Saturday, May 4, 2019

ကြခတ်ရွာမှပညာသည်များ.( စ / ဆုံး )

  မိုးကသည်းသည်းမဲမဲ ရွာသွန်းနေတော့ အိမ်ထဲ မှာ ကျွန်တော်တို့မိသားစုဝင်တွေ တစ်ယောက် တစ်ပေါက် ရောက်တတ်ရာရာ ပြောနေစဉ်...

  အဖေ... မေးစရာရှိလို့...

 ဘာမေးမို့လဲ... စာရေးဖို့ဇာတ်လမ်းမရှိတော့ဘူး လား...

ဟီးး ဟီးးး ဟုတ်တယ်... ဘာရေးလို့ရေးမလဲ မသိဘူး...အဲဒါ အဖေက အသက်ကြီးတော့ အတွေ့အကြုံလေးရှိမလားလို့...

အင်းး.. ငယ်ငယ်ကတော့ ကြုံဖူးတာရှိတယ်...

အဲဒါက ကျောင်းကသူငယ်ချင်း တစ်ယောက်နဲ့ သူ့ရွာကို အလည်လိုက်သွားရင်း ကြုံခဲ့တာ...

တော်တော်ကြာခဲ့ပီ..ဒါပေမယ့် ခုထိ မှတ်မိနေ သေးတယ်....

ဟာ...အဲဒါဆို အတော်ပဲ.. ကျွန်တော့်ကို ပြောပြ ပါလား... ရေးဖို့ဇာတ်လမ်းမရှိလို့ပါ...

Please... 

မရဘူးကွာ.... ဥာဏ်ပူဇော်ခ တစ်ခုခုတော့ လုပ်လိုက်ကွာတဲ့...

ငင့်... အဖေကလဲ.သားအဖချင်း ဈေးလာကိုင် နေပြန်ပီ...

မရဘူးဆိုမရဘူး... မပေးဘူးဆို မပြောပြဘူး ခပ်ပြတ်ပြတ်ပဲ...

အဲဒါနဲ့ ဒိန်ချဉ်တစ်ခွက် ပြေးဝယ်ပြီး ဥာဏ်ပူဇော်ခ ပေးလိုက်တော့မှ .. 

အိမ်းးးး အဖြစ်ကတော့..ဒီလို...

ဟေ့ အေးသန်း ဒီကျောင်းပိတ်ရက် ငါတို့ရွာ သွားမလို့... အဲဒါ မင်းလိုက်ခဲ့ပါလား...

လိုက်တော့ လိုက်ချင်တယ်ကွ.. ဒါမယ့် အမေ က လွှတ်ပါ့မလား မသိဘူး...

မင်းကလဲ ငါပါဝိုင်းပြောပေးမှာပေါ့ ...  

အေးကွာ... ပြောပေးကွာ.. အမေလွှတ်ရင် ငါက လိုက်ပီးသားပဲ...

ကံကောင်းချင်တော့ အမေက ခွင့်ပြုလိုက်တယ်..

၃ရက်ပဲကြာမှာဆိုတော့ အမေက ဘာမှမပြောဘူး သူတို့ရွာက တော်တော်ခေါင်တယ်... တစ်ရွာလုံး ကရင်လူမျိုးတွေချည်းပဲ... 

ရွာမှာက ငပွေးတွေလဲ ရှိတယ်.. ဒါပေမယ့် သူတို့ ရွာကို သူတို့ဒုက္ခမပေးဘူး...

တစ်ရွာလုံးက သူအမျိုးတွေချည်းပဲ...

ဟျောင့် တာပေါ မင်း ရွာကလဲ ပျင်းစရာကြီး.. ဘာမှလဲမရှိဘူး... 

မင်းကလဲကွာ နောက်ပျော်သွားမှာပါ.. လာခဲ့ အခုထမင်းသွားစားမယ်...

ဟင်.. ဘယ်မှာသွားစားမှာလဲ..

