသားညိုညိုလူကြီးကပါ ထပ်လိုက်တာပေါ့ 
ကန်ထဲကို ထိုးထားတဲ့ တံတားထိပ်မှာ ကောင်လေးက ကောင်မလေးကို မျက်ရည်တွေသုတ်ပေးပြီးချော့နေတယ်
အဲဒီအချိန်မှာ ခုဏက အသားညိုညိုလူကြီးရောက်လာပြီး ကောင်မလေးကို လက်ညိုးငေါက်ငေါက်ထိုးပြောဆိုပြီး ရေထဲတွန်းချလိုက်တယ် နောက်ကောင်လေးလက်ကို ဆွဲပြီးအဲဒီနေရာကနေတရွတ်တိုက်ဆွဲခေါ်သွားတယ် ကောင်လေးကတော့ တဖွဖွတောင်းပန်ရင်း ငိုရင်းနဲ့ပါသွားတယ် ရုတ်တရက်ကျွန်တော်အသက်ရူတွေကြပ်လာတယ် အို ကျွန်တော်ရေမွန်းနေတာပဲ ဘုရားရေ ခုနကတွန်းချလိုက်တာ ကျွန်တော့်ကိုပါလား ဘုရား ကယ်ကြပါအုံး ရေနစ်တော့မယ်
ဇွတ်အတင်းရုံးရင်းကူးရင်းနဲ့ အိပ်ယာကလန့်နိုးသွားတယ်
ဘုရား ဘုရား ဘယ်လိုအိပ်မက်ကြီးပါလဲ ကြောက်စရာကောင်းလိုက်တာ မနက် ၇ နာရီ ၃၀ မိနစ်မှာ ကျွန်တော် အိပ်ယာကနိုးလာတယ် ရေချိုးအဝတ်အစားလဲပြီး ဦးဒူဝစီထွက်လာခဲ့လိုက်တယ် ဆိုင်နားလေးရောက်တော့ ကျွန်တော်ကြောင်သွားတယ် ဟုတ်သေးပါဘူး ဒီနေရာမှန်ပါတယ် ဘယ်ရောက်သွားတာလဲ ကျွန်တော်ညကဆိုင်ကိုရှားမတွေ့တော့ပါဘူး ညကဆိုင်နေရာမှာ မီးလောင်ထားတဲ့အခန်းပဲရှိနေတယ်
အထဲမှာလဲ ဘာဆိုဘာမှမရှိပါဘူး တော်တော်ဟောင်းနွမ်းနေတဲ့အခန်းပါ ညကမှ ကျွန်တော်ထိုင်ပြီး ညနေစာတောင်စားခဲ့ပါသေးတယ် ဘယ်လိုဖြစ်တာလဲ ဘေးနားကဖြတ်လျှောက်သွားတဲ့ အန်တီတစ်ယောက်ကိုတွေ့တာနဲ့
" အန်တီ ဒီနားက ၂၄ နာရီဖွင့်တဲ့စားသောက်ဆိုင်ကဘယ်လိုသွားရတာလဲပြောပြပေးပါလား ကျွန်တော်မျက်စိလည်နေသလားလို့ပါ "
" ဒီနားမှာ ၂၄နာရီဖွင့်တဲ့စားသောက်ဆိုင် မရှိပါဘူးကွဲ့ "
" ဗျာ... ဟုတ်လို့လား
ကျွန်တော်ညကမှ အဲဒီဆိုင်မှာ စားလာတာပါ ဒီနားလေးတစ်ဝိုက်မှာရှိတာ "
" မဖြစ်နိုင်တာ ကောင်လေးရယ် အမဒီနားမှာနေလာတာ၂နှစ်ကျော်ပြီ တစ်ခါမှမကြားဖူးပါဘူးကွယ် မယုံရင်လဲ ဆက်ရှာပေါ့ "
ခပ်ရွဲ့ရွဲ့ပြောသွားသောအမျိုးသမီးကြီးကို ငေးကြည့်ရင်မယုံနိုင်ဘူး ကျွန်တော်တစ်ကယ် ကြုံတွေ့ခဲ့တာပဲလေ ရုတ်တရက် ညကအိက်မက်ထဲက ကောင်မလေးအမေကို သွားသတိရတယ် အဲဒီအမျိုးသမီးကိုသိတာပေါ့ သူမက ကျွန်တော့်ကိုအိမ်ရှာပေးတဲ့ အိမ်ပွဲစားအမျိုးသမီးလေ အဲဒီတော့ ချက်ချင်းဖုန်းဆက်ခေါ်ရတော့တာပေါ့ သူမရောက်လာတော့မှ အကြောင်းဆုံသိရတယ်...
ကောင်မလေးက သူသမီးပါတဲ့ကောင်မလေးမွေးနေ့မှာ သူ့ကောင်လေးကပစ္စည်းတွေအများကြီးဝယ်ပေးပေမယ့်
သူ့ဦးလေးစီက ပိုက်ဆန်ခိုးပြီး ဝယ်ပေးတာတဲ့ အဲ့ဒါကို သူ့ဦးလေးကသိသွားပြီး ကောင်မလေးအခန်းသွားသောင်းကြမ်းရာက ကန်ဘေးမှာစကားအခြေအတင်ရန်ဖြစ်ပြီး ကောင်လေးဦးလေးက ကောင်မလေးကိုရေထဲတွန်းချပြီးသူ့တူကိုဇွတ်ဆွဲခေါ်သွားခဲ့တယ်တဲ့ ကောင်လေးဦးလေးက ကောင်မလေးရေမကူးတတ်တာမသိခဲ့တော့ ကောင်မလေးက ရေနစ်ပြီးဆုံးသွားခဲ့တာ နှစ်ယောက်လုံးကတော်တော်ချစ်ရှာတော့ ကောင်လေးပေးတဲ့ လက်ဆောင်ပစ္စည်းလေးတွေကိုစွဲလမ်းပြီး မကျွတ်မလွတ်ဖြစ်နေရှာတာပါ ကောင်မလေးဆုံးပြီး တစ်လလောက်အကြာမှာ ကောင်လေးက ဦးလေးဆိုင်မှာပဲ သူတစ်ယောက်တည်းရှိနေချိန်မှာ တစ်ဆိုင်လုံးမီးရို့ပြီးအဆုံးစီရင်လိုက်တယ်တဲ့ သူ့ဦးလေးကတော့ မီးထဲပါသွားတဲ့ သူ့တူကိုဝင်ကယ်ဖို့ကြိုးစားရင်းက သူပါမီးထဲပါသွားခဲ့တယ်တဲ့
" ဘုရား ဒါဆို အခုတိုက်ခန်းနားက လမ်းထောင့်ကဆိုင်က အဲဒီမီးလောင်တဲ့ အခန်းလား "
" ဟုတ်တယ် "
အိုးကျွန်တော့်စိတ်တွေခြောက်ခြားကုန်ပါတော့တယ် လမ်းပျောက်သွားသလိုပဲ တစ်ကိုယ်လုံးလဲအေးစက်သွားတယ်
" ဒါဆို ကျွန်တော် ဘာဆက်လုပ်သင့်လဲ "
" မပြောတတ်ဘူးကောင်လေး ငါတို့လဲ တတ်သမျှ သိသမျှနဲ့တော့ အနှောက်အရှက်မပေးအောင်လုပ်တာပဲ မရပါဘူးကွယ် "
" ဟာ အန်တီ အဲလိုတော့မလုပ်နဲ့လေ ဒါအန်တီ သက်သက်ညစ်တာပဲ အစကတည်းကကြိုပြောသင့်တာပေါ့ "
" ကောင်လေးငါက အိမ်ပွဲစားလေ အဲဒီလိုနိုက်နိုက်ချွတ်ချွတ်ပြောနေရင် ငါ့လက်ထဲမှာရှိနေတဲ့ အိမ်ခန်းတွေ ဘယ်ရောင်းထွက်ပါ့မလဲ ငါ့အိမ်ခန်းတွေရောင်းထွက်အောင် ငါကတော့ ငါ့ဘောင်ထဲကနေ ဆွယ်ရတာပဲ မင်းကိုယ်တိုင်ကကော ငါ့ကို ဒီလိုမေးခဲ့လို့လား အခုမှမေးတာလေ ကဲငါကတော့ပြောစရာရှိတာပြောပြလိုက်ပြီ ဒါမင်းပိုင်တဲ့အခန်း ကျန်တာမင်းကိစ္စပဲ ငါနဲ့မဆိုင်ဘူး "
ဆိုပြီးပြောဆိုရင်းအခန်းထဲကထွက်သွားတယ်ဗျာ
မှန်တဲ့စကားတိုင်းက တစ်ခါတစ်လေ နားဝင်ဆိုးတာဆိုတာဒါမျိုးပေါ့ သူပြောတာလဲဟုတ်နေတာပဲလေ ဘုကျကျအပြောခံရတော့ စိတ်ကလဲ တိုသွားတယ် ဟုတ်တယ် ဒါငါ့အခန်းပဲ လက်ရှိငါပိုင်တဲ့ငါ့အခန်း ဆိုပြီး
" ကဲ အမိ မင်းဘာသာဘာကောင်းဖြစ်ဖြစ် ဒီအခန်းကို အရင်ကမင်းပဲပိုင်ပိုင် ဘယ်သူပိုင်ပိုင် ငါဂရုမစိုက်ဘူး အခုလက်ရှိ မင်းအမေကိုယ်တိုင်ငါ့ကိုစာချုပ်စာတန်းနဲ့ တကွရောင်းလိုက်ပြီ အဲဒီတော့ ဒီအခန်းကလက်ရှိငါက တရားဝင်အပိုင်ပဲ ဒီတော့ ငါ့အခန်းကနေထွက်သွားပါ အခုချက်ချင်းထွက်သွားပါ မင်းပစ္စည်းတွေကိုပါ တစ်ပါတည်းယူသွား မနက်ဖြန်မနက်မိုးလင်းတာနဲ့ မင်းပစ္စည်းတွေကျန်နေရင် ငါအားလုံးမီးရို့ပစ်မယ်
အေးမင်းမကျေနပ်ရင် ငါ့ကိုရန်မရှာနဲ့ မင်းနဲ့ငါဘာမှမဆိုင်ဘူး မင်းအမေနဲ့သွားရှင်း "
ကျွန်တော်လဲ ဒေါသထွက်ထွက်နဲ့ ပြောဆိုပြီး အခန်းတံခါးကိုအပြင်ကသော့ခတ်ပြီးထွက်လာခဲ့တယ် ဒီနေ့တစ်ညတော့ အပြင်မှာပဲအိပ်ဖို့ဆုံးဖြတ်လိုက်တယ်
နောက်တစ်မိုးလင်းတော့ ကျွန်တော့်သူငယ်ချင်းစီကနေ ကျွန်တော်အိမ်ကိုပြန်လာခဲ့တယ် အိမ်နားမရောက်ခင် ရေကန်ဘေးကဖြတ်လျှောက်လာတော့ နေရောင်တလတက်လက်တောက်ပနေတဲ့ ရေကန်ထဲမှာ ပစ္စည်းလေးတွေ ပေါလောပေါ်နေတာတွေ့လိုက်ရတယ် သေချာကြည့်မိတော့ ဟာ ကျွန်တော့်အခန်းထဲက ပစ္စည်းအဟောင်းတွေပဲ ကျွန်တော်လဲ ဝမ်းသာအားရအခန်းစီပြေသွားပြီး သော့ဖွင့်ဝင်ကြည့်လိုက်တော့ တစ်ခန်းလုံးကျွန်တော့်ပစ္စည်းတွေကလွဲလို့ ဘာဆိုဘာမှရှိမနေတော့ပါဘူး ကုတင်ကော စားပွဲကောပါပဲ လုံးဝ ဟောခန်းကြီးပဲကျန်တော့တယ် ကျွန်တော်မှာရယ်ရမလိုငိုရမလိုပါပဲ အစအဆုံးအကုန်ပြန်မှာထည့်ရတော့တာပေါ့ နောက်တစ်ရက် အားလုံးအဆင်ပြေပြေဖြစ်သွားတော့ ကောင်မလေးအမေစီအဆင်ပြေသွားကြောင်းဖုန်းဆက်ပြောတော့ ကြားလိုက်ရတဲ့သတင်းအတွက် အံသြမိရပြန်တယ်
ကောင်မလေးအမေ အရူးထောင်ရောက်သွားတယ်တဲ့ မနေ့ကမနက်က အဖျားတွေကြီးပြီး ကယောင်ကတမ်းတွေပြောရာက သဲခြေပေါက်ပြီးရူးသွားတယ်လို့ ဆေးစစ်ချက်ထွက်လာတယ်တဲ့
ကျွန်တော့်အတွေးထဲတော့ ကြက်သီးတဖျန်းဖျန်းထသွားတယ်
တော်တော်ဆိုးတဲ့ ကောင်မလေးပဲ
သျှိုင်း (september 25, 2015)
တမလွန်ရောက်ချစ်သူ(စ/ဆုံး )
အခန်းထဲမှာကျွန်တော်တစ်ယောက်တည်း
တိတ်ဆိတ်ကြေကွဲနေရချေတော့သည်။
အခန်းရဲ့နံရံမှာသူနဲ့ကျွန်တော်ရဲ့ပုံရိပ်တွေ
စွဲထင်လို့နေချေတော့သည်။ကျွန်တော်နူတ်မှ
တစ်စုံတစ်ခုပြောမယ်လုပ်ပေမယ့်အပြင်က
တံခါးခေါက်သံကြောင့်နှုတ်ကနေ''ဝင်လာခဲ့
လို့ပြောချေတော့ကျွန်တော်သူငယ်ချင်းတစ်
သိုက်ဖြစ်သောအာကာ။ဝေဖြိုး။စည်သူတို့က
ကျွန်တော်အခန်းတွင်းသို့ဝင်လာချေပြီးအာကာ
ကနှုတ်ကနေ''ရှိုင်းမာန်..မင်းအခူထိဘာမှမပြင်
ဆင်ရသေးဘူးလားကားထွက်တော့မယ်''လို့
ပြောတော့ကျွန်တော်ခေါင်းငုတ်ပြီးတိတ်ဆိတ်
နေရာမှအာကာကိုမော့ကြည့်ပြီး''အခုအဖြစ်
အပျက်တွေကိုအိမ်မက်မက်နေတယ်လို့ပဲ
ပြောပါကြပါလားကွာ''လို့ပြောတော့စည်သူက
နှုတ်ကနေ''မင်းခံစားရတာငါတို့နားလည်ပါတယ်
ကွာအခုချိန်မှာကြွေလွှာရဲ့နောက်ဆုံးခရီးလေကွာ
မင်းလိုက်ပို့ရငိသူကျေနပ်မှာပါ''လို့ပြောလိုက်လေ
သည်။ဝေဖြိုးကနှုတ်ကနေပြီး''သွားပါကွာအဝတ်
စားသွားလဲကားထွက်တော့ပြောတော့ရှိုင်းမာန်ဆွပ်
ကျယ်ဝတ်ထားသောအပေါ်မှအကျီင်္ကောက်ဝတ်
လိုက်ချေပြီးကြေလွှာရဲ့နောက်ဆုံးခရီးကိုသူ့သူ
ငယ်ချင်းတွေနဲ့အတူလိုက်ပို့ဖို့အိမ်ကနေထွက်ခဲ့
ချေတော့သည်။ကားပေါ်မှာထိုင်နေရင်းနဲ့မှ
ကြေလွှာနဲ့ကျွန်တော်ရဲ့အတိတ်ကပုံရိပ်တွေ
တွေကိုပြန်စဉ်းစားမိနေချေတော့သည်။
အနေအထိုင်အေးဆေးတည်ငြိမ်လှသော
သူမကိုကျွန်တော်စိတ်ဝင်စားခဲ့ပါသည်။
ကျွန်တော်သူမနောက်ကွယ်မှာရည်းစားတွေ
မှိုလိုပေါက်အောင်ထားခဲ့ပေမယ့်သူမအားလုံး
နားလည်ခွင့်လွှတ်ပေးခဲ့သည်။တစ်ရက်သူမက
ကျွန်တော်ကိုနှုတ်ကနေ''ငါတို့လမ်းခွဲရအောင်''
''ဘာလို့လဲငါအပြစ်တွေအားလုံးနင်ကိုဝန်ခံ
ပြီးပြီလေ''
''နင့်လိုရည်းစားတွေထည်လဲတွဲနေတဲ့လူကို
ငါကအိမ်ထောင်ဘက်အဖြစ်ရွေးမယ်ထင်လား
ရယ်စရာလာမလုပ်နဲ့''
''ရယ်စရာ..နင်ငါ့ကိုမချစ်ဘူးလား''
''ပာုတ်တယ်မချစ်ဘူးငါနင့်ကို..ရည်းစားတွေ
ထည်လဲတွဲခဲ့တဲ့နင့်ကိုlessonပေးချင်လို့
တွဲခဲ့တာဒါပေမယ့်အဲ့အချိန်တွေကိုငါအရမ်း
နမြောတယ်. .အခုငါ့အဒေါ်ပေးစားတဲ့သူနဲ့
ပဲယူတော့မယ်နင့်ဘဝအမြဲတမ်းပျော်ရွှင်နေပါ
စေလို့ငါဆုတောင်းတယ်သွားတော့မယ်''လို့
ပြောပြီးလှည့်ထွက်သွားတော့''ငါကနင့်ကိုကော
ချစ်တယ်လို့ထင်နေလား''လို့ပြောတော့သူမ
သူ့ကိုလှည့်ကြည့်ချေသည်။''ငါနင့်ကိုမချစ်ဘူး
နင်ခေါင်းထဲမှာမှတ်ထား''လို့ပြောချေတော့
သူမသူ့ကိုအတန်ကြာစိုက်ကြည့်ပြီးနှုတ်ကနေ
ပြုံးပြီး''ပာုတ်လား. . .ကောင်းတာပေါ့''လို့သူမ
ပြောပြီးကျွန်တော်အနားကထွက်ခွာသွားချေ
သည်။ဒါပေမယ့်ကျွန်တော်မသိလိုက်တဲ့သူမဆီ
ကအမှန်တရားကသူမကင်ဆာနောက်ဆုံးအဆင့်
ခံစားနေရတယ်ဆိုတာပါပဲ. . .သူမနဲ့ကျွန်တော်
လမ်းခွဲပြီးနောက်ပိုင်းကျွန်တော်အရကိကျေးကျွန်
