Saturday, May 4, 2019

ဆရာကြီး ဦးမြင့်နှင့် ခွေး သဘက် တစ္ဆေ ကြီး (ဖြစ်ရပ်မှန်)

         တစ်နေ့သ၌ ဆရာကြီး ဦးမြင့် အိမ်သို့ ဧည် ၃ ယောက် ရောက်ရှိလာလေသည်  


ဆရာကြီး ဦးမြင့်အိမ်လား ခင်ဗျ  


ဟုတ်ပါတယ် ခင်ဗျ ဝင်ခဲ့ကြပါ ဘာများ ကူညီဆောင်ရွက်ပေးမလဲ ဟြေပါဦး 


ထိုသုံးယောက် ဟန်အမူအရာ ကား တောရွာတစ်ရွာမှ ဖြစ်ပီး မိမိ အားအလွန်ပင် အားကိုးသော အကြည့်ဖြင့် ကြည့်ကာ ခေါင်းဆောင် ဖြစ်ဟန် တူသော အသက် ငါးဆယ်ခန့် လူကြီးမှ 


ဆရာကြီး ကျူပ်တို့ကိုကယ်ပါဦးဗျာ 


ဟုတ်ပါပီဗျာ အကြောင်းအရင်း လဲ ဟြေပြပါဦး နို့မို့ ကျွန်တော်က ဘာကိုကယ်ပေးရမှန်း မသိလေဗျာ 


ဟုတ်ကဲ့ပါ ဆရာကြီး ကျူပ်တို့ ရွာမှာ ဗျာ ည ဖက်ဆိုရင် သတ္တဝါကြီးတစ်ကောင် သောင်းကျန်းနေတာဗျ  ကူညီပါဦး 


သတ္တဝါကြီးဆိုရင် စစ်တပ် ဒါမှ မဟုတ် မုဆိုးကို အကူအညီတောင်းတာ သင့်တော်မယ် ထင်တယ်နော် ဗျ 


မဟုတ်ဘူး ဆရာကြီး ရဲ့ အခုဟာက ဆရာကြီး ဟြေပြရင် တော် တော်ကို အံသြဖို့ကောင်းတယ် ည ဖက် သန်းခေါင်လောက်ဆို ရွာထဲမှာ မဲမဲ အကောင်ကြီး လျှောက်သွားနေတာ ဗျ ဒါကို လိုက်ကြည့်ရင်လဲ မြူခိုးတွေ လိုဘဲ ပျောက်သွားရော ပီးရင် ရွာထဲက တစ်နေရာ မှာ  ပြန်ပေါ်လာတယ် တယ် ဆရာကြီး ရဲ့ ပီးရင် အဲ့ဒီ အရိပ်ကြီးက အိမ်တစ်အိမ်ရှေ့ကို ရပ်ပီး ပျောက်သွားပီဆိုရင် အဲ့ဒီအိမ်က လူတစ်ယောက်မဟုတ် တစ်ယောက်တော့ သုံးရက် အတွင်း သေတာဘဲ ဗျ  ပထမ တော့ကျူပ်တို့လဲ လူသေတာဘဲ ဘာဆန်းလို့လဲ ပေါ့ ဗျာ နောက်မှ လူ အသေ အပျောက် များလာ လို့ သတိထား မိကုန်တာ အခုဆို လူသေတာ ၂၀ ကျော် နေပီ ဆရာကြီးရယ် ကယ်ပါဦး ဗျာ 


အင်း ဒါဆိုရင်တော့ သေချာပါတယ် အမှောက်ပယော ဂ တစ်ခုခု ဆိုတာကတော့ ကဲလိုက်ကြည့်ပေးရတာပေါ့ဗျာ 