ကြိုက်တဲ့အိမ်တက်စားကွာ... မယုံဘူးလား လိုက်ခဲ့... ငါ့နောက်လိုက်ခဲ့...

မင်း ဘယ်အိမ်ပေါ်မှာစားချင်လဲ ငါ့ကို လက်ညိုး ထိုးလိုက်ကွာ...

မင်းဟာကလဲ ဖြစ်ပါ့မလား.... ဖြစ်ပါတယ်ကွ...

အဲဒါဆို ဟိုရေနံချေးသုတ်ထားတဲ့ အိမ်ပေါ်မှာ တက်စားမယ်ကွာ....

အဲဒါဆို လိုက်ခဲ့... ဆိုပီး တာပေါ က အရှေ့ကနေ သွန်ထွက်သွားတယ်...

အိမ်ရှေ့ရောက်တော့.... ဟေ့ တာပေါ မင်း ရွာပြန် လာတာလား... ကျောင်းတက်ရတာကော အဆင်ပြေလား... ရွာကဦးဇင်းနဲ့ မြို့မှာနေရတာ ပျော်လား...

အမိုးကလဲ အဆင်ပြေတာပေါ့ ဘုန်းကျောင်းမှာ ကပ်နေတော့ အစားအသောက်ကအစ

အဆင်ပြေတယ်... 

အေးအေး.အဆင်ပြေရင် ၀မ်းသာတယ်ကွယ်.. ဟိုဒါနဲ့ မင်းဘေးက မြို့က သူငယ်ချင်းလား...

ဟုတ်တယ်အမိုး ကျောင်းပိတ်ရက် လာလည်တာ..

လာခဲ့ လာခဲ့  ထမင်းစားမို့ လာ... တက်ခဲ့....

တာပေါက ခေါင်းလေးဆတ်ပြပြီး ဘယ်လိုလဲ ဆိုတဲ့ အဓိပ္ပါယ်... 

အိမ်ပေါ်ရောက်တော့ ထမင်းဝိုင်းမှာ ဟင်းတွေက အစုံပဲ....

ရော့ ဖိုးခွား ထည့်စား.. အားမနာနဲ့... တာပေါက အမိုးတို့ တူသားလိုပဲ ဖိုးခွားက တာပေါ သူငယ်ချင်းဆိုတော့ အမိုးတို့သားပဲပေါ့...

ရော့ ဖိုးခွား ထည့်စား... ဒီမှာက ဖားဟင်း.. ဒီမှာက ဆတ်သား..ဒီမှာက မျှစ်တလပေါဟင်းချို.. စားနော် အားမနာနဲ့....

ကျွန်တော်တို့လဲ စားကောင်းကောင်းနဲ့ စားလိုက်တာ... ဗိုက်တွေဆို တင်းကားနေတာပဲ..

ထမင်းလဲစားပီးတော့... တာပေါ သွားကစားရ အောင်ဆိုပြီး ထလိုက်တာ....

အောက်ခင်းထားတဲ့ သင်ဖျူးဖျာက ဖင်မှာ ကပ်နေ တယ်...

ဟာ သောက်ခွပဲ... တာပေါ လုပ်စမ်းပါဦး.. ငါ့ဖင်မှာ ဖျာကပ်နေတယ်ကွ... 

အီးးးအဲအီးးး ဟာ ခွာလို့လဲမရဘူး... ကော်နဲ့ ကပ်ထားတာလား... အီးးးးအီးအဲ....

ကျွန်တော် အဲလိုဖြစ်နေတာကို ကြည့်ပြီး အိမ်ကလူတွေရော တာပေါ ပါ ၀ိုင်းရယ်ကြတာ...

ဟီးးဟီးးဟားဟားးး ဖိုးခွားက အရမ်းချစ်ဖို့ကောင်း တာပဲ.... 

အမိုးတို့က ချစ်လို့စတာပါ.... ကဲကဲ... ဖျာလေးရေ မကပ်နဲ့တော့ကွယ်... ခွာလိုက် လို့ ပြောလိုက်တယ် ဆိုရင်ပဲ...