ဖြစ်ခဲ့ချေသည်။''စိတ်ထဲကနေ''ရက်စက်တယ်ကွာ
လို့အကြိမ်ကြိမ်ပြောနေလေသည်။ကျွန်တေိာအဖြစ်
ကိုမကြည့်ရက်သောဝေဖြိုးကကျွန်တော်ကိုစာတစ်
ဆောင်လာပေးချေသည်။ ''နင်ဒီစာကိုဖတ်နေချိန်
မှာငါလူ့လောကထဲမှာရှိချင်မှရှိလိမ့်မယ်...ငါ့ကို
ဆရာဝန်ကသွေးကင်ဆာနောက်ဆုံးအဆင့်တဲ့
ငါနင့်ကိုဘယ်လိုပြောထွက်မလဲပာယ်ငါအရမ်း
ချစ်တဲ့နင့်ကို...နင့်ငါ့ကိုမချစ်ဘူးဆိုတော့ငါ
စိတ်ပေါ့သွားတာတော့အမှန်ပဲအနည်းဆုံးတော့
နင့်ငါ့အတွက်မခံစားရတော့ဘူးပေါ့ပာာငါနှုတ်
ဆက်ခဲ့ပါတယ်''လို့စာအဆူံးမှာစည်သူနဲ့အာကာ
ကပါစာကိုဖတ်လိုက်ချေပြီးအကုန်အံ့သြနေချေ
သည်။ဝေဖြိုးကနှုတ်ကနေ''ကြေလွှာကင်ဆာ
ဖြစ်နေတာငါသိတာကြာပြီငါနဲ့အဆက်အသွယ်
အမြဲရှိခဲ့တယ်သူမင်းနဲ့လမ်းခွဲတဲ့နေ့မှာပဲ
ဆေးရုံတက်လိုက်ရတယ်ငါ့ကိုသူမခွဲစိတ်ခင်
ဒီစာပေးပေးပါဆိုလို့ငါလာပေးတာငါ့ကိုခွင့်
လွှတ်ပါကွာကြေလွှာကမပြောနဲ့ဆိုလို့ပါ''
လို့ဝေဖြိုးပြောတော့ရှိုင်းမာန်ကနှုတ်ကနေ
''သူဘယ်ဆေးရုံတက်နေတာလဲ''
' '.?..''လို့ဆေးရုံနာမည်ဝေဖြိုးပြောလိုက်တော့
ရှိုင်းမာန်ဆေးရုံကိုလိုက်သွားချေသည်။
ဝေဖြိုးကနူတ်ကနေ''ရှိုင်းမာန်လိုက်သွားပါစေ
ကွာဒီနေ့ကြေလွှာခွဲစိတိတဲ့နေ့ကွ''လို့ပြောပြီး
ဆောင့်ဆောင့်ထိုင်ငိုချေတော့သည်။စည်သူက
အာကာကပါးစပ်အပောာင်းသားဘာပြောရမှန်း
မသိဘဲထိုင်လိုက်ချေတော့သည်။
ရှိုင်းမာန်ဆေးရုံကိုလိုက်သွားတော့ခွဲစိတ်ခန်း
ပြင်ပမှာစောင့်နေသောကြေလွှာအဒေါ်ကို
တွေ့ချေလေသည်။သူကိုတွေ့သည်နင့်
''သားရှိုင်းမာန်''လို့ကျွန်တော်ဆီလာပြီး
ပြေးဖက်ချေသည်။ခွဲစိတ်မှုအပြီးမှာဖြင့်
အသက်မဲ့လှသောသူမခန္ဓာကိုယ်သည်သာ
ကျန်ရစ်လို့နေချေသည်။ကျွန်တော်မျက်ဝန်း
ထက်ကမျက်ရည်စက်တွေကျဆင်းသွားချိန်
မှာတော့သူတွေးတောနေတာကိုရပ်တန့်ပြီး
ဘေးဝန်းကျင်ကိုကြည့်လိုက်ချေသည်။သူသာန်
မြေပြင်ကိုရောက်သည်နင့်စိတ်ထဲမှာလေးလံ
သွားသည်။သူတို့ကြေလွှာအနားသို့ပုံမှန်ခြေလှမ်း
များဖြင့်လျှောက်သွားချေသည်။နင်းဆီပန်းခင်း
တွေထဲအိမ်မောကျနေသူပမာကျွန်တော့်ကြွေရုပ်
ဖြနိ့ကြဲထားသောနင်းဆီတွေကြားမှာပိုပြီးလှပလို့
နေချေသည်။ဆွေမျိုးမများသောသူမအဖို့သူမနောက်
ဆုံးခရီးကိုလိုက်ပို့ဖို့သူမဒေါ်လေးလည်းမပါချေ။သူမ
စိတ်ကြောင့်ဆေးရုံမှာဘုန်ူးဘုန်းလဲနေချေသည်။
သူကြွေရုပ်ကိုကြည့်ပြီးနူတ်ကနေ''ငါနင့်ကိုချစ်ပါတယ်
ပာာငါနင့်အနားမှာမရှိနိင်တော့ပေမယ့်နင်ယုံနော်ငါ
နောက်ထပ်ပွေမရှုပ်ဘဲနင့်ကိုပဲချစ်နေမှာပါဖြစ်နိင်ရင်
ငါနင်နဲ့နောက်တစ်ကြိမ်ထပ်တွေ့ချင်တယ်မဖြစ်နိင်ဘဲ
သိပေမယ့်ငါနင့်ကိုနှုတ်ဆက်ပါတယ်ပာာ''လို့ပြောချေ
ပြီးသူမကိုသဂြိုလ်တဲ့အထိကြည့်ပြီးမှပြန်မလာမီအာကာ
ကနူတ်ကနေ''ကြေလွှာရေငါတို့ပြန်ပြီနင်ငါတို့နဲ့လိုက်
ချင်ရင်လိုက်ခဲ့လို့ရတယ်နော်''လို့ပြောလိုက်တော့
စည်သူကနူတ်ကနေ''ပော့ကောင်ဒါသူသာန်နော်
မင်းဘာတွေပြောနေတာလဲ''လို့ကြောက်ကြောက်
လန့်လန့်နဲ့ပြောပေမယိ့သူ့တစ်ကိုယ်လုံးကြက်သိမ်း
တွေဖြန်းဖြန်းထချေတော့သည်။ဝေဖြိုးကတော့
ဘေးဘက်ဝဲယံကိုကြည့်ပြီးဘာမှမပြောချေ။ရှိုင်းမာန်
ကအကုန်လုံးထက်တိတ်ဆိတ်နေချေတော့သည်။
#############
အာကာပြောစကားကြောင့်ဘယ်အရာမဆို
ကြောက်တတ်သူစည်သူကတော့ဒုက္ခရောက်
နေချေတော့သည်။တိုက်ခန်းတစ်လုံးကိုရှိုင်းမာန်
ပိုင်ချေတော့သုူတို့သုံးယောက်မှာရှိုင်းမာန်ကို
ကပ်ပြီးစားရချေပြီးအိပ်တော့လည်းနစ်ယောက်
တစ်ခန်းအိပ်ကျချေသည်။ညည့်နက်သန်းခေါင်
ယံဆိုတော့ခွေးတွေကလည်းအူနေလိုက်ကြတာ
ဓါတ်စက်ဖွင့်ထားသည့်ပမာ။သူစောင်ခေါင်းမြီး
ခြုံပြီးအိပ်လိုက်ချင်ပေမယ့်ဗိုက်ကပြသနာက
အရေးကြီးလှသည်မို့အိပ်နေသောအာကာကို
လှုပ်နိးပြီး''ပော့ကောင်ထပါဦးကွာငါနဲ့အဖော်
လိုက်ခဲ့ပါလား''
''သွားပါလားကွာငါအိပ်ချင်လို့ပါ''လို့ပြောတော့
တစ်ဖက်လှညိ့ပြီးမနက်ကျမှသွားမယ်စိတ်ကူး
ဖြင့်စောင်ခြုံပြီးတစိဖက်လှညိ့လိုက်ချေသညိ။
''အာကာစိတ်ထဲကနေ''ငါ့ကိုပိုက်ဆံမချေး
ချင်တဲ့ချစ်တီးကောင်ခံပေတော့''လို့ပြောပြီး
အိပ်လိုက်ချေသည်။၁၅မိနစ်နေချိန်လောက်
နေတော့သူနဲ့လက်မောင်းကိုရိုက်လေသော
ကြောင့်''ပော့ကောင်ပြောပြီးပြီလေငါ
မလိုက်ဘူး''လို့ပြောပြီးပြန်အိပ်ချေသည်။
ခဏခဏသူ့ကိုလှုပ်နိးနေချေတော့''ငါဒေါသ
ထွက်လာပြီနော်ပော့ကောင်''လို့ပြောပြီး
စည်သူကိုရန်အလုပ်မှာခေါသံညံစီစွာဖြင့်
အိပ်နေတာတွေ့သောကြောင့်''ပော့ကောင်
အိပ်ချင်ယောင်မဆောင်နေနဲ့ထလို့ပြောပေမယ့်
စည်သူတုပ်တုပ်မှမလှုပ်အိပ်နေချေတော့သူသံသယ
ဖြစ်စွာဖြင့်ပြန်လဲလျောင်းလိုက်ချေသည်။စိတ်ထဲမှာ
တော့''လာကြည့်ဒီတစ်ခါအမိဖမ်းမယ်လို့တွေး
ပြီးအိပ်ချေသည်။ဒီတစ်ခါလည်းလုပ်နှိုးချေတော့
လှုပ်နိးသောလက်ကိုအမိအရဆုပ်ကိုင်လိုက်ချိန်
ဖြင့်အေးစက်နေတာကြောင့်သူအနောက်ကိုလှည့်
ကြည့်လိုက်လေတော့သည်။မျက်နာပြင်တစိခု
လုံးဖြူဖွေးပြီးပြင်ညီမျက်နာကိုတွေ့လိုက်ရချိန်မှာ
တော့ဘာမှစဉ်းစားမနေတော့ဘဲအသံကျယ်စွာ
ဖြင့်''အား...သရဲ'လို့မျကိလုံးစုံမှိတ်ပြီးအော်လိုက်ချေ၏
အာကာအော်သံကြောင့်လန့်နိးသွားသောစည်သူက
မျက်လုံးဖွင့်ကြည့်လိုက်ပြီး''ပော့ကောင်ဘာဖြစိတာလဲ''
''ပိာုမှာ. . .ပိာုဘက်မှာ''လို့မျက်လူးံပိတ်ပြီး
ပြောချေတော့စည်သူက''ဘာလဲ. . .ဘာရှိလို့လဲ''
''သရဲ''လို့အာကာပြောချေတော့စည်သူက
''မနောက်ပါနဲ့ကွာ. . .ဘယ်မှာလဲကွငါကို
မနေရဲအောင်မလုပ်ပါနဲ့ကွာ''လို့ခုတငိပေါ်
စောင့်စောင့်ထိုင်လိုက်ပြီးစိတ်ညစ်ညစ်
နဲ့ပြောလိုက်ချေတော့သည်။''အာကာလည်း
စည်သူပြောစကားကြောင့်မျက်လုံးဖွငိ့ကြညိ့
တော့မြင်ကွင်းထဲမှာရှင်းလင်းနေတာကိုတွေ့ရ
ချေတော့သည်။သူထပြီးခုတင်အောက်တွေ
အပြင်ဘက်တွေကြည့်နေချေတော့စည်သူက
''ပော့ကောင်ဘာကြည့်နေတာလဲကွာလာ
အိပ်ပါတော့ငါတစိယောက်တည်းကြောက်
လို့ပါ''
အာကာနားမလည်နိင်စွာဖြင့်စည်သူဘေး
မှာအိပ်လိုက်ချေပြီးအခုကြောက်စိတ်ထက်
သူ့ကိုလာခြောက်သောသူကိုသာစိတ်ဝင်
စားမိတော့သည်။တကယ်လို့သူမသည်
ကြေလွဲဖြစ်ခဲ့ရင်တော့. . . . .အတွေးပေါင်း
များစွာနယ်ချဲ့မိနေချေတော့သည်။
##########
သူတို့သူငယ်ချင်းလေးယောက်အတူဆုံချိန်မှာတော့
မျက်ကွင်းတွေချိုက်နေတဲ့အာကာကိုမြင်တော့
'ရှိုင်းမာန်နှုတ်ကနေ''မင်းနေမကောင်းဘူးလား' '
''ပာုတ်ပါဘုးကွာညကအိပ်မရဖြစ်လို့ပါ''
''မပာုတ်ပါဘူးကွာညကဒီကောင်သရဲခြောက်
ခံရလို့စည်သူပြောတော့ဝေဖြိုးက
''မင်းသရဲကြောက်တိုင်းမအော်နေနဲ့ငါတို့
ွှုရိုင်းမာန်တို့အိမ်မှာနေတာကြာပြီသရဲတစ်ခါ
မှမခြောက်ဘူး''
''ပာာ. . .တော်ကြပါတော့ကွာ''လို့အာကာ
ပြောပြီးနှုတ်ကနေထက်ပြီး''ငါအမြင်မှားတာ
ငါရေးနေကြဇာတ်လမ်းတွေကိုသတိရပြီးတော့''
လို့ပြောချေတော့''ကဲကြားတယ်နော်မင်း..လို့ရှိုင်းမာန်
စည်သူကိုကြည့်ပြီး''မင်းကြောက်တိုင်းလျှောက်မ
အော်နဲ့ဒီထက်ဆိုးလာရင်စိတ်ကျန်းမာရေးဆေးရုံ
ပို့ပစ်မယ်''လို့ပြောတော့စည်သူ...အာကာကိုကြည့်
တော့သူဘာမှမသိသလိုပိာုကြည့်ဒီကြည့်နဲ့လုပ်ချေလေ
သည်။မျက်မှန်ကိုချွတ်ပြီးလေလေးတောင်တစ်ချွန်ချွန်
လုပ်နေချေတော့''မနေ့ကတော့ဒီပုံစံမပာုတ်ဘူး
စာရေးဆရာတဲ့ရုပ်ရှင်မင်းသားသာလုပ်စားပါတော့
လား''လို့စိတ်ထဲကနေပြောလိုက်ချေတော့သည်။
############
ဝေဖြိုးအခန်းထဲမှာဂီတာတီးပြီးသီချင်းရေးနေရာ
မှရှိုင်းမာန်ဘက်လှည့်ပြီး''သူငယ်ချင်းကြီးငါ့ကို
ကော်ဖီလေးတစ်ခွက်လောက်တိုက်ပါလား''
''အခုတလောငါလည်းဆိုင်တွေမှာသီချင်း
မဆိုရလို့ဘိုင်ပျက်နေတာမင်းသိတယ်နော်
ထမင်းနပ်မှန်အောင်စားရတာကိုပဲကျေးဇူးတင်''
''အဲ့အတွက်တော့ဘာမှမပူနဲ့ငါphytoရိုက်
လာရလို့ပိုက်ဆံရလာတယ်ပောာဒီမှာလို့စည်သူ
ကော်ဖီမစ်ထုတ်တွေကိုပြချေသည်။
''ကော်ဖီသောက်မှာမှတ်လားမပူနဲ့ငါဖျော်တိုက်မယ်
လို့ပြောတော့ဝေဖြိုးနူတ်ကနေ''ငါသောက်ချင်တဲ့လူပဲ
ငါကိုယ်တိုငိဖျော်တိုက်ရမှာပေါ့''လို့ကော်ဖီမစ်ထုတ်
ယူပြီးနောက်ဖေးအခန်းထဲသို့ဝင်ခဲ့ချေသည်။
''အမြဲတမ်းကော်တရာကပ်စည်းအတွက်''လို့
ပြောပြီးဝမ်းနှုတ်ဆေးပြားတစ်ပြားထည့်လိုက်
ချေပြီးနှုတ်ကနေဆက်ပြီး''ကြောက်တက်ရုံ
ပြင်ဘာမှမသိတဲ့ငကြောက်အတွက်''လို့ပြော
၍ဝမ်းနှုတ်ဆေးတစ်ပြားထည့်လိုက်ချေသည်။
သူအတွက်တော့sugarအပြည့်နိ့ဆီပြည့်
ကော်ဖီတစ်ခွက်ကိုဖျော်လိုက်ချေတော့သည်။
သူကိုသူတစ်ယောက်တည်းသဘောကျနေပြီး
အရှေ့သို့အလှည်ပုံရိပ်တစ်ခုသူ့ရှေ့ကနေဖြတ်
သွားသည်မို့အနောက်ကနေ''ဘယ်သူလဲ
အာကာလား''လို့မီးဖိုခန်းအပြင်ကနေထွက်ပြီး
မျက်လုံးကပိာုရှာဒီရှာလုပ်ပေမယ့်မတွေ့ပေ။
ဝေဖြိုးကော်ဖီခွက်တွေယူပြီးအိမ်ရှေ့သို့ထွက်ခဲ့
ချေတော့သည်။''ဘယ်လိုလဲအဆင်ပြေကြလား''
လို့မေးတော့စည်သူကနှုတ်ကနေ''နည်းနည်းခါး
သလားလို့ပာ''လို့ပြောချေတော့ရှိုင်းမာန်က
နှုတ်ကနေ''ကောင်းပါတယ်အချိုတောင်များ
မယ်လို့တောင်ထင်ရတယ်ကောင်းတယ်''
''ဝေဖြိုးနှုတ်ကနေပြုံးပြီးကော်ဖီကိုမော့သောက်
လိုက်ချေတော့သည်။
########
''ပာ...ပော့ကောင်မင်းမပြီးသေးဘူးထွက်တော့
ငါအပြင်မှာထွက်ကြတော့မယ်''လို့အပြင်ကနေ
ဝေဖြိုးပြောချေတော့''စည်သူချည်နဲ့နဲနဲ့အိမ်သာ
ထဲထွက်လာချေသည်။ဝေဖြိုးးအိမ်သာတက်နေရင်း
နဲ့မှ''တောက်. . ငါကိုယ်ထောင်ချောက်နဲ့ကိုပြန်မိ
ရတယ်လို့ပြောရင်းနှဲ့မှအပြင်ကစည်သူက