                          နောက်ကြောင်းပြန် 


         (   မြစ်ဝ ကျွန်းပေါ် ဒေသ ခွေးကျွန်း ရွာလေးကား  လယ်ယာမြေ စိုက်ပျိုး သူကလဲ နှုန်း တင်မြေ နု ကြောင့် စိုက်ပျိုးရေး အောင်မြင်ကြသလို ပင်လယ်ဖြင့်နီးသောကြောင့် ရေလုပ်ငန်း ဖြင့်အသက်မွေး ဝမ်းကြောင်းပြုသူများလဲ အလွန်ပင် စီးပွားဖြစ်ထွန်းလေသည် ခွေးကျွန်း ရွာလေး မှာဗုဒ္ဓဘာသာ ရွာလေး ဖြစ်ပီး မိရိုး ဖလာ စုန်း ကဝေ အောက်လမ်းပညာတို့အားလဲ ယုံကြည် ကြ၏ ခွေးကျွန်း ရွာမှာ ရွာကြီး အမျိုးအစား ခန့်မဝင်သော်လည်း အိမ်ခြေ သုံးရာ ခန့်ဖြင့် အလွန်ပင် စည်ကား သိုက်မြိုက်လေ သည် 

တစ်နေ့သောအခါ ခွေးကျွန်းရွာတွင် လင်းဠ များ နေ့ခင်းဘက်တွင် လေးငါးခြောက်ကောင်ခန့် အုပ်စုဖွဲ့ ပျံသန်း ခြင်း ည အချိန်ဆိုလျှင် ငှက်ဆိုး များ အသံရှည်ဆွဲကာ ထိုးခြင်း စုန်းမီးတောက် များ တောက်ပ ခြင်း ရွာသူရွာသား များလဲ ထို့အကြောင်းအရာ ကို တစ်ယောက်တစ်ပေါက် ထင်ရာ ဟြေနေကျလေသည် 


နိမိတ်ဆိုးတွေ ဘဲ ဘာတွေတော့ ဖြစ်ကြဦးမယ် မသိပါဘူး


ထို့ဖြစ်ရပ်များ ဖြစ်ပွားပီး ၇ ရက်ခန့် ကြာသော အခါ ရွာ သုသာန်တွင် ထူးဆန်းသော လူကြီးတစ်ယောက် ရောက်ရှိလာလေသည် ထိုလူကြီး၏ ရုပ်ဆင်း အင်္ဂါကား မျက်နှာမှာလေးထောင်စပ်စပ် အသားညိုညို တစ်ကိုယ်လုံးလဲ အင်းကွက်များ ပြည့်နေလေ၏ ထိုလူကြီးသည် အိုးခွက်ပန်းကန် များဖြင့် အသင့်ယူဆောင်ပါပီး သုသာန် ဇရပ်တွင် ပင်နေထိုင်ကာ တွင်းတစ်တွင်း တူးနေလေ ၏ အမှန်ပင်ကား ထိုလူကြီးသည် အောက်လမ်း ပညာ ရှင်ကြီးတစ်ဦးဖြစ်ပီး ထိုရွာသို့လာကာ အောက်လမ်းပညာ ကျင့်စဉ်တစ်ခုသော အောက်ထုံကူး ခြင်း အား လာရောက်လုပ်ဆောင်ခြင်း ဖြစ်၏

 

      ရွာသားများ မှာ ထိုအောက်လမ်းဝိဇ္ဇာကြီး ရွာပြင် သချိုင်းတွင် ရောက်ရှိသည်ကိုသိသော်လည်း ရွာထဲ သို့ မဝင်သဖြင့် ဘာမှ မဟြေပေ  


ထိုအောက်လမ်း ဝိဇ္ဇာ ကြီး ရောက်ရှိလာပီး ၃ ရက်ခန့်အကြာ ရွာ ကာသလား ခေါင်းဆောင် မှ ရွာကင်းလှည့်သောအခါ ရွာ ပြင် သုသာန် တွင် မီးများ လင်း လာလိုက် မှိန်သွားလိုက် အထူးအဆန်း ဖြစ်ရပ်အား မြင်တွေ့ ရသောကြောင့် သုသာန် အနီးသို့ သွားရောက်ကြည့်ရှုသော အခါ 