ခုနက စူပါဂလူးနဲ့ ကပ်နေသလိုဖြစ်နေတဲ့... ဖျာက ဖုတ်ဆို ချက်ချင်းကျသွားတာ....

အဲတုန်းကတော့ ကလေးဆိုတော့ ဘာလို့ဘာမှန်း မသိဘူး.... ကြောက်ရမယ်မှန်းလဲမသိဘူး... 

ယောတိယောယောင် သူတို့နဲ့လိုက်ရီရင်း... အိမ်ပေါ်က ဆင်းလာလိုက်တယ်...

တစ်ရွာလုံးက သူ့တို့အိမ်ရှေ့ရောက်တာနဲ့ ထမင်းစားဖို့ အတင်းခေါ်တာပဲ.. တစ်ချို့ဆို အိမ်ပေါ်က ဆင်းလာပီး.. အတင်းဆွဲခေါ်တာ..

အဲဒါတာပေါကပဲ ခုနကစားပီးပီးဖြစ်ကြောင်း ... နောက်နေ့လာစားမယ်ဆိုပီး ပြောပြောခဲ့ရတယ်.. ဒါကလဲ သူတို့ရွာရဲ့ ချစ်စရာဓလေ့ တစ်ခုလို့ ပြောရမှာပဲ....

တာပေါ.. ငါပျင်းလာပီကွာ... ဘာမှလဲ မကစားရဘူး....

ဟာကွာ မင်းကလဲ ခဏလေးပါကွ...

ဟော..ဟိုမှာ ငါ့ဘကြီးလာနေပီ...

ဝေ့ ဘကြီး... 

ဟာ တာပေါ... လာကွာ.. မင်းတို့ရောက်နေတယ် ဆိုလို့ ... လယ်ကြွက်သွားဖမ်းနေတာ...

ညနေကျရင် လယ်ကြွက်ကင်ပေးမယ်... ရေနွေးကြမ်းနဲ့မြည်းကွာ...

ဘကြီး ဒီကောင်က ပျင်းနေတယ်တဲ့ ကျွန်တော်တို့ ရွာမှာ ဘာမှကစားဖို့ မရှိဘူးတဲ့...

ဟဟဟဟဟဟ...ဟုတ်သားပဲ.. တစ်မြို့တစ်နယ် က လာတဲ့သူဆိုတော့ ပျင်းနေမှာပေါ့....

အခုမပျင်းအောင် လုပ်ပြမယ်လေ... ကြည့်မလား..

ဘကြီးက ...

ဘာလုပ်ပြမှာလဲ... 

ဟိုမြို့သားလေး... မင်း ကြွက်နှစ်ကောင် နပန်းလုံး တာ ကြည့်ဖူးလား....

ဟင်... ဦးကြီး တကယ်ပြေတာလား.. မတွေ့ဖူးဖူး.. ဘယ်လိုလုပ်ပြမှာလဲ....

အဲဒါဆို လာကွာ ဒီမှာထိုင်....ဆိုပြီး..

ပလိုင်းထဲက လယ်ကြွက်၂ကောင်ကို ထုတ်လိုက်တယ်....

ကြွက်တွေက မသေသေးဘူး.. ရှင်နေသေးတယ်..

မင်းတို့မကြောက်တတ်ဘူး ဟုတ်လား...

ကြောက်တတ်ရင် မလုပ်ပြဘူးနော်...

ဟာ ဦးကြီးကလဲ မကြောက်ပါဘူးဗျ... 

ယောင်္ကျားပဲ...

ဟက်ဟက်ဟက် စိတ်ဓါတ်ကိုတော့ ကြိုက်တယ် ကွာ....

ရော့ ဒါက မင်းကြွက်...

ရော့ ဒါက တာပေါ ကြွက်...

အဲဒီကြွက်နှစ်ကောင်ကို လက်ဝှေ့ပေးထိုးမယ်...