''ပော့ကောင်မြန်မြန်ထွက်ပါတော့ငါါအပြင်မှာ
ထွက်တော့မယ်''လို့စည်သူပြောချေတော့
သူတို့နစ်ယောက်ကိုကြည့်နေသောအာကာနဲ့
ူရိုင်းမာန်နဲ့ကနှုတ်ကနေပြိုင်တူရယ်ပျောတီး
သလိုလက်ခုပ်ဖြင့်အားပေးနေချေလေသည်။
 ''ပော့ကောင်တွေဘာလို့လက်ခုပ်တီးနေတာ
လဲဒီမှာသေတော့မယ်''လို့စည်သူကပြောချေတော့
''ဖြစ်မှာပေါ့အစားမတရားတွေစားတာကိုဖြစ်
တာတောင်နည်းသေးတယ်''လို့အာကာကပြော
ချေသည်။ ''ရော့ဝမ်းပိတ်ဆေးသောက်လိုက်
လို့ရှိုင်းမာန်ပြောချေတော့စည်သုနဲ့အာကာ
ဆေးတစ်လုံးစီသောက်လိုကိချေတော့သည်။
စည်သူကအိမ်သာထဲပြန်ဝင်သွားချေမှ
''တကယ်တော့အစားမှားတာမပာုတ်ပါဘူး
ကွာငါမနေ့ကမငိးတို့နစ်ယောက်ကိုနောက်
ချင်တာနဲ့ကော်ဖီထဲမှာဝမ်းနှုတ်ဆေးတွေ
ထည့်လိုက်တာငါကော်ဖီခွက်သေချာမှတ်ထား
ရဲ့သားနဲ့ဘယ်လိုလုပ်ကော်ဖီခွက်ချင်း
မှားသွားလည်းမသိဘူး''လို့ပြောပြီးစည်သူ
ပြန်အထွက်လာမှာအိမ်သာထဲသို့ဝင်သွား
ချေသည်။
ထိုအချိန်နောက်ဖေးမီးလုံးရဲ့အရောင်ကဖျော့
သွားလိုက်ပြန်လင်းလာလိုက်နဲ့သူတို့ရှေ့ကိုအရိပ်
တစ်ခုဖြတ်၍သွားတာကိုရှင်းလင်းစွာမြင်တွေ့လိုက်
ရသည်။ဝေဖြိုးအိမ်သာထဲကထွက်လာပြီးမီးလုံးကို
ကြည့်လိုက်ချိန်မှာတော့မျက်နာကျက်မှာဆံပင်ရှည်ရှည်နဲ့မိန်းမတစ်ယောက်တွဲလောင်းကြီးသူ့ကို့ကြည့်နေ
သောမြင်ကွင်းကိုတွေ့လိုက်ရချေပြီးစကား
မေးတောင်မရဘဲမေ့လဲသွားချေတော့သည်။
#######
''ပော့ကောင်. . .ဝေဖြိုး ..ဝေဖြိုး''ဆိုပြီး
ရှိုင်းမာန်တို့လုပ်နိးချေမှ'ဝေဖြိုးမေ့နေရာမှ
ပြန်သတိဝင်လာချေတော့သညါ။
''ဝေဖြိုးမင်းသတိရလာပြီလား''
''ငါဘာဖြစ်သွားတာလဲ''
''မင်းမေ့လဲသွားလို့ငါတို့ဒီကိုခေါ်လာတာ
မင်းဘာဖြစ်တာလဲ''
''ပော့ကောင်ငါတို့အိမ်မှာမကောင်းဆိုးဝါး
ရှိတယ်ငါမြင်ရတယ် '''
ရိုင်းမာန်လည်းနူတ်ကနေ
''ငါရိပ်မိပါတယ်ငါ့ရဲ့အရှေ့ကိုလည်း
ညတိုင်းအရိပ်တစ်ခုခုဖြတ်သွားတာ
မြင်ရတယ်ခြေသံတွေကြားရတယ်''လို့
ပြောတော့စည်သူက''တော်ပါတော့ကွာ
ငါကြောက်လို့ပါ' 'လို့ပြောချေတော့အာကာက
''မင်းအဲ့လိုကြောက်နေလို့ငါတို့ဘာမှမပြော
ခဲ့တာအခုတော့မရဘူးအဲ့မကောင်းဆိုးဝါးကို
အိမ်ကနေမောင်းးထုတ်ရမယ်''လို့ပြောချေတော့
အကုန်လုံးကသဘောတူညီစွာခေါင်းညိတ်လိုက်
့ကြချေတော့သည်။
အာကာဦးဆောင်ပြီးအိမ်ကိုပရလောကသား
တွေကိုနိမ်နင်းတဲ့သူခေါ်လာချေသည်။
ထိုသူကနူတ်ကနေ''အမှောင်တွေဖုးူံနေတာပဲ
အဘအစီအမံတွေနဲ့မကောင်းဆိုးဝါးကို
နိမ်နင်းပေးမယ်ပော့''လို့ဘိုးတော်စကား
အဆုံးမှာဖွင့်ထားသောအိမ်ရဲ့တံခါးဝကပြတငိး
ပေါက်ကအစရှိရှိသမျှပြတငိးပေါက်တွေ
အားလုံးလေမတိုက်ဘဲပိတ်လိုက်ဖွင့်လိုက်ဖြစ်
ချေပြီးမှအိမ်ရှေ့တံခါးကပိတ်၍သွားချေတော့
သည်။''ပဲာ့ဝိဥာဉ်နင်ကငါနဲ့ပညာစမ်းချင်တာလား'''
''စမ်းရအောင်နင်မှာဘာပညာမှမရှိတာ''လို့စည်သူ
ပြောစကားကြောင့်ဘေးနားမှာရှိသောဝေဖြိုးက
''ပော့ကောင်စည်သူ'လို့ပြောချေတော့
''don'ttouchme''လို့ပြနိပြောချေ၏။
''ပဲာ့ဝိဥာဉ်နင်သူတို့ကိုဘာလို့နောက်
ယှက်နေတာလဲဒီအိမ်ကအခုထွက်သွားစမ်း''
''မသွားဘူးဆရာအတု''
''ငါဆေးကြိမ်လုံးနဲ့ရိုက်လိုက်ရ''
''နင်ထိရဲရင်ထိကြည့်လေ''
''နင်ကစိန်ခေါ်မှတော့ငါကပညာအစွမ်း
ပြရတာပေါ့ကဲကွာ. . .ကဲကွာ''ပာူပြီး
စည်သူကိုယ်မှာပူးနေသောoိဥာဉ်ကိုရိုက်
ချေတော့အကုန်လုံးပါးစပ်ပိတ်ပြီးအခြေ
အနေစောင့်ကြည့်နေချေတော့သည်။
''ပဲာ့ဆရာအစုတ်ငါနာတယ်နော်.''
နာတယ်ပာုတ်လားဒီအိမ်ကအခုထွက်သွားစမ်း
' 'ငါနာတယ်လို့ပြောနေတယ်''လို့ပြောပြီးကြိမ်လုံး
ကိုလက်ကနေတားလိုက်ပြီး''ငါ့တော့မသွားဘူး
နင်အခုထွက်သွား..သွား ''
''မသွားဘူး''
''မသွားဘူးပေါ့ပာုတ်လား. . .ကဲပာာကဲ''ဆိုပြီး
ဝေဖြိုးခေါ်လာသောဆရာကိုစည်သူထဲကဝိဥာဉ်
ကရိုက်ပြီးကောင်းကောင်းပညာပြန်ပေးနေချေ
တော့သည်။
''အခုချက်ချင်းဒီအိမ်ကထွက်သွား. . .သွား''လို့
ပိတ်နေသောတံခါးကအရှိန်ပြင်းစွာပွင့်သွားချေသည်
ဆရာအတုလည်းဖိနပ်တောင်မစီးဘဲတစ်ကျိုးတည်း
ပြေးတာအနောက်တောင်လှည့်မကြည့်တော့ချေ။
ရှိုင်းမာန်နူတ်ကနေ ''နင်ဘယ်သူလဲကြေလွှာလား''
''ပာုတ်တယ်နငိ့ငါ့ကိုအလိုမရှိဘူးမှတိလား''
''ကြေလွှာ. . .ကြေလွှာရယ်''
''ငါသွားတော့မယ်မနေ့ဖြန်ငါ့အတွက်ဘုန်းကြီး
ပင့်ပေးပြီးအမျှဝေပေးပါ''လို့ပြောပြီးစည်သူကိုယ်
ထဲကနေထွက်သွားချေသည်။အကုန်လုံးအရင်က
ထက်ငြိမ်နေတာတော့စည်သူကနှုတ်ကနေ
''မင်းတို့ဘာဖြစ်နေကြတာလဲငါတစ်ကိုယ်
လုံးလည်းကိုက်ခဲနေတာပဲ''လို့စည်သူ
ရှုံ့မဲ့မဲ့နဲ့ပြောတော့အာကာက''မနေ့ဖြန်မင်း
ပိုပင်ပန်းမလားမသိဘူး' 'လို့ပြောပြီးသူ့လက်မောင်း
ကိုပုတ်ပြီးအနားကနေထွက်သွားချေတော့သည်။
ရှိုင်းမာန်နဲ့ဝေဖြိုးလည်းသူ့ကိုဘာမှမပြောဘဲအနားက
လို့ပြောပြီးထိုင်တဲ့နေရာမှာပဲကြောင်တောင်တောင်
ကျန်ခဲ့ချေတော့သည်။
#############
the  end
ကြေလွှာပြောတဲ့အတိုင်းဘုန်းကြီးသုံးပါး
ပင့်ပြီးအမျှဝေပြီးရေစက်ချနေစဉ်စည်သူ
နူတ်ကနေဘဲ''ရပ်တော်မူပါဦးဘူရားတပည့်တော်
မရှိုင်းမာန်ကိုနောက်ဆုံးစကားပြောစရာရှိသေးလို့ပါ''
လို့ပြောချေတော့ဘုန်းဘူန်းတွေကခေတ္တစောင့်
ဆိုင်းပေးချေသည်။
''ရှိုင်းမာန်. . .ငါသွားတော့မယ်နင့်အတွက်ငါ
အရင်ကတည်းကစူပေးထားတဲ့ပိုက်ဆံရှိတယ်
နင်သီချင်းခွေထွက်နေတဲ့အချိန်ငါမရှိတော့ပေမယ့်
နင့်ကိုအခုလိုလုပ်ပေးလိုက်ရတဲ့အတွက်ငါကျေနပ်
တယ်''
''နင်ဘယါတုန်းကပိုက်ဆံစူထားတာလဲ''
''ငါ့ပိုကိဆံတွေကသန့်ရှင်းပါတယ်ရှိုင်းမာန်ရယ်
နင်ရဲ့အခန်းထဲကဒုတိယမြောက်အံစွဲထဲမှာငါ
ထည့်ထားတယ်လက်ခံပေးပါပာာမသေခင်
နင့်ကိုမပြောလိုက်ရတဲ့အတွက်စိတ်ဆွဲပြီး
ငါမကျွတ်လွတ်ဖြစ်နေရတာပါ''
''ငါ . . .ငါလက်သင့်မခံနိင်ဘုးပာာ
နင်ကနောက်ကွယ်မှာအလုပ်လုပ်ပြီး
ပိုက်ဆံရှာနေတာငါဘာမှမသိခဲ့ဘူး
ငါတောင်းပန်ပါတယ်''
''မလိုပါဘူးပာာနင်အောင်မြင်တဲ့
အဆိုတော်တစ်ယောက်အနေနဲ့
ငါမြင်ချင်တယ်ငါသွားဖို့ငါ့ကိုရေစက်
ချပြီးအမျှပေးပါတော့ပာာ''လို့ပြောတဲ့အဆုံး
မှာစည်သူခန္ဓာကိုယ်ထဲကထွက်သွားချေတော့သည်။
ရှိုင်းမာန်မျက်ဝန်းထက်ကမျက်ရည်များကျဆင်း
လို့နေချေသည်။သူမကျွန်တော်မမြင်နိင်တဲ့နေရာ
မှာသာဓုခေါ်နေမှာကျွန်တော်သိပေမယ့်ကြေလွှာ
အတွက်ဖြေမဆည်နိင်။
ကျွန်တော်အခန်ူးရဲ့အံစွဲထဲမှာတကယိဘဲကြေလွှာ
ပြောသလိုပဲဖြစ်နေချေတော့သည်။
     ဇီးကွပ်ရုပ်စုဘူးလေးကိုကိုင်ပြီး''ငါတောင်းပန်
ပါတယ်ကြေလွှာရယ်တကယ်တောင်းပန်ပါတယ်''
လို့ပြောပြီးအခန်းထဲမှာငိုကြွေးမိနေချေတော့သည်။
သူ့သူငယ်ချင်းတွေကအခန်းထဲလာပြီးသူ့ကိုအား
ပေးချေတော့သည်။စည်သူကနှုတ်ကနေ
''ငါသိပြီးသွားပြီဝေဖြိုးပြောပြလို့ကြွှေလွှာအကြောင်း
ငါစိတ်မကောင်းဘူးကွာဒါပေမယ့်မင်းသူ့အတွက်
ကြိုးစားလိုက်စမ်းပါကွာ''လို့ပြောလိုက်ချေတော့
ရိုင်းမာန်သူ့သူငယ်ချင်းဘက်ကြည့်ပြီးနှုတ်ကနေ
''ငါအရမ်းခံစားရတယ်သူငယ်ချင်းတို့ရာ''လို့ပြောတော့
အာကာက''မင်းမငိုနဲ့လေကွာမင်းငိုတော့ငါ့တို့လည်း
ငိုချင်တာပေါ့ကွာ''လို့ပြောတော့သူ့သူငယ်ချင်းတွေနဲ့
ခဏတာအငိုပွဲကျင်းပနေတော့သည်။
(3နစ်ခန့်ကြာသော်)
အရာအားလုံးအဖြစ်အပျက်တွေကမနေ့တစိနေ့က
လိုဘဲမြန်ဆန်လွန်းလှသည်။အခုဆိုရင်သူအောင်
မြင်နေတဲ့အဆိုတော်တစ်ဦးဖြစ်နေပါပြီ။စည်သူက
တော့ကိုယ်ပိုငိဓါတ်ပုံဆိုင်လေးဖွင့်ထားပြီးအာကာက
တော့သူချစ်တဲ့အနုပညာအလုပ်ဖြစ်သောစာရေးတာ
ကိုဆက်လက်လုပ်ဆောင်နေချေသည်။
ဝေဖြိုးကတော့ကျွန်တော်နဲ့ဝါသနာတူလှသည်မို့
ကျွန်တော့သီချင်းတွေကိုသူရေးပေးပြီးအကူညီ
ပေးပါတယ်။ကျွန်တော်ရဲ့လက်ထောက်ပေါ့ဗျာ
အခုကျွန်တော်ရွှေတိဂုံဘုရားကိုရောက်နေချေ
သည်။သူမအတွက်ရည်ရွယ်ပြီးဆိုခဲ့သော
တမလွန်ရောက်ချစ်သူသီချင်းကအောင်မြင်သင့်သလေ
ာင်အောင်မြင်ခဲ့သည်။သူမအတွက်ကောင်းရာမွန်ရာဘဝ
ရောက်ပါစေလို့သူဆုတောင်းပေးရင်းသူချစ်
တဲ့သီချင်းတွေကိုသီဆိုနေဦးမှာ ... ... . .။
                     ပထမဦးဆုံးဇာတ်လမ်းရှည်ရေးတာမို့
              အမှားပါရင်ဖြည့်စွပ်ပြီးဖတ်ပေးကြပါလို့တောင်းဆိုပါတယ်
                 SUNDAY၇ရက်february။sudarli
Credit. မူရင်း
အလောင်းစောင့်တဲ့ည
   ဦးစိန်ဘဆိုလျှင် ဤနယ်တစ်ကြောတွင် မသိသူမရှိ
အောင် ကြွယ်ဝချမ်းသာသူတစ်ဦးဖြစ်သည် ။
         နယ်မြို့လေးတစ်မြို့တွင် နေထိုင်သူ ဦးစိန်ဘသည်
 သရက်နှင့် လိမ္မော်ခြံအမြောက်အများကို ပိုင်ဆိုင်ထားပြီး
 အသက် ၅၀ အရွယ်ဖြစ်သည် ။
         သားသမီးများ ၊ အခြွေရံသင်းပင်းများဖြင့် မြို့လယ်
တွင် တင့်တယ်စွာ နေထိုင်နိုင်သူဖြစ်သည် ။
         လွန်ခဲ့သော နှစ်လခန့်က ဦးစိန်ဘ၏ ညီကိုသာလှ
တစ်ယောက် အဆုပ်ရောဂါဖြင့် တရှောင်ရှောင်ဖြစ်နေခဲ့
ရာမှရောဂါအခြေအနေဆိုးလာသောကြောင့် ဆေးရုံ
တင်ထားရသည် ။
         ကိုသာလှသည် ဦးစိန်ဘတို့ မွေးချင်း ၅ ယောက်
ထဲတွင် အငယ်ဆုံးဖြစ်သည် ။
         ထို့ပြင် ကိုသာလှသည် အိမ်ထောင်မပြုဘဲ လူပျိုကြီး
ဘဝဖြင့် အစ်ကိုဖြစ်သူ၏အိမ်တွင် နေထိုင်ကာ ခြံအလုပ်
များကိုလည်း ကြိုးစားလုပ်ကိုင်သဖြင့် ဦးစိန်ဘအတွက်
 လွန်စွာ အားကိုးရသူဖြစ်သည် ။   
          ယခု မြို့နယ်ဆေးရုံမှ မနိုင်၍ ခရိုင်ဆေးရုံသို့
 ပြောင်းရွှေ့ကုသထားသည်မှာ တစ်ပတ်ခန့်ရှိပြီ ။