သုသာန်အတွင်း စုန်းမီးလုံး အကြီး အငယ်များ လှည့်လည်ပျံသန်း နေပီး သုသာန် အလည်ရှိ အောက်လမ်း ဝိဇ္ဇာ ကြီး တူးထားသော တွင်းကြီးထဲ မှ မီးတောက် မီးလျှံ များ တဟုန်ထိုး တောက်လောင် လိုက် ပြန်လည်၍ မီးညွှန့် ကျ သွားလိုက် ဖြင့် မြင်တွေ့ လိုက်ရပီး ထိုတွင်းကြီး ဘေးတွင် အရပ် ၈ ပေခန့် တင်းပုတ်ကြီး ကိုင်ထားသော မဲမဲ အကောင်ကြီးကိုပါ မြင်တွေ့ လိုက်ရလေတော့သည် 


           ကာလသား ခေါင်းဆောင်မှ မိမိ လူများကို မျက်နှာရိပ် မျက်နှာကဲ ပြ၍ အသာနောက်ပြန်ဆုတ် ခဲ့လေတော့၏ လမ်းတွင်လဲ 


           ဒီကိစ ကို မနက်ဖြန် သူကြီးကိုဟြေပြမှ ဖြစ်တော့မယ် 


             နောက်တစ်နေ့နံနက် ရွာထဲတွင်လဲ ထိုသတင်းသည် ပျံနှံကာ ရွာသူကြီး အိမ်တွင်လည် အားလုံး စုရုံး နေကြပီးနောက် ရွာသူကြီးအား 


                သူကြီး အခု ရွာပြင် သုသာန်ထဲက တော့ ထူးထူးဆန်းဆန်းတွေ ဖြစ်ကုန်ပီ  ကျွန်တော် တို့ထင်တာတော့ ဒါဟာ ရွာကို ဒုက္ခ ပေးဖို့လုပ်နေတာဘဲ ဖြစ်မယ် ဘယ်လိုလုပ်ကြမလဲ


                 ကဲ ဒါဖြင့် ရွာသား အားလုံး ထဲ ယောကျာ်း အားကောင်းမောင်းသန် အယောက် ၃၀ စု ကြ ကွာ ဒီည အဲ့ဒီ နေရာ ကို ရှင်းပစ်မယ် ဟုတ်ပီလား       အေး အဲ့အခုအချိန်က စပီး ရွာ သုသာန်ထဲက လူကြီးကို မျက်ခြေမပျက်စောင့်ကြည့်        ရွာသူကြီးလဲ ဆုံးဖြတ်ချက် ချ လိုက်လေတော့၏ 

 

                    သုသာန်ထဲ ရှိ အောက်လမ်း ဝိဇ္ဇာ ကြီးမှာကား ထို ရွာသား များ ကိုသတိမထားမိဘဲ မိမိ ကျင့်စဉ်များကိုသာ အပူတပြင်း ကျင့်နေလေ၏ 


                      ည ရောက်သောအခါ ရွာကြီးအိမ်တွင် လူ အယောက် ၃၀ ခန့် တုတ်ဓါး ကိုယ်စီ ဖြင့် စုရုံးရောက်ရှိနေကြလေ၏


                     သူကြီးမှ ကဲ လူပြည့်ရင် သုသာန်ကို သွားကြတာပေါ့ ဟုဆိုကာ ကိုယ်တိုင်ပင် လက်စွဲတော် ၂ လုံးပြူး သေနတ်ကို ကိုင်ကာ ရှေ့ဆုံးမှ သွားလေတော့သည် ရွာသားများလဲ ထပ်ကြပ်မကွာ သူကြီးနောက်မှ လိုက်ပါ၍ ရွာ ပြင် သုသာန်သို့ရောက်ရှိသော အခါ မနေ့မှ မြင်ခဲ့သော မီးတောက်ကြီး များအား မြင်ရလေတော့သည် တွင်းဘေးတွင် စောင့်ရှောက်နေသော တင်းပုတ်နှင့် ဘီလူး ကြီးကိုကား မတွေ့ ရပေ 

   