ဗျာ... လက်ဝှေ့ပေးထိုးမယ် ဟုတ်လား...

အေးလေ... မင်းပဲပျင်းတယ်ဆိုလို့.. လုပ်ပြတာ..

ဘာလဲ မကြည့်ချင်ဘူးလား...

မဟုတ်ပါဘူး ဦးကြီးရယ်... ကြည့်ချင်တာပေါ့...

ဆိုတော့ ကြွက်နှစ်ကောင်ကို တစ်ကောင်ကို ထိပ်မှာ မီးသွေးခဲနဲ့ခြစ်လိုက်တယ်...

အဲဒါ တာပေါကြွက်.. မခြစ်ထားတာ မင်းကြွက်...

ကြွက်နှစ်ကောင်ကို အရှေ့မှာ ချလိုက်တော့..

အဲဒီနှစ်ကောင်က မပြေးဘူးဗျ.. ငြိမ်နေတာ...

ပြီးတော့ ဦးကြီးက ပါးစပ်ကနေ မန်းမှုတ်နေသလို လုပ်ပီး ကြွက်နှစ်ကောင်ကို တံတွေးနဲ့ ထွီဆို ထွေးထုတ်လိုက်တာ....

ဗြုန်းဆို မှောက်နေတဲ့ ကြွက်နှစ်ကောင်က လူတွေလို မတ်တပ်ထရပ်လိုက်တာ...

ခြေနှစ်ချောင်းထောက်ပီး ခုန်ဆွ ခုန်ဆွနဲ့ တကယ့် လက်ဝှေ့သမားတွေလို လက်ဝှေ့ထိုးတော့မယိ့ ပုံစံဖြစ်နေတာဗျ.....

ဟေ့ ဖေ့သားရီး .ချလိုက်စမ်း.... ဗိန်းဒေါင်ဒိန်းဒေါင် ဟေ့....

ကျွန်တော်တော်တော်အံ့သြသွားတယ်....

ပြီးတော့မှ ဦးကြီး အရမ်းမိုက်တယ်ဗျာ...

ကြွက်နှစ်ကောင်က မြေကြီးပေါ်က စည်းဝိုင်းထဲမှာ တစ်ကောင်နဲ့တစ်ကောင်.. ထိုးနေတာ...  သူတို့လက်သေးသေးလေးတွေနဲ့ တစ်ကောင်နဲ့ တစ်ကောင် ထိုးနေတာ ... မသိရင် တကယ်လူတွေ ထိုးနေတဲ့အတိုင်းပဲ....

ဦးကြီးကလဲ ပါးစပ်ကနေ ဆိုင်းတီးသလို ရွတ်နေတာ...

ပါးစပ်က ရွတ်တာကြမ်းလာလေ နှစ်ကောင်သား ထိုးတာ ပြင်းလာလေပဲ... 

ခဏနေတော့ ကျွန်တော်ကြွက် လက်နဲ့ လှမ်းရိုက်လိုက်တာ တာပေါကြွက်က ဗုန်းဆို မြေကြီးပေါ် လဲကျသွားတယ်...

ေ၀၀းးးးးးး ငါ့အကောင်နိုင်ပီကွ.....

ဝမ်းသာအားရထအော်တော့ ဦးကြီးက ..

ကဲ ... အိမ်ပြန်ကြစို့.. ဒီလောက်ဆို မပျင်းတော့ဘူး ထင်တယ်....

အဲဒါက ပထမအကြိမ်အံ့သြခြင်း...

ဒုတိယအကြိမ်ကတော့....

နောက်တစ်ရက် ... တာပေါ.. ဦးကြီးဆီ သွားရအောင်ကွာ... ဦးကြီးက အထူးအဆန်းတွေ လုပ်ပြတတ်တယ်ကွ... 

သူနဲ့နေတာပျော်ဖို့ကောင်းတယ်....

အခုဆို ဦးကြီးဘယ်မှာ ရှိမလဲ တာပေါ...