          သို့သော် အခြေအနေက ထူးခြားမလာဘဲ တစ်နေ့
တစ်ခြား ဆုတ်ယုတ်လာခဲ့သည် ။
          ဦးစိန်ဘသည် အလုပ်များအား လက်လွှတ်ထား၍
မရသောကြောင့် ရံဖန်ရံခါသာ သွားကြည့်နိုင်သည် ။ ဇနီး
ဖြစ်သူနှင့် သားသမီးများကတော့ အလှည့်ကျ လူနာစောင့်
သွားကြသည် ။
          ခရိုင်ဆေးရုံနှင့် ဦးစိန်ဘ နေထိုင်ရာမြို့မှာ မိုင် ၅၀
ကျော် ဝေးကွာသည် ။
         သို့ဖြင့် တစ်ညနေတွင် ကိုသာလှသေဆုံးသွားပြီဟူ
သောသတင်းကို လူနာစောင့်သွားသော ဇနီးနှင့် သားသမီး
များက ဖုန်းဆက်ပြောသဖြင့် ကိုစိန်ဘ သိလိုက်ရသည် ။
         ညီဖြစ်သူအတွက် စိတ်မကောင်းဖြစ်ရုံမှလွဲ၍ ဘာမှ
မတတ်နိုင်ပေ ။
         " ကိုစိန်ဘ ... အဲ့ဒါ ဘယ်လိုလုပ်မှာတုံး "
         " ခင်မေ ... ဆေးရုံကနေ အလောင်းကိုထုတ်ပြီး
 ညတွင်းချင်းပြန်သယ်ခဲ့လေ "
        " ရှင်မလာတော့ဘူးလား "
        " အေးလေ .. ငါဒီမှာ စီစဉ်စရာရှိတာ စီစဉ်ထားလိုက်
မယ် .. မင်းသာ အဆင်ပြေအောင်ကြည့်လုပ်ခဲ့ "
        " အလောင်းကို အိမ်အထိသယ်မှာလား "
        " မဟုတ်ဘူးလေ ... သချိုင်းကို တစ်ခါတည်းမောင်း 
ညတွင်းချင်း ဂူသွင်းလိုက်မယ် "
        " ဒါဆို သရဏဂုံ တင်ဖို့က "
        " အလောင်းသယ်ဖို့ကိစ္စ အဆင်ပြေတယ်ဆိုရင် ဖုန်း
ပြန်ဆက်လိုက်လေ .. ငါ ဆရာတော်ကို လျှောက်ထား
လိုက်မယ် ... "
        " ဒါဆို သချိုင်းကုန်းမှာ.စောင့်နေကြမှာပေါ့ "
        " မင်းတို့ ထွက်လာပြီဆိုရင် ဖုန်းထပ်ဆက်ပေါ့ ...
 အိမ်ကနေ စီစဉ်စရာရှိတာ စီစဉ်ပြီးတာနဲ့ ထွက်ခဲ့ကြမယ် "
        " အေးပါ .. ဒါဆို အလောင်းသယ်ဖို့ကိစ္စ ဆေးရုံအုပ်
ကြီးနဲ့ သွားတွေ့လိုက်ဦးမယ် .. ပြီးမှ ထပ်ဆက်မယ် ကိုစိန်
ဘ "
        " အေး အေး "
        ထို့နောက် ဦးစိန်ဘသည် ပန်းရံသမားများကိုခေါ်ယူ
ကာ သချိုင်းတွင် အုတ်ဂူအမြန် ပြုလုပ်စေသည် ။
        အမြန်ပြီးစေရန် လူအင်အားတိုးကာ ခေါ်လိုက်ပြီး 
ညကိုးနာရီခန့်တွင် အုတ်ဂူပြီးစီးသွားသည် ။
        သို့နှင့် ဇနီးသည်သည်ထံမှ ဖုန်းအဆက်ကိုစောင့်
နေရာ ဖုန်းမလာပေ။
        ထိုအချိန်တွင် မိုးကလည်း ရွာလေပြီ ။
        ဦးစိန်ဘ ဖုန်းခေါ်သော်လည်း မရပေ ။
        ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေလေပြီ ။ 
        တဖြည်းဖြည်းနှင့် ညဆယ်နာရီပင် ကျော်လာခဲ့လေ
ပြီ ။
        ဦးစိန်ဘတစ်ယောက် အိမ်တွင် ထိုင်ရမလို ထရမလို
ဖြစ်နေသည် ။
        ညတွင်းချင်း ဂူသွင်းမည့်အကြောင်းကို အိမ်နီးချင်း
အချို့ကိုတော့ အသိပေးထားပြီးဖြစ်သည် ။
         သို့သော် ဦးစိန်တို့ အသိုင်းအဝိုင်းသည် ငွေရှင်ကြေး
ရှင်များဖြစ်သည့်အလျောက် အဆင့်အတန်းခွဲခြားကာ ငွေ
ဂုဏ်မောက်လွန်းသဖြင့် တစ်မြို့လုံး၏ ချဉ်ဖက်ဖြစ်သည် ။
         ထို့ကြောင့် အတော်အတန်ရင်းနှီးသူ အနည်းငယ်
သာ ရောက်လာကြသည် ။
         ထိုအထဲတွင်မှ ညဘက်ဂူသွင်းမည်မို့ မိန်းမသားများ
က မလိုက်ဝံ့သဖြင့် ရောက်မလာကြ ။
         ရောက်လာသော လူအနည်းငယ်အတွင်းကို ထပ်မံ
ပိုင်းခြားသော် ညဦးပိုင်းတွင် ဆယ်ယောက်ခန့်ရှိသည် ။
 ထိုမှတစ်ဖန် ညဥ့်နက်လာသော် အလိမ္မာဖြင့် ငြင်းဆိုကာ
ပြန်သွားကြသည် ။
         သို့ဖြင့် ည ဆယ့်တစ်နာရီထိုးသော် သူစိမ်းများအား
လုံး ပြန်ကုန်ကြသည် ။
         ဆေးရုံမှ အဆက်အသွယ်မရသေး ။
         " အင်း ... ဒီပုံအတိုင်းသာဆို သူတို့ထွက်လာ
လောက်ပြီ   .. ဖုန်းလိုင်းပြတ်နေလို့သာ သတင်းပို့မရတာ
ဖြစ်မှာ ... ဘာပဲဖြစ်ဖြစ် ဒီညတော့ ရောက်လာမှာပါ ... ရှိ
တဲ့လူနဲ့ သွားမှာပေါ့ "
          ဦးစိန်ဘတစ်ယောက် ထိုသို့စဉ်းစားမိသည်နှင့် အိမ်
ထဲရှိ လူများထံသို့ မျက်လုံးဝေ့ကြည့်လိုက်သည် ။
          အိမ်ထဲတွင် ဦးစိန်ဘ၏သား ကိုကိုနှင့် ခြံအလုပ်
သမား သုံးဦးရှိသည် ။
         အားလုံး လူငယ်တွေချည်း ။
         " ကိုကို "
         " ဗျာ အဖေ "
         " သား သုသာန်ကို လိုက်ရဲလား "
          ကိုကိုသည် ကြောက်တတ်သူမဟုတ် ။
          " လိုက်ရဲတာပေါ့ .. ဘာကြောက်စရာရှိလို့လဲ "
          " အဲ့ဒါဆို ... လှမြင့် ၊ ဖိုးအေးနဲ့ တင်ဦးတို့ "
          " ဗျာ "
          " ခင်ဗျာ "
          " မင်းတို့သုံးယောက် ကိုကိုနဲ့ လိုက်သွား "
          " ဘယ် ... ဘယ်ကိုလဲခင်ဗျ "
          ဖိုးအေးက ကတုန်ကယင်ဖြင့် မေးလိုက်သည် ။
          " သုသာန် ကိုလေ "
          " ဗျာ ... "
          ဖိုးအေးသည် ကြောက်တတ်သူမို့ ဦးစိန်ဘ၏ စကား
ကြောင့် နောက်သို့ အနည်းငယ်ပင် ဆုတ်မိသွားသည် ။
          " ကျွန်တော်တို့က ဘာသွလုပ်ရမှာလဲ "
          လှမြင့်နှင့် တင်ဦးတို့မှာ တော်တန်ရုံကို မကြောက်
ဟု ဆိုနိုင်သော်လည်း ည ဆယ့်တစ်နာရီတွင် သချိုင်းကို 
သွားရမည်မို့ ကြောချမ်းနေမိကြသည် ။
          " အလောင်းကို သွားစောင့်ရမှာ "
          " အဖေ ... အမေတို့က အလောင်းသယ်လာပြီ
လား "   
          " ဖုန်းလိုင်းတွေပြတ်နေတော့ ဆက်သွယ်လို့ မရဘူး
လေ ... လာတော့ လာမှာပဲ "
         " ဒါဆို အဖေရော တစ်ခါတည်းမလိုက်ဘူးလား "
         " အဖေက အလောင်းရောက်လာရင် ဆရာတော်ကို 
လျှောက်ဖို့ နေခဲ့ရမယ် ... ဒီလိုလုပ် .. သားက ဆိုင်ကယ်နဲ့
သွား ... တကယ်လို့ သုသာန်ကို အလောင်းရောက်လာရင်
အဖေ့ကို ပြန်လာပြော "
          " ဒါဆို သူတို့ကရော "
          " တင်ဦးတို့က ထော်လာဂျီနဲ့ သွားကြ ... ညနေက
တည်းက ပြင်ဆင်ထားပြီးသား ... မောင်းသွားရုံပဲ "
         " ဆရာ ... ကျွန်တော် .. မ. . မလိုက်ရဲဘူး "
          ဖိုးအေးက မဝံ့မရဲဆိုသည် ။
         " လုပ်ပါကွာ ... ငါ့ကိုကူညီတယ်လို့ သဘောထား
စမ်းပါ ...  အခုအချိန်ရောက်မှ အပြင်ကလူရှာဖို့မလွယ်
ဘူး .. လိုက်သွားပါကွာ ... မင်းတို့သုံးယောက်ကို အဝတ်
အစားတစ်စုံစီ ငါဝယ်ပေးပါ့မယ် "
         ကျန်နှစ်ယောက်မှာ အဝတ်အစားဝယ်ပေးမည်
ဆိုသဖြင့် တက်ကြွသွားကြသော်လည်း ဖိုးအေးမှာမူ
 အဝတ်အစားအပေါ် တပ်မက်စိတ်ကို ကြောက်စိတ်က 
အနိုင်ယူထားသည် ။
          သို့သော် မလိုက်လျှင် မဖြစ်သည့်အခြေအနေမို့ 
အားတင်းကာ ခေါင်းညိတ်ခဲ့ရသည် ။
           သို့ဖြင့် ည ဆယ့်တစ်နာရီခွဲခန့်တွင် ကိုကိုနှင့် လှမြင့်က ဆိုင်ကယ်ဖြင့်ရှေ့မှ ထွက်ကြပြီး တင်ဦးနှင့် 
ဖိုးအေးတို့က ထော်လာဂျီမောင်းကာ နောက်မှ လိုက်သွား
ကြသည် ။
          ဦးစိန်ဘတစ်ယောက်တည်း အိမ်တွင် ကျန်ရစ်ခဲ့
လေသည် ။
          သချိုင်းသည် မြို့အထွက် ကားလမ်းအတိုင်းသွားရ
ပြီး မြို့ပြင်ရောက်သော် လမ်ခွဲလေးအတိုင်း တောစပ်သို့ 
သွားရသည် ။
        လမ်းခွဲလေးအတိုင်း အတန်ငယ် သွားသော် တောစပ်
တစ်နေရာတွင် မြို့သချိုင်းရှိသည် ။
         မြို့သချိုင်းဟု ဆိုသော်လည်း လူတန်းစားမျိုးစုံနေ
ထိုင်ရာ မြို့ငယ်လေးသာဖြစ်သောကြောင့် အုတ်ဂူရော 
မြေပုံများပါရှိနေသည် ။
         တောစပ်မို့ ချုံနွယ်ပိတ်ပေါင်းထနေကာ သစ်ပင်ကြီး
များပင်ရှိနေသည် ။
         ကိုကိုနှင့် တင်ဦးတို့ ဦးစွာ ရောက်ရှိလာခဲ့သည် ။
         ဆိုင်ကယ်ကို ဇရပ်အနီးတွင် ရပ်ထားလိုက်ပြီး ဆိုင်
ကယ်မီးဖွင့်ကာ တင်ဦးတို့အလာကို စောင့်နေလိုက်
ကြသည် ။
          အနည်းငယ်ကြာသော် အဝေးမှ စက်သံသဲ့သဲ့ကို 
ကြားရသည် ။
          ထိုမှတစ်ဖန် တစ်စတစ်စနဲ့  နီးလာရာ မကြာမီ တင်
ဦးမောင်းလာသော ထော်လာဂျီသည် မီးရောင်တဝင်းဝင်း
ဖြင့် သချိုင်းထဲသို့ ဝင်လာလေသည် ။
         သချိုင်းမြေဧရိယာသည် အတော်ကျယ်ဝန်းသဖြင့်
ထော်လာဂျီကို ဇရပ်နားအထိ မောင်းဝင်နိုင်သည် ။
         ထော်လာဂျီကိုလည်း ဇရပ်နှင့် မလှမ်းမကမ်းတွင်
 ရပ်ကာ အပေါ်မှ ပစ္စည်းအချို့ကို ချကြသည် ။
         မီးစက်အငယ်တစ်လုံး ၊ မီးကြိုးများ ၊ မီးချောင်းများ 
ကို ချကြပြီး ဝိုင်းဝန်းပြင်ဆင်ကြသည် ။
       ဖိုးအေးက ဖျာများချကာ ဇရပ်ပေါ်တွင်ခင်းနေသည် ။
မျက်လုံးနှင့် စိတ်အစဉ်ကမူ မငြိမ်သက်ပေ ။
        မီးကြိုးများဆင်ပြီးချိန်၌ မီးစက်နှိုးရာတွင် နှိုး၍မရ
ပေ ။
        " တင်ဦး ... အိမ်မှာ မစမ်းခဲ့ဘူးလား "
        " စမ်းပါတယ် ... ဆရာကိုယ်တိုင်စမ်းတာပါ .. အိမ်
မှာတုန်းက အကောင်းကြီးပဲ "
         အားလုံး အကြပ်ရိုက်ကုန်သည် ။
         ဇောချွေးပြန်အောင်ကြိုးစား၍ နှိုးသော်လည်း မရ
ပေ ။
         " ဘယ်လိုလုပ်ကြမလဲ ကိုကို "
         " ရမှ မရတာ ... ဒီတိုင်းနေရုံပေါ့ .. အလောင်းလာမှ
အဖေ့ကိုပြန်ခေါ်ရင်း နောက်တစ်လုံးယူလာရမယ် "
         " ဒါဆို ဒီမှာဘယ်လိုနေကြမှာလဲ "
         " ဓာတ်မီးထိုးနေကြပေါ့ "
         " ဓာတ်မီးက နှစ်လက်တည်း .. ဖြစ်ပါ့မလား "
         တစ်ယောက်တစ်ပေါက် ပြောနေကြသည် ။
          " ဪ.. စက်ပေါ်မှာ ဖယောင်းတိုင်ပါသေး
တယ်မဟုတ်လားဖိုးအေး     "
          " ပါ .. ပါသေးတယ် "
          " သွားယူလေကွာ ... ဓာတ်မီးကြီးကိုင်ထားပြီး "
          ဖိုးအေးလက်ထဲတွင် ဓာတ်မီးကိုင်ထားသဖြင့် 
လှမြင့်က  သွားယူခိုင်းခြင်းဖြစ်သည် ။
          ဖိုးအေးသည် မလှမ်းမကမ်း တွင် ရပ်ထားသော.