အခုချိန်ဆို ဦးကြီးက လယ်ထဲမှာပေါ့... လာကွာ..

လယ်ထဲလိုက်သွားရအောင်....

လယ်ထဲရောက်တော့ ဦးကြီး ဦးကြီး...

ဟော ရောက်လာပီလား.. 

လာကြဆိုပြီး တလင်းထဲမှာ စပါးနယ်နေတဲ့ ဦးကြီးက လှမ်းပြောတယ်...

ခဏနေကြဦး တဲပေါ်မှာ မြေပဲနဲ့ရေနွေးရှိတယ် အဲဒါ စားထား... အလုပ်လက်စသတ်လိုက် ဦးမယ်.. ဒီနှစ်ကောင် ငါ့ကို ဘာတွေများ လုပ်ခိုင်းမလို့လဲ မသိဘူး....

ကျွန်တော်နဲ့တာပေါလဲ တဲပေါ်တက်ထိုင်ပြီး မြေပဲကြော်ကို တစ်ဖျောက်ဖျောက်ကောက်ဝါး နေလိုက်တယ်...

ခဏကြာတော့... ကဲ ဆိုစမ်းပါဦး...

ဘာများလုပ်ခိုင်းကြမလို့လဲ...

ဒီကောင်ပေါ့ ဦးကြီးဆီသွားမယ် ဆိုပြီးပြောနေတာ

ဟုတ်လား ဖိုးခွား... ကဲ ဘာလုပ်ပေးရမလဲ ပြော..

မသိဘူးလေ ဦးကြီး လုပ်ပြတာ အားလုံး သဘောကျတယ်.. အကုန်အထူးအဆန်းတွေ ချည်းပဲ...

အိမ်းးး.အဲဒါဆို... မင်းတို့ကို တစ်ခုမေးမယ်...

ခွေးနဲ့ ကြွက်နဲ့ ပေးကိုက်ရင် ဘယ်သူနိုင်မယ် ထင်လဲ...

ဟာ..ဦးကြီးကလဲ ခွေးပဲနိုင်မှာပေါ့...

ကြွက်က ခွေးတစ်ကိုက်စာပဲရှိတာကို..

တာပေါကကော ဘယ်သူနိုင်မယ်ထင်လဲ..

ခွေးနိုင်မှာပေါ့ ဘကြီးရ...

သေချာတယ်နော်.... အဲဒါဆို..

ဟေ့... အောင်သိန်း.. ကြွက်လိုက်တဲ့ ငနက်ကို ဆွဲလာပေးဦး... 

ခဏနေတော့ မဲနက်နေတဲ့ ခွေးနက်ကြီး တစ်ကောင်... ဘေးမှာ အမြီးလေးနံ့နံ့နဲ့ပါလာတယ်...

ဒီကောင်က ကြွက်လိုက်တဲ့နေရာမှာ အရမ်းတော်တာ... 

အခု ဒီကောင်နဲ့ ကြွက်ကို ပေးကိုက်မယ်...

ဟာ ဦးကြီးကလဲ ကြွက် သေသွားမှာပေါ့...

ကြည့်စမ်းပါဦးကွာ.... မလောနဲ့..ဆိုပြီး 

တဲပေါ်က ပလိုင်းထဲက လယ်ကြွက်တစ်ကောင်ကို ထုတ်ပီး ငနက် အရှေ့မှာ ကြိုးနဲ့ချည်ပြီး ချလိုက်တော့....

ငနက်က ကြွက်အနံ့ရတော့ တဂူးဂူးမာန်ဖီရင်း လယ်ကြွက်ကို စားမတတ်ဝါးမတတ် ရုန်းနေတာ.

ဦးအောင်သိန်းက ဂုတ်ကြိုးကို ဆွဲထားတော့.. ငနက်က မလွှတ်သွားဘူး...

လယ်ကြွက်ခဗျာ တော်တော်ကြောက်နေတာ ဆောက်တည်ရာမရဖြစ်နေတယ်...