ထော်လာဂျီကို ကြည့်လိုက်သည် ။ 
         ထော်လာဂျီသို့သွားရောက်ရန် အုတ်ဂူဖြူဖြူနှစ်လုံး
ဘေးမှ ဖြတ်သွားရမည်ဖြစ်သည် ။
          ထိုစဉ် ... 
         " အူ ... ဝူး ... ဝူး ..... "
         တောခွေးအူသံကြီး ထွက်ပေါ်လာလေသည် ။
         အားလုံးစိတ်ထဲတွင် သိမ်ငယ်သွားသလို ခံစားလိုက်
ရ သော် ဖိုးအေးအဖို့တော့ ပြောစရာလိုမည်မထင်ပေ ။
         " ငါ ... ငါမသွားရဲဘူးကွ "
         " မင်းကလည်းကွာ ... ယောက်ျားမဟုတ်တာကျနေ
တာပဲ ... ပေး .. ဓာတ်မီး "
          တင်ဦးက ဖိုးအေးကို ပြစ်တင်စကားဆိုရင်း ဓာတ်မီး
လှမ်းတောင်းရာ ဖိုးအေးမှာ တစ်စုံတစ်ရာပြောဆိုခြင်းမပြု
ဘဲ ဓာတ်မီးကို တင်ဦးလက်သို့ လွှဲပြောင်း၍ ပေးလိုက်
သည် ။
          " အူ ... ဝူး ....... "
          ခွေးအူသံများမှာ အဆက်မပြတ်ထွက်ပေါ်နေပြီး
လမိုက်ညမို့ မှောင်မည်းတိတ်ဆိတ်နေသည် ။
          တင်ဦးသည် ဇရပ်ပေါ်မှဆင်းမည်အပြု ခြေလှမ်း
တန့်သွားသည် ။
         " ဂီး ... ဂစ် .. ဂစ် ... "
         ဇရပ်ခေါင်မိုးပေါ်မှ ငှက်ဆိုးထိုးသံ ။
         ဖိုးအေးကို ပြောထားသည့်အပြောကြောင့်သာမ
ဟုတ်ရင် တင်ဦး ဆက်သွားမည်မဟုတ် ။
        ယခုမူ ... ။
        စိတ်ကိုတင်းထားရင်း ဇရပ်ပေါ်မှဆင်းကာ လာခဲ့
သည် ။
         ရှေ့တွင် အုတ်ဂူနှစ်လုံး ။
         တစ်လုံးက သစ်လွင်လွင်ရှိသော်လည်း နောက်တစ်
လုံးမှာ ဟောင်းနေပြီဖြစ်သည် ။
         ခြေလှမ်းကျဲကြီးဖြင့် အမြန်သွားရာ ထော်လာဂျီဆီ
သို့ ရောက်သွားသည် ။
         ရှာကြည့်တော့ ဖယောင်းတိုင် အတုတ် ၂ ထုပ်ကိုတွေ့သဖြင့် ယူကာ ပြန်လာခဲ့သည် ။
         အုတ်ဂူအသစ်ရှေ့အရောက်တွင် ရုတ်တရက် လက်
ထဲမှ ဓာတ်မီးမှိတ်သွားသည် ။
         " ဟာ ... ဒုက္ခပါပဲ "
          ညည်းညူရင်း ဓာတ်မီးကို လက်ဝါးဖြင့်ရိုက်လိုက်ရာ
မီးလင်းလာသည် ။
         သို့သော် သူ့ရှေ့တည့်တည့် မြေပြင်ပေါ်မှ အရာ
ကြောင့် တစ်ကိုယ်လုံး အေးစက်တောင့်တင်းသွားသည် ။
         " ဟင် ... လက် .. လက်ပြတ်ကြီး "
         တံတောင်ဆစ်မှ ပြတ်နေသော လက်ပြတ်ကြီးသည် 
အရိုးကျနေခြင်းမဟုတ် ။ ပုတ်ပွနေသယောင်ယောင် ။ 
         တင်ဦးသည် စိတ်ခံစားမှုတစ်ခုကြောင့် တောင့်
တောင့်ကြီးရပ်နေရာမှ ခေါင်းကို အုတ်ဂူသို့ဖြည်းဖြည်းချင်း
လှည့်ကြည့်ရင်း ဓာတ်မီးရောင်ကပါ အကြည့်နှင့်အတူ ရွေ့
ပါသွားသည် ။
          " ဟာ ... "
           နှလုံးခုန်နှုန်းများ ပေါက်ထွက်လုမတတ် မြန်ဆန်
သွားပြီး မွေးညင်းများမှာလည်း သံလိုက်ဆွဲအားနှင့် အဆွဲခံ
ရသည့်အလား ထောင်တက်ကုန်သည် ။
           အုတ်ဂူစွန်းတွင် ပက်လက်အိပ်နေသော မိန်းက
လေးတစ်ယောက် ။
           သူမ၏ ဇက်သည် အုတ်ဂူနှင့် လွတ်နေသဖြင့် 
နောက်သို့ လှန်ချထားလေရာ တင်ဦးကို ဇောက်ထိုးကြီး
ကြည့်နေသကဲ့သို့ ဖြစ်နေသည် ။
          ဆံပင်များ ဖွာလန်ကျဲနေပြီး မျက်နှာတွင် အသား
ဟူ၍ စိုးစဉ်းမျှ မရှိဘဲ အရိုးငေါငေါ ၊ မျက်ကွင်းညိုကြီး
ဖြင့် စိုက်ကြည့်နေခြင်းဖြစ်သည် ။
          တင်ဦးသည် အသက်ပင် မရှူမိဘဲ အသိကင်းမဲ့ကာ
သူမအား ကြည့်နေမိရာမှ အစွယ်ငေါငေါဖြင့် ရယ်ပြလိုက်သော သူမ၏ ကြောက်မက်ဖွယ်ရာမျက်နှာကြီးကြောင့် အ
သိပြန်ဝင်လာလေသည် ။
          " အောင် .. မ .. လေး .. ဗျ ... "
          အားကုန်အော်ဟစ်ကာ ဇရပ်ဆီသို့ ပြေးသွားရာ မြေ
ပြင်မှ လက်ပြတ်ကြီးကိုပင် သတိမရတော့ ။
          ဇရပ်ပေါ်မှလူများမှာ အော်ဟစ်ပြေးလာသော တင်
ဦး၏အဖြစ်ကို မသိကြသဖြင့် အကြောင်သားငေးကြည့်နေ
ကြသည် ။
          " သရဲ ... သရဲ ... "
          " ဘုန်း .. "
          တင်ဦးတစ်ယောက် ဇရပ်ပေါ်အတက်တွင် မှောက်
ရက်လဲကျသွားသဖြင့် အားလုံးအမြန်ထူပေးလိုက်ကြရ
သည် ။
          " ဘာဖြစ်တာလဲ တင်ဦး "
          " ဘာဖြစ်တာလဲ "
          " သ .. သရဲမ. .. သရဲမကြီး "
          ဖိုးအေးမှာ နေစရာမရှိအောင်ပင် ကြောက်သွားရ
သလို လှမြင့်လည်း တုန်လှုပ်သွားသည် ။
         " ဟုတ်လို့လား တင်ဦးရာ "
         ကိုကိုက လက်မခံချင်ပေ ။
         " အူ ... ဝူး ... "
         အဆက်မပြတ်အူနေသော ခွေးအူသံ ၊ မှောင်မိုက်
သောည ၊ တိတ်ဆိတ်နေသောပတ်ဝန်းကျင်သည် ကြောက်
တတ်သူအဖို့ သွေးပျက်ဖွယ်ရာ အသွင်ကို ဆောင်နေသည် ။
          " ဟုတ်တယ် ကိုကို ... ငါ သေချာမြင်လိုက်တာ .. 
ငါ တော်ရုံဆို မကြောက်တတ်တာ မင်းလည်းသိသားနဲ့ "
          " ဘယ်မှာတွေ့တာလဲ "
          " ဟို .. ဟိုအုတ်ဂူပေါ်မှာ ပက်လက်ကြီး ... ဖ
ယောင်းတိုင်ထုပ်တွေတောင် အဲ့နားမှာ ပြုတ်ကျခဲ့တာ "
          " ကောင်းပြီလေ ... ငါသွားကောက်လိုက်မယ် "
          " မ .. မသွားပါနဲ့ကွာ "
          " ဘာလို့လဲဟ "
          ထိုအခါ လှမြင့်ကပါ ဝင်ပြောသည် ။
         " ဟုတ်တယ်ကိုကို ... ငါတို့ ဓာတ်မီးနဲ့ပဲ နေလို့
ရပါတယ် "
         " မဟုတ်တာကွာ "
         ကိုကိုက ထိုသို့ပြောကာ ဇရပ်ပေါ်မှ ဆင်းလိုက်
သည် ။
          တစ်နာရီ ထိုးပြီးသွားပြီ ။
          " အူ ... ဝူး ..... "
          ခွေးအူမြဲအူနေပြီး ညဥ့်ပိုးကောင်တို့၏ အော်မြည်သံ
များမှာ ထူးဆန်းစွာ ကွယ်ပျောက်နေသည် ။
          ကိုကိုသည် ဟိုဟိုသည်သည် ဓာတ်မီးဖြင့်ဝေ့ကြည့်
ရင်း လျှောက်လာခဲ့သည် ။
          မကြာမီ အုတ်ဂူရှေ့တွင် ဖယောင်းတိုင်ထုပ်ကိုတွေ့
လိုက်ရသဖြင့် အုတ်ဂူပေါ်သို့ တစ်ချက်ဝေ့ကြည့်ကာ ဖ
ယောင်းတိုင်ထုပ်ကို လှမ်းကောက်လိုက်သည် ။
          " ဟင် .... "
          မခံစားဖူးသော ခံစားချက်ကြောင့် ကျောရိုးတစ်
လျှောက်စိမ့်တက်သွားသည် ။
          အေးစက်စက် အထိအတွေ့ ။
          မျက်လုံးကို ကစားကြည့်လိုက်တော့ ဖယောင်းတိုင်
ထုပ်ကို လှမ်းကောက်သော မိမိလက်ကို ဆုပ်ကိုင်ထား
သော  လက်တစ်ဖက် ။
           ပိန်ကပ်ကပ်လက်ကလေးသည် ရေခဲတုံးတမျှ 
အေးစက်နေသည် ။
          မသိမသာ တိုးဝင်နေသော ကြောက်စိတ်ကိုအတင်း
ပြန်မောင်းထုတ်လိုက်ပြီး အသက်ကို မှန်မှန်ရှူကာ ထိုလက်
၏ လက်ချောင်းမှစကာ အရင်းအတိုင်း မီးဖြင့် တရွေ့ရွေ့ 
ထိုးသွားလိုက်သည် ။
          " ဟင် .. "
          ကိုကို ပါးစပ်အဟောင်းသား ဖြစ်သွားသည် ။
          အဆိုပါလက်သည် လက်မောင်းရင်းနေရောအရောက်တွင် အုတ်ဂူနှင့် ထိစပ်သွားသည် ။
          ချွေးစို့လာပြီ ။
          မိမိလက်အား မလွှတ်တမ်းဆုပ်ထားသော ထိုလက်
ကို ခြေဖြင့်နင်းကာ အတင်းဆွဲယူလိုက်မှ လွတ်သွားသည် ။
          ကိုကိုသည် ထိုလက်အား မီးဖြင့်ထိုးကြည့်နေရာမှ
လက်သည် တဖြည်းဖြည်းတိုသွားကာ အဆုံးတွင် အုတ်
ဂူတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားလေသည် ။
          အဆိုပါဖြစ်ရပ်ကို လက်မခံနိုင်သဖြင့် အုတ်ဂူကို 
သေချာကြည့်လိုက်ရာ ထူးခြားမှုတစ်ခုကို တွေ့လိုက်ရ
သည် ။
           အုတ်ဂူဘေးဖက်တစ်နေရာသည် အလိုလို အပြင်
သို့ ဖောင်းထွက်လာသည် ။
           ထိုသို့ဖောင်းထွက်လာရင်း အဆုံးတွင် အမျိုးသမီး
တစ်ဦး၏ ခေါင်းတစ်လုံး အပြင်သို့ရောက်လာကာ အုတ်ဂူ
တွင် ကပ်လျက်ကြီးဖြစ်နေသည် ။
          ကိုကိုသည် အိမ်မက်လူသားပမာ ခံစားနေရပြီး ထို
ခေါင်းကြီးကို မမှိတ်မသုန် စိုက်ကြည့်နေမိသည် ။
          ခေါင်းကြီးသည် ကြောက်မက်ဖွယ်ရာ မျက်နှာသွင်
ပြင်မျိုး ရှိနေပြီး ဆံပင်များက အောက်သို့ တွဲကျနေသည် ။
         မျက်တွင်းဟောက်ပက် ၊ ပါးရိုးကားကား ၊ အရိုးပေါ်
အရေတင် ၊ အစွယ်ဖွေးဖွေးတို့မှာ ကိုကို၏ စိတ်များကို 
အဝေးသို့ ဆွဲခေါ်သွားသည် ။
         ထို့းနောက် ခေါင်းကြီးသည် နောက်သို့ ပက်လက်
လှန်ချလိုက်ရာ ကိုကို့ကို ဇောက်ထိုးကြည့်သလိုဖြစ်သွား
ကာ ပို၍ ကြောက်စရာကောင်းသွားသည် ။
         " အား .... "
         ဓာတ်မီးရော ၊ ဖယောင်းတိုင်ထုပ်ပါ လွှတ်ချကာ 
ပြေးမိပြေးရာပြေးရာ ခလုတ်တိုက်ကာ လဲကျသွားရင်း အုတ်ဂူစွန်းနှင့်ခေါင်း ဆောင့်မိကာသတိပါမေ့သွား
လေသည် ။
          ထိုအချိန်တွင် သချိုင်းထဲသို့ ကားတစ်စီးဝင်လာ
သည် ။
          ဦးစိန်ဘ ဖြစ်သည် ။
          မကြာသေးမီက ဖုန်းလိုင်းများ ပြန်လည်ကောင်းမွန်
လာသဖြင့် ဇနီးသည်ထံမှ အဆက်အသွယ်ရ၍ လိုက်လာ
ခြင်းဖြစ်သည် ။
          အလောင်းထုတ်ရန် ဒီညအဆင်မပြေသေး၍ မနက်
မှ ရောက်မည်ဖြစ်ကြောင်းကို သိသိချင်း သချိုင်းသို့ လိုက်
လာခဲ့ခြင်းဖြစ်သည် ။
          သူအရောက်မြန်ပေလို့သာပေါ့ ။ 
         ထို့နောက် သတိမေ့နေသော ကိုကိုကို ဝိုင်းဝန်းပြုစု
ပေးကာ သတိရလာသည်နှင့် သချိုင်းမှ ပြန်ခဲ့ကြသည် ။
         တင်ဦးနှင့် ဖိုးအေးကို ထော်လာဂျီဖြင့် ရှေ့မှ အရင်
ပြန်စေသည် ။
        လှမြင့်ကို ဆိုင်ကယ်ဖြင့် လိုက်စေသည် ။
        ကိုကိုကို ဦးစိန်ဘ၏ ကားပေါ်တွင် လိုက်ပါစေကာ 
နောက်ဆုံးမှ ပြန်ခဲ့ကြသည် ။
         အလောင်းစောင့်တဲ့ည ရဲ့ အတွေ့အကြုံသည် ကိုကို့
ဘဝကို အကြီးအကျယ် တုန်လှုပ်ခြောက်ခြားသွားစေမှာ
အမှန်ပါပဲ  ။     ။
                              ( ပြီး)
                    #############
မျှဝေခံစားပေးသူများကို
                                  လေးစားလျှက်
                                                                    ဂမ္ဘီရရွာ
ရွာထဲသို့မ၀င်ရ ( စ / ဆုံး )
  မော်လမြိုင်တက္ကသိုလ်ဝင်းကြီးက မိုးထဲလေထဲ ကြံကြံခံထီးထီးကြီး ရပ်တည်နေပြီး ဘေးမှာတော့ စိန်ပန်းပင်တွေက ခိုက်ခိုက်တုန်အောင် ချမ်းနေကြ သယောင် အကိုင်းလေးတွေ ညွတ်ကျကွေးနေပြီး သစ်ရွက်တွေက မြေပေါ်သို့ တဖြုတ်ဖြုတ် ကြွေကျနေလေရဲ့.....