ခဏနေတော့... ဦးကြီးက စာရွက်တစ်ရွက်ပေါ်မှာ ကျားတစ်ကောင်ပုံကိုဆွဲပြီး စာရွက်ကို ဖြဲလိုက်တယ်...

ဖြဲလိုက်တဲ့ စာရွက်ကို ကြွက်ကိုယ်ပေါ်မှာ လက်နဲ့ရိုက်ပီး ကပ်ပေးလိုက်တယ် ဆိုရင်ဖြင့်..

ခုနက ကြောက်နေတဲ့ ကြွက်က...

ခြေလေးချောင်းကိုထောက်ပီး ဘေးတိုက်သွား ပီး ခွေးကို ချောင်းလိုက်... ပါးစပ်ကလဲ မာန်ဖီနေတာဗျာ... တကယ့် ကျားပေါက်လေး အတိုင်းပဲ...

ခပ်လှမ်းလှမ်းက ငနက်ကလဲ စားမတတ်ဝါးမတတ် ရုန်းနေတာ...

အောင်သိန်း လွှတ်ပေးလိုက်ကွာ....

လွှတ်ပေးလိုက်ကော... ကြွက်က တစ်ဟုန်ထိုး ပြေးသွားတာ....

ငနက်ကလဲ အရှိန်နဲ့ပြေးလာတာ...

ကြွက်အနားလဲရောက်ကော..

ငနက် တုံ့ခနဲ ရပ်သွားတယ်... ကြွက်က အတင်းဖိလိုက်တာ...

ငနက်ခဗျာ တအီအီနဲ့ အမြီးကုပ်ပီး ပြေးတာမှ တန်းနေတာပဲ... တလင်းထဲမှာ ကြွက်လိုက်လို့ ငနက်ပြေးနေတာကို ကြည့်ပြီး ကျွန်တော်တို့ ရီလိုက်ရတာဗျာ အူတောင်နာတယ်...

နောက်တော့ ဦးကြီးက ဖနောင့်တစ်ချက်ပေါက်လိုက်တာ.... ပြေးနေတဲ့ ကြွက်က ဗုန်းဆိုလဲကျသွားတာ...

ခဏနေတော့ ပြန်ထလာပီး လယ်ကွင်းထဲ ပြေးသွားတယ်...

နောက်နေ့ကျတော့ ကျောင်းပြန်ဖွင့်တော့မယ် ဆိုတော့ အိမ်ကိုပြန်လာခဲ့ရတာ... ခုထိ အဲဒီကို ပြန်မရောက်တော့ဘူး...

တာပေါကတော့ သူ့ဦးဇင်း.ကျောင်းပြောင်းတော့ ပါသွားပြီး အဆက်အသွယ်မရှိတော့ဘူး...

ကဲ အဲဒါပဲ.. ငါလဲ ပါးစပ်ညောင်းသွားပီ.. မင်းလဲ သွားရေးတော့ ဆိုပြီး ပြောပါလေရော....

ဒါကတော့ ဒိန်ချဉ်တစ်ခွက် အကြောင်းပြပြီး ရလာတဲ့ ဇာတ်လမ်းလေးပါပဲဗျာ... 

                 ဆက်လက်ကြိုးစားသွားပါမယ်..

                            ဇေယန ( ရာမည )

ခရက်ဒစ်  ပရလောကမှရှားပါးမှတ်တမ်းများ

No comments:

Post a Comment

မိုင်တိုင် ၂၆ မှာ ခြောက်တဲ့ သားအမိ သရဲ

ကျွန်တော်က လားရှိုးသားဆိုတော့ လားရှိုးသားတွေ ထုံးစံအတိုင်း ဆိုင်ကယ် ကယ်ရီ စီးဖူးတာပေါ့..။ တရုတ်ပြည် ရွှေလီ၊ ကြယ်ခေါင်ထဲက တရုတ်ဆိုင်ကယ်တွေကို မြ...