      အဲလိုမိုးတွေတရစပ်ရွာနေချိန်... မော်လမြိုင် တက္ကသိုလ်စာကြည့်တိုက် အရှေ့လှေကားထစ် လေးပေါ်မှာ... လွယ်အိတ်လေးကိုယ်စီ ရင်ဝယ် ပိုက်ပြီး.. မျက်နှာမကောင်းစွာ..ထိုင်နေကြတဲ့သူ ၂ယောက်ကတော့.... မိုးစက်လေးတွေကို ငေးမောကြည့်ပြီး....
သူငယ်ချင်း.... ငါရွာပြန်ရမယ်ကွာ.... အိမ်ကဖုန်း ဆက်လာတယ်... မေမေကျန်းမာရေး အခြေအနေက မကောင်းဘူးတဲ့... ငါရွာကထွက် လာတုန်းကတောင် အခြေအနေကောင်းသေး တယ်.... ခုမှကွာ... ဆိုပြီး စကားလုံးတွေ ပါးစပ်ဖျားက မထွက်လာပဲ.. သက်ပြင်းရှည်ကြီး တစ်ချက်သာ လေးတွဲစွာ ထွက်ကျလာတယ်...
အောင်မျိုး... သူငယ်ချင်း စိတ်ထဲအေးအေးထားပါ မင်းအမေ ပြန်ကောင်းလာမှာပါ.. နက်ဖြန် ကြုံရာကားနဲ့ ရွာပြန်လိုက်ပါကွာ... စာတွေ အတွက်လဲ ဘာမှစိတ်မပူပါနဲ့.. ငါကူးထားပေးမယ်... မင်းအမေ နေပြန်ကောင်းမှ ပြန်တက်လာခဲ့.... ဟုတ်ပီလား...
အေးကွာ သူငယ်ချင်း... ကျေးဇူးပါကွာ....
နောက်နေ့မနက် အာရုံတက်တော့... မော်လမြိုင် ဈေးကြိုကားဝင်းထဲမှာ... ကားသံတွေ လူသံတွေ ဆူညံနေတဲ့အထဲ အောင်မျိုးတစ်ယောက်... သူစီးရမယ့် ကားကို လိုက်ရှာနေတယ်...
ဟေ့.. ညီလေး... ဘယ်သွားမလို့လဲ....
ရေးလား.. ထားဝယ်လား... ဘယ်လဲညီလေး...
ကျွန်တော်... ရေး.သွားမလို့ပါ....
ရေးရောက်တာပေါ့...လာလာ.... မကြာခင် ကားထွက်တော့မှာ.... ဒါနဲ့ ညီလေးက ရေးမြို့ပေါ် ကပဲလား...
မဟုတ်ဘူးအကို.. ဇီးဖြူသောင်ကျေးရွာကပါ... ဟိုရောက်မှ တက္ကစီနဲ့ ဆက်သွားရမှာ...
အော်..ဒါဆိုတက်လေ... မကြာခင် ကားထွက်တော့မှာ.....ဆိုတော့.ကားပေါ် တက်လိုက်ပြီး လွတ်နေတဲ့ နေရာမှာ ၀င်ထိုင် လိုက်တယ်... ခဏကြာတော့...
မောင်း..ဆရာရေ... 
ဝူးးးးးးး....ဆိုပြီး ကားက မြှားတစ်စင်းလို ပြေးထွက် သွားတယ်....
အောင်မျိုးလဲ အမေ့အတွက် ၀ယ်ထားတဲ့... အားဆေးပုလင်းတွေ မုန့်ထုတ်လေးတွေကို ပိုက်ပြီး တစ်ယောက်ထဲ ငေးမောစွာ... ဘေးက ရိပ်ခနဲ ရိပ်ခနဲ ဖြတ်သွားတဲ့ ရော်ဘာပင်တန်း တွေကို ကြည့်နေမိတယ်.....
၁နာရီခွဲလောက် စီးပြီးတဲ့အချိန်.... ဆရာရေ ရှေ့ကားရှင်းတယ်... ကျော်လို့ရတယ်.. ဆိုတဲ့ စပယ်ယာရဲ့အော်သံကို ကြားပြီး... 
ကျွီ......ဒုန်းးးးးးးးးးးးး
ကားဘရိတ်ဆောင့်နင်းတဲ့ အရှိန်ကြောင့် လူလဲ ...ဘေးကို ယိုင်ကျသွားတယ်... လူယိုင်ပေမယ့် အမေ့အတွက်ဝယ်လာတဲ့ ဆေးထုပ်လေးကို ကျစ်ကျစ်ပါအောင်.. ဆုပ်ပြီး...ကိုင်ထား လိုက်တယ်.......
ခဏနေတော့.... ကားက ဆက်မထွက်တော့ဘူး..
ကားကို ကြည့်လိုက်တော့... ကားပေါ်မှာ လူတွေ လူတွေ အတုံးအရုံး လဲနေတာ.... 
ဟာ.... ကားတိုက်ပီ.... သွေးတွေသံတွေနဲ့ ခြေထောက်ပြတ် လက်ပြတ်.. ဦးခေါင်းတွေ ကြေမွ နေတဲ့ လူတွေကို ကြောက်မက်ဖွယ်ရာ မြင်တွေ့ လိုက်တယ်.....
ဟူးးးး တော်ပါသေးရဲ့... ငါ ဘာမှမဖြစ်လို့.... ခဏနေတော့... ကားတစ်စီးရောက်လာတယ်.. ဒဏ်ရာရသူတွေကို ကားတစ်စီးနဲ့ ခေါ်သွားတာ တွေကတော့ အဲဒီကားနဲ့ ၀င်လိုက်သွားလိုက်တယ်... လက်ထဲမှာတော့ အမေ့အတွက် ဆေးထုတ်လေးကို ကျစ်ကျစ်ပါ အောင် ဆုပ်ကိုင်ထားဆဲပဲ....
ကားဂိတ်ရောက်တော့... ကားပေါ်က ဆင်းပြီး...ရွာပြန်ဖို့ ကားလိုက်ရှာတော့...
ဟာ အတော်ပဲ ဦးပွ ကားပါလား..... ရွာထဲကို လမ်းကြုံလိုက်ရမယ်....ဆိုပြီး ဦးပွကားပေါ် တခြားသူတွေနဲ့ ယောတိယောယောင် .၀င်ထိုင်လိုက်တယ်... 
ခဏနေတော့ ကားက တအိအိနဲ့ ထွက်လာပြီး အစင်ကျေးရွာ အကျော်လဲ ရောက်ကော.... ဇီးဖြူသောင်ကျေးရွာရဲ့ ဆိုင်းဘုတ်ကို လှမ်းမြင် နေရပီ... အမေ့ကို တွေ့ချင်တဲ့ စိတ်ကြောင့် ရင်တွေ တဒိတ်ဒိတ်ခုန်လာတယ်...ရွာအ၀င်လဲ ရောက်ကော... ကားက ကျွီခနဲ ထိုးရပ်သွားတယ်..
ဟာ... ကားက ဘာဖြစ်တာလဲ.. ဆီပိတ်တာလား.. ဦးပွ ကြည့်စမ်းပါဦး..စသည်ဖြင့် ခရီးသည်တွေရဲ့ ပွစိပွစိ အသံတွေတစ်ယောက် တစ်ပေါက် ထွက်လာတယ်... အဲလိုထွက်လာတယ် ဆိုရင်ပဲ..
ရွာထိပ်နတ်ကွန်းထဲက .... ခေါင်းပေါင်းအနီ.. မွန်ပုဆိုးနဲ့ မွန်တိုက်ပုံကို ၀တ်ထားတဲ့... အရပ်ထောင်ထောင်မောင်းမောင်း လူတစ်ယောက်ဗြုန်းဆို ရောက်ချလာပီး... ကျွန်တော့်ဂုတ်ကနေ ကားအောက်ကို ဆွဲချလိုက်တယ်... ကျွန်တော်ခန္ဓာကိုယ်လေးက ဖက်ရွက်လေးတစ်ရွက်လို.. သူလက်ပေါ်မှာ ပါသွားတယ်....
ကျွန်တော်လဲ ကားပေါ်က အကျ ကားလဲ ၀ူးးးးခနဲ စက်နှိုးသွားတယ်....ပြီးတော့ ရွာဘက်ကို မောင်း ထွက်တော့ ကျွန်တော်ပြေးအလိုက်မှာ....
ရွာထိပ်မှာ ခွေးနက်ကြီး ၂ကောင် မန်ဖီပြီး ကျွန်တော်သွားမယ့်လမ်းကို ပိတ်ထားတယ်....
အဲမှာပဲ... ခုနက လူကြီးက မွန်ဘာသာနဲ့... ဟေ့ မင်းရွာထဲဝင်လို့မရဘူး... မင်းဝင်ပိုင်ခွင့်မရှိဘူး..
ဟာဗျာ... ကျွန်တော်ငယ်ငယ်ထဲက နေလာတဲ့ ရွာ ၀င်ချင်ဝင်မယ်... ထွက်ချင်ထွက်မယ်... ခင်ဗျားက ဘာလို့မပေးဝင်တာလဲ... ဒါနဲ့ နေစမ်းပါဦး.. ကျွန်တော်ဒီရွာမှာ နေလာတာ ကြာပီ... ခင်ဗျားကို တစ်ခါမှလဲ မတွေ့ဘူးဘူး... ခင်ဗျားက ဘယ်သူလဲ ကျွန်တော်အမ နေမကောင်းဖြစ်နေတယ်ဗျ...
အဲဒါ ကျွန်တော်တွေ့မလို့ပြန်လာတာ....ဆိုပြီး ပြောတော့...
မင်းအမေက မိထောမွန် မဟုတ်လား... မင်းနာမည်က မင်းအောင်မျိုး... မင်းအဖေ နာမည်က မင်းလဂွန်း... မင်းအဖိုးတွေ အဘွားတွေ နာမည်ပါ ထပ်ပြောပြရဦးမလား... စသည်ဖြင့် ပြောပြတော့... ကျွန်တော်လဲ အံ့သြသွားတယ်... အဲဒါဆို ဒီက အဘိုးက...
ငါက ဒီရွာမှာနေလာတာကြာပီ... ဒီရွာမှာဖြစ်တဲ့အကြောင်းငါအစအဆုံး သိတယ်.. မင်းအခုရွာထဲဝင်လို့မရတော့ဘူး... ဘာလို့လဲ မင်းမမေးနဲ့.. မင်းက သက်ရှိလူသားတစ်ဦး မဟုတ်တော့ဘူး... မင်းသေဆုံးခဲ့ပြီ.. မင်းသေဆုံး သွားခဲ့ပြီ.... မင်းကားတိုက်ပြီးတော့ သေဆုံးခဲ့ပီ.. ဗျာ.. ကျွန်တော် ကျွန်တော် သေဆုံးခဲ့ပီ..ဟုတ်လား.... 
အေး..မင်းသေဆုံးခဲ့ပီ ဒါကြောင့်ရွာထဲဝင်လို့ မရဘူး....ဆိုပြီပြောတဲ့စကားကြောင့်...
လက်ထဲမှာကိုင်ထားတဲ့ ဆေးထုပ်လေး.. လွတ်ကျသွားလောက်အောင် .. ဆောက်တည်ရာ မရဖြစ်ခဲ့တယ်... 
အဲဒါနဲ့ ကျွန်တော်လဲ ရွာထိပ်က ဇရပ်လေးမှာ ထိုင်ပြီး ရွာထဲကို ဘယ်လိုဝင်ရမလဲ ဆိုပြီး တွေးနေ မိတယ်.... ကျွန်တော်အမျိုးမျိုးကြိုးစားပြီး ၀င်ဖို့ ကြိုးစားပါသေးတယ်... ဒါမယ့် မအောင်မြင်ခဲ့ဘူး.. အမေ့ ကျန်းမာရေး အခြေအနေက .တစ်နေ့တစ်ခြား ဆိုးလာတယ်လို့ လမ်းသွားလမ်းလာလူတွေပြောတာ ကြားရတယ်. နောက်နေ့ကျတော့.. ဦးလေးတွေ အဒေါ်တွေ ဆွေမျိုးတွေ ငိုကြီးချက်မနဲ့ ရွာထဲကနေ ထွက်လာတယ်.... ကျွန်တော်စိတ်ထဲ အမေများ တစ်ခုခုဖြစ်လို့လားပေါ့ဗျာ... စိတ်ထဲ ထင့်ခနဲ ဖြစ်သွားတယ်.... 
နောက်မှသိရတာက ကျွန်တော်အဖြစ်အပျက်ကို သိပြီး သွားကြတာ... ဟိုမှာပဲ ကျွန်တော့် အလောင်းကို သဂြိုလ်ခဲ့တယ်....
ကျွန်တော်လဲ ရွာထိပ်က အဘိုးကို.. အားကိုးပြီး နေလာခဲ့တယ်... ရွာထိပ်ကနေဘယ်မှ သွားလို့ မရခဲ့ဘူး... တစ်ရက်မှာတော့ ကျွန်တော် ရွာထဲ ၀င်ခွင့်ရခဲ့တယ်... ကျွန်တော်အရမ်းဝမ်းသာ သွားတယ်... အဲဒါနဲ့ လူခြေတိတ်ချိန်... ကျွန်တော် အိမ်ကို ထွက်လာခဲ့တယ်....
လမ်းတစ်လျောက်... ပတ်ဝန်းကျင်အနှံ့ အစာရှာဖွေစားသောက်နေကြတဲ့ ပရလောက သားတွေ.... တစ်ချို့ဆို ကျွန်တော့်ကို သူတို့ အစာကိုလာလုလေမလားဆိုတဲ့ အကြည့်စိမ်း ကြီးတွေနဲ့ လျာကြီးတွေ တွဲလောင်းကျပြီး သွားရည်တတွဲတွဲနဲ့ ကြည့်နေတာ.... ဒါပေမယ့် ကျွန်တော် ကြောက်စိတ်မ၀င်ခဲ့ဘူး.... ကျွန်တော် သိတာက အိမ်ကို ရောက်ဖို့ပဲ.... ဟော... ကျွန်တော် အိမ်ကို လှမ်းမြင်နေရပီ.... အိမ်ရှေ့မှာ လူတွေ မီးရောင်တွေ... အများကြီးပါလား...
ကျွန်တော် အိမ်ရှေ့လဲရောက်ကော.... အိမ်မှာ မွေးထားတဲ့ ငနက်က စူးစူးဝါးဝါး ကျွန်တော့်ကို...
ကြည့်ပြီး ဟောင်ပါလေရော.....
အိမ်ရှေ့မှာ စကားထိုင်ပြောနေတဲ့ လူတွေ ရုတ်ရုတ်သဲသဲဖြစ်ကုန်တယ်... ခွေးကလဲ အရမ်းကိုဟောင်နေတာကိုး.... ခဏနေတော့ ဦးလေးအိမ်ပေါ်က ဆင်းလာပြီး...
တူလေး.. အောင်မျိုး မင်းရောက်လာပီလား... မင်း အမေလေ မင်းအမေ မင်းကို စောင့်နေတာ... မင်းသတင်းကြားတော့ သူလုံးဝကို မထူနိုင်တော့ဘူး..... မင်းရောက်နေတာ... ငါသိပါတယ်.... တူလေးရယ်...ဆိုပြီး ငိုသံကြီးနဲ့ ပြောတော့.... ကျွန်တော်ရင်ထဲကနေ အပူလုံးတွေ အုံကြွလာခဲ့တယ်.... ... ကျွန်တော် အိမ်ထဲကို ၀င်မယ်လုပ်တော့.....
အမလေးးးး... အမရေ..  ကျွန်မတို့ကို ထားသွားပီလား.... အီးးးဟီးးဟီးး ဆိုတဲ့ အော်ငိုသံ ကြီးက အတိုင်းအဆမရှိ ကျယ်လောင်စွာ ထွက်လာတယ်.... ဒါဒေါ်ကြီးငိုသံပဲ.... အမေ... အမေ ... အမေ ..ဆိုပြီး.. ပြေးမ၀င်မလို့ လုပ်တော့...အမေ အိမ်ပေါ်ကနေ ဖြေးဖြေးချင်း ပြုံးပြီးဆင်းလာတာ.... ပြီးတော့ ကျွန်တော့်ကို တွေ့ပြီး... လာပြေးဖက်တဲ့အချိန်....
ဟေ့ကောင် အချိန်ပြည့်ပြီ လာခဲ့ဆိုပြီး.... ကျွန်တော် ဂုတ်ကနေ.. ဆွဲပြီး ခေါ်သွားတာ... အနောက်ကို လှည့်ကြည့်လိုက်တော့.... အမေ အနောက်ကနေ ကျွန်တော့်ဆီ လိုက်လာနေတယ်.
ရွာထိပ်လဲရောက်ကော..... မင်းအမေ မင်းဆီ လာနေတယ်.... ဒီမှာပဲတွေ့ ရွာထဲထပ်ဝင်လို့ကတော့... ငါ့အဆိုးမဆိုနဲ့ ဆိုပြီး လှည့်ထွက်သွားတယ်...
ခဏနေတော့ အမေ ရောက်လာပြီး... စကားတွေ ပြောဖြစ်ကြတယ်.... အမေလဲ ကျွန်တော်နားမှာပဲ နေတယ်... တစ်ခါတစ်လေ အမေ ရွာထဲပြန်ဝင် သွားတတ်တယ်.... ပြီးရင် ပြန်ပြန်ရောက်လာတယ်...
ကျွန်တော်ရက်လည်တဲ့ နေ့မှာပဲ.... အမေကိုပါ တူတူအမျှဝေခဲ့တာ.... အမေက ကျွန်တော့်ဘေး မှာထိုင်ပြီး သာဓုခေါ်ခဲ့တယ်... သာဓုလဲ ခေါ်ပြီးကော... အမေလက်ကလေးပြပြီး... အိမ်ပေါ်ကနေ ထွက်သွားခဲ့တယ်... ပြီးတော့ ကျွန်တော့်ကို အမျှဝေတယ်... ကျွန်တော်လဲ သာဓု ၃ကြိမ်ခေါ်ပြီးတဲ့အချိန်.... ဖျတ်ခနဲ... လျှပ်စီးလက်သလိုလေးပဲ... အဲလောက်ပဲ ကြာတယ်.... ကျွန်တော်... နေရာသစ်တစ်ခုကို ရောက်သွားတယ်.... မျက်လုံးလေးကို အသာလေး ဖွင့်ကြည့်လိုက်တော့... အနီရောင် လိပ်ကာလေးထဲကို ရောက်နေပါလား.... ဘယ်နေရာကြည့်ကြည့်... ဘေးပတ်ဝန်းကျင်က အနီရောင်ဇာပါးလေးနဲ့ ဖုံးထားသလိုပဲ....
ကျွန်တော်အဲဒီအချိန်... ကာထားတဲ့ နံရံလေးကို ခြေထောက်လေးနဲ့ ကန်လိုက်မိတယ်......
                                     ပြီးပါပြီ....
                                     ဇေယန ( ရာမည )
#ပရလောကနယ်
အစိမ်းသေ
သိတဲ့ သူတွေလည်းရှိသလို မသိတဲ့ လူတွေလည်းရှိမှာပါ။
ဘာလဲဆိုတော့ နယ်ဘက်တွေမှာ အစိမ်းသေ သေတဲ့လူတွေဟာ ရွာထဲမှာ မဟုတ်ပဲ ရွာအပြင်မှာ သေတာဆိုရင် ရွာထဲပြန်ယူလာခွင့် မပြုကျပါဘူး။ဘယ်တုန်းကတည်းက… ဘာကြောင့် …ဘယ်သူက စခဲ့တဲ့ ဇာတ်လမ်းဆိုတဲ့ သမိုင်းကြောင်းတော့ စာရေးသူလည်း မသိပါ…ဒါပေမယ့် ရွာပြင်မှာသေတဲ့ အစိမ်းသေကို ရွာထဲ ပြန်ယူလာရင် ခိုက်တတ်တယ် ရွာနာတယ် လို့ အယူရှိကျတာတော့ နယ်ဘက်က လူတွေတော်တော် များများကြားဘူး ကျမယ်လို့ ထင်ပါတယ်…
ကျနော် ကိုယ့်တွေ့ကိစ္စတခုကတော့ တိုက်ဆိုင်မှုပဲ ပြောမလား ရှေးလူကြီးတွေရဲ့ အတိတ်နမိတ်တွေ နဲ့ပဲ ဆိုင်မလားပဲ…ရန်ကုန်မှာ ကြုံခဲ့တဲ့ အဖြစ်အပျက်ပါ…
ဖြစ်ပုံက ကျနော်တို့ နေတဲ့ လမ်းရဲ့ အနောက်ဖက်လမ်းက လူတစ်ယောက်သေတာကို အသုဘ ယာဉ်က လာသယ်ရင်း လမ်းထိပ်က အိမ်ရဲ့ ခြံထောင့် တနေရာကို အခေါင်းသယ်တဲ့ လူတွေက အခေါင်းနဲ့ မတော်တဆ ဝင်တိုက်မိခဲ့ပါတယ်။သူတို့ကလည်း
တောင်းပန်ကျပါတယ်။မတော်လို့ပါပေါ့။
တချို့လူကြီးတွေက နမိတ်မကောင်းဘူး လို့ပြောကျပါတယ်။သိပ်မကြာပါဘူး။အခေါင်းနဲ့ ဝင်တိုက်မိတဲ့ ခြံက ဦးလေးကြီးဟာ ဘာရောဂါမှ ထွေထွေထူးထူး မရှိပဲ သေသွားပါတယ်။ဒါဟာ တိုက်ဆိုင်မှုလား…ဒါမှ မဟုတ် ရှေးလူကြီးတွေရဲ့ စကားအတိုင်း ဖြစ်တာလား ဆိုတာကတော့ သေချာမသိပါ…အခေါင်းသယ်ရင် သတိအရမ်းထားရတယ် ဘာဆိုဘာနဲ့ မှ ဝင်မတိုက်မိအောင် ဂရုစိုက်ရတယ် ဆိုတာကိုတော့ ကြားဖူးကျမယ် ထင်ပါတယ်…
••••••••••••
နောက်ထပ် ထူးခြားတဲ့ အဖြစ်အပျက်တခု ရှိပါသေးတယ်…အဲဒါကတော့ ယခု လက်ရှိ စာရေးသူတို့ နေထိုင်နေတဲ့ ရန်ကုန်က အိမ်နား ပတ်ဝန်းကျင်မှာ ဖြစ်တဲ့ ကိစ္စပါ…စာရေးသူတို့ အိမ်နားမှာက စာရေးသူတို့နေတဲ့ လမ်းအပါအဝင် လမ်း ၄လမ်းရှိပါတယ်… ၄လမ်းလုံးက အဓိက ကျတဲ့လမ်းမမှာ လာစုံကျပါတယ်…စာရေးသူတို့ လမ်းနဲ့ နောက်တစ်လမ်းကတော့ လမ်းပိတ်တွေပါ…တခြား၂လမ်းကတော့ လေးထောင့် မကျတကျ ပတ်လည်သွားလို့ရပါတယ်…အခြားလမ်းတွေနဲ့လည်း ဆက်နေတယ် ဆိုပါတော့…စာရေးသူ အခုပြောချင်တယ် ဆိုတဲ့ ထူးခြားချက်ဆိုတာက စာရေးသူတို့နေတဲ့ အိမ်နားက အပေါ်က ပြောပြခဲ့တဲ့ လမ်းတွေမှာ လူတစ်ယောက်သေပြီဆို ၇ရက်မခြားပဲ နောက်ထပ် လူတစ်ယောက် သေ …အဲဒီနောက်လူသေပြီး ၇ရက်မခြား တခြားလူထပ်သေသလို ဖြစ်တတ်ပါတယ်…လူ ၄ယောက်လောက် ဆက်တိုက်သေတတ်ပါတယ်…ပတ်ချာလှည့်ပြီး သေသလိုမျိုးပေါ့…၃ယောက်လောက် ဆက်တိုက်သေပြီဆိုရင် ရပ်ကွက်ထဲမှာ ဘုန်းကြီးတွေပင့်ပြီး ပရိတ်ရွတ်ရပါတယ်…အနည်းဆုံး ၃ယောက်၎ရောက်လောက်သေပြီးမှ ဒါမှ မဟုတ် ပရိတ်ရွတ်လိုက်မှ သေတာတွေ ရပ်သွားတတ်ပါတယ်…အမြဲလို ဖြစ်တာ မဟုတ်ပေမယ့် တစ်ခါတစ်ခါ အဲလို သေတာမိျုးတွေ ဖြစ်တတ်တာ သိသာလှပါတယ်…အခုနောက်ပိုင်းတော့ မဖြစ်တော့တာ အတော်ကြာနေပါပြီ…
••••••••••••••••
အစိမ်းသေကို ရွာထဲပြန်ခေါ်မိလို့
##################
ဘားအံဘက်က ရွာတရွာမှာ ဖြစ်ခဲ့တဲ့ ဇာတ်လမ်းတပုဒ်ပါ။အမည်တွေကို လွှဲရေးထားပါတယ်။စာရေးသူကို ညီငယ်တစ်ယောက် ပြောပြခဲ့တာပါ…
##############
ကျနော် ၈တန်းနှစ်က ဖြစ်ခဲ့တာပါ…ကျနော့် အဖေက ရဲဝန်ထမ်းဆိုတော့ သူတာဝန်ကျရာ ဘားအံဖက်ကိုလိုက်နေတဲ့ အချိန်က ဖြစ်ခဲ့တာပါ…
တနေ့ ရွာပြင်မှာ မပုဆိုတဲ့ အမကြီးတစ်ယောက် ခွေးကိုက်ခံရပြီးသေသွားပါတယ်။ခွေးကသေအောင် ကိုက်တယ်ဆိုတာ မရှိသလောက်ရှားပါတယ်။တချို့လူတွေပြောတာကတော့ မပုကို ကိုက်တဲ့ခွေးဟာ တိုက်ခွေး (အောက်လမ်းနဲ့ တိုက်ပြီး သေအောင်လုပ်တာမျိုးပါ။) လို့ပြောကျပါတယ်။မပုက မင်္ဂလာဆောင်တာလည်း မကြာသေးပါဘူး။ဘယ်သူဘယ်ဝါက ဘာအငြိုးကြောင့်လုပ်တာလည်း ဆိုတာ ဘယ်သူမှ တိတိကျကျ မသိခဲ့ပါဘူး။
မပုအလောင်းကို တွေ့တော့ သူ့မိဘ ဆွေမျိုးတွေက ရွာထဲပြန်ယူပြီး ပုံမှန်သေသူတွေလို သဂြိုလ်လိုက်ပါတယ်။တရွာလုံးက လက်မခံချင်ပေမယ့် ဘယ်သူမှ အမှန်းခံပြီး ဝင်မပြောခဲ့ကျပါဘူး။မပုအလောင်းကို ရွာထဲပြန်သယ်တဲ့ ညက စပြီး ညညဆို ခွေးတွေ အူပါတယ်။့မပုကို သဂြိုလ်ပြီးနောက်ပိုင်းမှာတော့ ညညဆို ခွေးတွေ လည်း အူကျ သလိုတစ်ခါတရံ ငှက်ဆိုးထိုးသံတွေကိုပါ ကြားရတတ်ပါတယ်။ငှက်ဆိုးထိုးသံ ကြားပြီဆိုတာနဲ့ မနက်ရောက်ရင် လူတစ်ယောက်မဟုတ် တယောက် သေတော့တာပါပဲ။လူတွေ ခဏခဏသေလာကျတော့ ရွာသားတွေလည်း လန့်လာတယ်။
အဲဒီအချိန်မှာ အိမ်တိုင်းရဲ့ အဝင်ဝမှာ ဇီးကိုင်းတွေချိတ်ထားကျတယ်။မကောင်းဆိုးဝါးတွေ မဝင်နိုင်အောင်လို့ လို့ ပြောပါတယ်။အဲဒီလိုအဖြစ် အပျက်တွေနဲ့ကြုံတွေ့နေတဲ့ အချိန်မှာ ကျနော်က ၈တန်းတက်နေတဲ့ အချိန်ပေါ့ ညဘက်ဆို ရင်လည်းကျူရှင်တက်ရတယ်။ပြန်ရင် တစ်ယောက်ထဲပြန်ရတယ်။ကျနော်တို့အိမ်ကိုပြန်တဲ့ လမ်းမှာ ကျောင်းရှိပါတယ်…ကျောင်းမှာ သရဲခြောက်တယ်လို့ ကြားဖူးနေတော့ ညဘက်အိမ်ပြန်လို့ ကျောင်းရှေ့ရောက်တိုင်း သရဲများ အခြောက်ခံရမလား တွေးတွေးကြောက်နေမိတယ်။တခါမှလည်း ကျောင်းဘက်ကို မကြည့်ပဲ ခေါင်းငုံ့ပြီးလျှောက်တယ်…
•••••••••
တညမှာတော့ ရွာမှာမီးပြတ်လို့ တရွာလုံး မှောင်မဲနေတာပေါ့။အဲဒီည ကျူရှင်ဆင်းတော့ ညအမှောင်ထဲ တယောက်ထဲ မပြန်ရဲမှာစိုးလို့ သူငယ်ချင်းနဲ့ သူ့အမေက ကျနော့်ကို လိုက်ပို့တယ်။လမ်းရောက်တော့ အမေနဲ့ အကိုနဲ့ အတူလာကြိုတာ တွေ့လိုက်တယ်။မကြိုစဖူး လာကြိုတာဆိုတော့ ထူးဆန်းနေတာပေါ့။သူငယ်ချင်း သားအမိကို နှုတ်ဆက်ပြီး ကျနော်ရယ် အမေရယ် အကိုရယ် အတူပြန်လာရင်း အမေက သား စောဏက အိမ်ပြန်လာသေးလားလို့ မေးတယ်။မပြန်လာပါဘူး ကျုရှင်က အခုမှ ဆင်းလို့ အခုမှ ပြန်လာတာပါ လို့ ဖြေလိုက်တော့ အမေ့မျက်နှာ ပျက်သွားတာမြင်လိုက်တယ်။ဘာဖြစ်လို့လဲ အမေ လို့ မေးလိုက်တော့ ဘာမှမဖြစ်ပါဘူး သားရယ်…လာလာမြန်မြန်လျှောက်ဆိုပြီး လက်ဆွဲပြီး အမြန်လျှောက်တော့တာပဲ။ကျနော်လည်း ဘု့မသိဘ မသိနဲ့ အမေအတင်းဆွဲတဲ့ နောက်ကို ပါသွားတယ်။
အိမ်ရောက်တော့မှ အမေကရေ သောက်ပြီး အမောပြေလောက်ရော ''သိပ်တော့မကြောက်နဲ့ နော် သားလေး။စောဏက မင်းကိုလာမကြိုခင် အိမ်ရှေ့က မင်းအသံကြားလိုက်လို့ အမေထွက်ကြည့်တာ ဘယ်သူမှ မတွေ့လို့ ငါ့သားလေးတခုခုများဖြစ်နေပြီလား အရမ်းစိတ်ပူတာနဲ့ မင်းတို့ကျူရှင်ကို လိုက်လာတာတဲ့…အမေက မကြောက်နဲ့ ဆိုမှ ကျနော်က ပိုကြောက်နေတော့တယ်…ကျနော်များ သေတော့မှာလား တွေးပြီး ငိုတော့တာပေါ့…အမေက သားလေး မငိုနဲ့ ဘာမှမဖြစ်ဖူး…ပရိတ်ရေသောက်လိုက်…ပြီးရင် အိပ်တော့နော်တဲ့…သား မအိပ်ရဲဘူး ပြောတော့…အမေသားဘေးမှာ မအိပ်ပဲ စောင့်ပေးမယ်…စိတ်ချလက်ချအိပ်ဆိုတာနဲ့…ကျနော်လည်း ခဏကြာတော့ အိပ်ပျော်သွားတယ်…
ည သန်းခေါင်အချိန်လောက်မှာ…ကျနော့် နားထဲအသံ တစ်သံကြားလို့ လန့်နိုးသွားတယ်…အသံက ဘယ်ကလာမှန်းမသိပေမယ့် ကျနော့် နာမည်ကို ခေါ်နေတဲ့ အသံ…''သူရ ရေ …သူရ…ဒီကိုလာခဲ့''
လို့ ခေါ်နေတာ…ကျနော်အတိုင်းသားကြားနေရတယ်…အသံကြားလို့ လန့်နိုးသွားပြီး…ဘေးကိုကြည့်လိုက်တော့ အမေနဲ့ ညီမလေးက အိပ်နေတယ်…ကျနော်က အိပ်မက်မက်နေတာ နေမှာပါ…တွေးပြီး ပြန်အိပ်မယ် လုပ်တော့…စောဏက ကျနော့် နာမည်ခေါ်နေတဲ့ အသံကို ထပ်ကြားရပြန်တယ်…ဒီတစ်ခါ အသံကြားလိုက်တဲ့ နောက်ပိုင်း ကျနော် ဘာဖြစ်သွားမှန်းမသိပဲ…အဲဒီ အသံလာတဲ့ နေရာကို သွားချင်စိတ်ပေါ်လာတယ်…လူတစ်ကိုယ်ထဲကို စိတ်၂ခွဖြစ်သွားသလိုပဲ…စိတ်တစ်ခုက အသံကြားနေရတဲ့ နေရာကို သွားချင်နေတယ်…နောက် စိတ်တစ်ခုက ကြောက်ပြီး အမေ့ကို နှိုးပြောချင်တဲ့ စိတ်ပေါ့…ဒါပေမယ့် စိတ်အညှို့ ခံထားရသလို…ဖြစ်နေပြီး ကျနော် ခန္ဓာကိုယ်ကြီးက မတ်တပ်ထရပ်လိုက်တာ ကျနော် သတိထားမိလိုက်တယ်…
''မထနဲ့ မသွားနဲ့လို့ ကျနော့်ကို ကျနော် ပြောနေပေမယ့် ပြောမရဘူး…ဖြစ်နေတယ်…အမေရေ အမေရေလို့…အော်နေပေမယ့် အသံကမထွက်ဖူးဖြစ်နေတယ်…''
ဒါနဲ့ ကျနော့် ခန္ဓာကိုယ်ကြီးက အမေနဲ့ အတူအိပ်နေတဲ့ အခန်းထဲက တစ်လှမ်းခြင်းလျှောက်ပြီး ထွက်သွားနေတာ ကျနော်သိနေတယ်…ကျနော် ကြောက်လွန်းလို့ ဇောချွေးတွေပြန်နေတယ်…ကျနော့် ခြေထောက်တွေကို ကျနော်ရပ်မရဘူးဖြစ်နေတယ်…ကျနော် ခန္ဓာကိုယ်ကြီးက အခန်းထဲက ထွက်ပြီး အိမ်ရှေ့မှာ အိပ်နေတဲ့ အစ်ကိုကို ကျော်ပြီး အိမ်တံခါးကို ဖွင့်ပြီး အပြင်ထွက်သွားတယ်…အိမ်ပြင်ရောက်တော့ အသံက မှောင်မဲနေတဲ့ လမ်းမဘက်က လာနေတယ်ဆိုတာ သတိထားမိတယ်…လမ်းပေါ်မှာ ဘယ်သူမှ ရှိမနေပါဘူး…ကျနော့် ကြောက်နေပေမယ့်…ကျနော့် ခြေလှမ်းတွေက ဆက်သွားနေတုန်းပဲ… တဖြည်းဖြည်းနဲ့ ကျနော် ခြံပြင်ထွက်လာနေတယ်ဆိုတာကို သိစိတ်က သိနေတယ်…
လမ်းမပေါ်လျှောက်နေပေမယ့် ကျနော့်နာမည် ခေါ်နေတဲ့ အသံပိုင်ရှင်ကိုလည်း မတွေ့ရသေးဘူး…အသံက ကျနော် နဲ့ နီးလာလိုက် ဝေးသွားလိုက်ကို ဖြစ်နေတာ…တဖြည်းဖြည်းနဲ့ ကျနော် လျှောက်နေတာ ရွာပြင်ကို ရောက်ပြီး ရွာ င်္သချိုင်းကုန်းဘက်ကို ရောက်လာနေပြီ…ကျနော် အရမ်းကြောက်နေမိတယ်…ကြောက်လွန်းလို့ အသက်တောင်ထွက်ပြီး သေသွားပါစေ မြန်မြန်သေပါရစေတော့လို့ တောင် ဆုတောင်းမိတယ်…ဒါပေမယ့် ဘယ်လိုမှ မတတ်နိုင်ဘူး…ကျနော့် စိတ်က သိနေပေမယ့် အဲဒီအချိန်မှာ ကျနော့်ကို ကျနော် မပိုင်သလိုမျိုး အသံရဲ့ ဆွဲငင်နေတဲ့ညှို့အားကို မလွန်ဆံနိုင်ဘူး…ဖြစ်နေတယ်…တစ်ဖြေးဖြေး ကျနော့်ခြေလှမ်းတွေက င်္သချိုင်းထဲကို ဝင်ဖို့ ဦးတည်နေပြီ…
အဲဒီအချိန် …ဓါတ်မီးရောင်တွေ မြင်လိုက်ရပြီး…''ဟိုမှာ ဟိုမှာ ''ဆိုတဲ့ အော်သံတွေ ကြားပြီး လူတွေ အုပ်လိုက်ပြေးလာသံတွေ တစ်ယောက်တစ်ပေါက်ပြောဆို အော်ဟစ်သံတွေကြားပြီး ကျနော် င်္သချိုင်းဝမှာတင် ပစ်လဲသွားပြီး တလောကလုံး မှောင်မည်းသွားတယ်…
ကျနော် သတိပြန်ရတော့ ကျနော့် ဘေးမှာ အဖေရယ် အမေရယ် ရွာဦးကျောင်းဆရာတော်နဲ့ ရွာသားအတော်များများကို တွေ့လိုက်ရတယ်…
''အမေ အမေ သားဘာဖြစ်တာလည်း …သားသေသွားပြီလားလို့ ''ကြောက်ပြီး မေးရင်း အမေ့ကို ဖက်ပြီး ငိုလိုက်တယ်…အမေက
''သားဘာမှ မဖြစ်ဘူး…သားနေကောင်းလား ဘယ်လိုနေလည်းလို့ မေးတယ်…''
''ဆရာတော်က ဒကာမကြီးသားကို ပရိတ်ရေလေး အရင်တိုက်လိုက်ပါအုံးလို့ပြောတာနဲ့ အမေက ပရိတ်ရည်တိုက်တယ်…''
အဖေက…''သား ဘာမှ မကြောက်နဲ့ အဖေတစ်ယောက်လုံး သားနားမှာရှိတယ်လို့လည်း ဝင်ပြောတယ်…''
ပရိတ်ရည်သောက်ပြီး ခဏနေတော့ အဖေက စမေးတယ်…
''သား မနေ့ညက ဘာလို့ ရွာပြင်င်္သချိုင်းကိုသွားတာလည်းတဲ့…''
''ကျနော်လည်း အိပ်နေရင်း အသံတသံကြားလို့ လန့်နိုးသွားတာက စပြီး စိတ်ထဲက မသွားချင်ပဲ အဲဒီအသံလာတဲ့ ဆီကို သားခြေထောက်တွေက အလိုလိုသွားရင်း ရွာင်္သချိုင်းကုန်းနားရောက်သွားပြီး လူသံတွေကြားလိုက်ရကြောင်း…ပြီးတော့ ဘာဆက်ဖြစ်တယ်ဆိုတာ မသိတော့ဘူးလို့ပြောပြလိုက်တယ်…''
အဖေ ပြန်ပြောပြတာက…အဲဒီည က သူက တာဝန်နဲ့ ညပိုင်း ဂျူတီကျနေရင်း စိတ်တွေလေးပြီး အိမ်ပြန်ချင်စိတ်ပေါက်နေတာ ဘယ်လိုမှ မထိန်းနိုင်တာနဲ့ အိမ်အတွက်လည်း စိတ်ပူပြီး သူ့ဆရာဆီ ခွင့်တောင်းပြီး အိမ်ပြန်လာတာတဲ့…အိမ်ပြန်ရောက်တော့ အိမ်ရှေ့တံခါးကြီး ပွင့်နေတာ တွေ့တာနဲ့ အိမ်ပေါ်တက်ကြည့်တော့ သားကိုမတွေ့တာနဲ့ မင်းအမေကို နှိုးပြီးမေးတော့မှ သားပျောက်နေတာသိပြီး…အိမ်နီးနားချင်းတွေနှိုးပြီး လိုက်ရှာရင်း င်္သချိုင်းထိပ်နားမှာ သားကိုတွေ့လို့ ပြေးလိုက်လာတုန်း သားလဲကျသွားတာတွေ့လိုက်လို့ အိမ်ပြန်ခေါ်လာတာဆိုတဲ့ အကြောင်းပြောပြတယ်…ပြီးတော့ ဆရာတော်ကို ညတွင်းချင်းပင့်ပြီး ပရိတ်ရွတ်ခိုင်းပြီး ပရိတ်ရေတွေ ဖြန်း ပရိတ်ရေတွေ တိုက်လို့ ကျနော်ပြန်သတိရလာတာတဲ့…
ကျနော်က အဖေပြောပြတာတွေကြားပြီး လန့်နေသလို ကျနော်ပြောပြတာကို ကြားပြီး အမေကောရွာသားတွေပါ ကြောက်နေကျတယ်…''ဆရာတော် ကယ်ပါအုံး…ရွာတော့ အပမိနေပါပြီ ဆိုပြီး…ဝိုင်းပြောကျတယ်…''
ဆရာတော်က
''မကြောက်ကျနဲ့ မနက်လင်းတာနဲ့ ငါ မြို့ပေါ်ကြွပြီး အမှောင့်ပရောဂတွေကို နိုင်တဲ့ ဆရာတော်ကြီး တစ်ပါးပင့်ပေးမယ် ''
ပြောတော့မှ အားလုံး ငြိမ်သွားကျတယ်…
မိုးလင်းတော့ ဆရာတော်နဲ့ ရွာက ဦးလေးကြီး သုံးယောက် မြို့တက်သွားပြီး နေ့လည်လောက်ရောက်တော့ ပြန်ရောက်လာကျတယ်…ဆရာတော်ကြီးတစ်ပါး ပင့်ပြီး ကျနော်တို့ အိမ်ကို အရင်ဝင်လာတယ်…ပင့်လာတဲ့ ဆရာတော်ကြီးက သားလေး မနေ့ညနေက ဘာထူးခြားတာ ဖြစ်ခဲ့သေးလည်း သေချာပြန်စဉ်းစားပြီး ပြောပြစမ်းဆိုလို့…ကျနော်ပြန်စဉ်းစားတော့ …
ကျနော်ကျောင်းပြီးလို့ အိမ်ကိုပြန်ပြီး ထမင်းစား ညနေ ၅နာရီလောက် ကျူရှင်ကို အသွား မပုတို့ အိမ်ရှေ့မှာ ချော်လည်း ခဲ့ကြောင်း …ကျန်တာ ဘာမှ မဖြစ်ဖူးဆိုတာပြောပြလိုက်တယ်…
ဆရာတော်ကြီးက မင်းကံကောင်းတယ် ကောင်လေး…သေနေ့မစေ့သေးတာလည်း ပါတယ်…မင်း ညနေစောင်း ချော်လဲတာက မကျွတ်မလွတ်သေးတဲ့ အစိမ်းသေသေတဲ့ လူရဲ့ အိမ်ရှေ့မှာဆိုတော့ မင်း အပမိတာပဲ…မင်းလိပ်ပြာကို နုတ်ဖို့ အထိ ဟိုက ကြိုးစားတာ…မင်းအတော်ကံကောင်းတယ်…လို့ပြောတယ်…
အခုတော့ အားလုံးမစိုးရိမ်ကျနဲ့တော့...သူအားလုံးလုပ်ပေးမယ်လို့ ဆရာတော်ကြီးကပြောပြီး...ပရိတ်မန်းကြိုးလေးလည်ပင်းမှာ ဆွဲထားလိုက်လို့ ပြောပြီးပေးသွားတယ်...ရွာလူကြီးကို ကာလသား၅ယောက်လောက်ခေါ်ပြီး ရွာထိပ်င်္သချိုင်းကုန်းကို ချက်ချင်းလိုက်ခဲ့ဖို့ ပြောပြီး...ရွာခံဆရာတော်နဲ့ အတူ လူကြီး၃ယောက်နဲ့အတူ ရွာင်္သချိုင်းဘက် ကြွသွားတယ်...နောက်မှ လူကြီးတွေပြောလို့ ပြန်သိရတာက... မပုအလောင်းကို ပြန်ဖော်ပြီး မီးသဂြိုလ်ခိုင်းတယ်...ပြီးတော့ ပရိတ်ရွတ် မေတ္တာပို့ပြီး မကောင်းဆိုးဝါးနှင်တဲ့ ဂါထာရွတ်ပြီး ရွာကိုထပ်မနှောင့်ယှက်ဖို့ပြောပြီး နှင်ထုတ်လိုက်တယ်..တဲ့....အဲဒီနေ့က စပြီး ရွာက အရင်လိုပုံမှန်ပြန်ဖြစ်သွားတော့တယ်...ခွေးအူသံတွေ ငှက်ဆိုးထိုးသံတွေ ထပ်မကြားရတော့ သလို...လူတွေလည်း ထပ်မသေတော့ပါဘူးးး.....
Credit - ညွှန်းစေKN
ADMIN :-) JUVENILE 
ဒီ ပရလောကအကြောင်းအရာများကို ကြိုက်နှစ်သက်ရင် ပြန်လည် Share ပေးလို့ရပါတယ်နော် ။
မိုင်တိုင် ၂၆ မှာ ခြောက်တဲ့ သားအမိ သရဲ
ကျွန်တော်က လားရှိုးသားဆိုတော့ လားရှိုးသားတွေ ထုံးစံအတိုင်း ဆိုင်ကယ် ကယ်ရီ စီးဖူးတာပေါ့..။ တရုတ်ပြည် ရွှေလီ၊ ကြယ်ခေါင်ထဲက တရုတ်ဆိုင်ကယ်တွေကို မြ...