                       သုသာန်အဝ တွင် သူကြီးမှ ခေတ္တ ရပ်၍ ကဲ အားလုံးသတိထား ကြ အဲ့ဒီနေရာ ကို တဟုန်ထိုး သွားကြမယ် ပီးရင် အဲ့ဒီ လူကြီးကို ဖမ်းပီး ရွာထဲမှာ တုပ်တုံး ခပ် ပီးမေးရမယ် ကဲ သွားကြစို့ 

                

                                    ကျား              


          ရွာမှ ကာလသား များ မှ သုသာန်အလည်ဆီသို့ တဟုန်ထိုးပြေး သွားကြကာ တွင်းထဲ သို့အကြည့် ထိုလူကြီး မှာ တွင်းထဲ တွင် ထိုင်နေပီးမျက်လုံး မှိတ်ထားလေသည် စုန်းမီးတောက် များလဲ ပျောက်ကွယ် ကြလေ၏ 

          ဟေ့  ဟိတ်လူကြီး ခင်ဗျား တွင်းထဲ က တက်ခဲ့ 

ထိုလူကြီး ကား တုပ်တုပ်မျှ ပင် မလှုပ် 

           မထူးပါဘူးကွာ တွင်းထဲဆင်းကွာ လက်နှစ်ဖက်ကနေ မ ပီး တွင်းပေါ် တင်ရအောင် 

   

           တွင်းထဲသို့ဆင်းကာ ထိုလူကြီး လက်ကို မ လိုက်သော အခါ 


                                   ဝုန်း 

         အသံကြီး မြည်ပီး မီးခိုးလုံး ကြီး ထွက်လာတော့၏ 

 

                    ဟာ       ဘာတွေဖြစ်ကုန်ပီလဲ တွင်းထဲ သို့ ကြည့်လိုက်သောအခါ ရွာသား ၂ ယောက်ကား ဘာမှ မဖြစ် ထိုလူကြီးကား ခွေခွေ လေးလဲကာ သတိလစ် မေ့မျော နေတော့၏ 

                  ရွာသူကြီး မှ ကဲ အဲ့လိုလူကို တွင်းပေါ် ဆွဲတင်ကွာ ပီးရင် ထမ်းခဲ့ ရွာထဲမှ ထိပ်တုံး ခက် မေးရမယ် 


               နောက်တစ်နေ့ နံနက် ထိုလူကြီးလဲ သတိရ လာပီးနောက် သူကြီးမှ လဲ စစ်ဆေး မေးမြန်းလေတော့ ၏ 

                  ခင်ဗျား ရွာ ပြင် သုသာန်ထဲကို ဘာလာလုပ်တာလဲ ကျူပ်တို့ရွာကို  မကောင်းကြံ တာ မဟုတ်လား ခင်ဗျာ ဟြေစမ်း 


                    ဟိတ်ကောင် မင်းက ဒီရွာက သူကြီးလား ငါဘာသာငါ ကျင့်စဉ် ထုံ ကူးနေတာကို မင်းတို့ ဘာလို့ နှောက်ယှက် ရတာလဲ မင်းတို့ကို  ငါဘာများ ဒုက္ခ ပေးနေလို့လဲ ကွာ ငါ့မှာ ဒီလိုဖြစ် ဖို့အတွက် ဆယ်နှစ် ဆယ်မိုး ကျင့် ခဲ့ရတာ အခုတော့ မင်းတို့ကြောင့် ငါလဲ မသေတာကံကောင်း ဟုဆိုကာ ပါးစပ်ထဲ မှ သွေးများ အန်ထွက်လာလေတော့သည် 

  

                  ထိုအချိန် တွင် ရွာဦးကျောင်း ဆရာတော်မှလဲ ကြွ လာပီးနောက် ဒကာ ကြီး ရွာကို ဒုက္ခ မပေးဘူး ဆိုတာ သေချာ လား ဒကာ 


             တင့်ပါ့ ဘုရား တပည့်တော် ကျင့်စဉ် အဆုံးဖြစ်တဲ့ ထုံကူးနေတာ အမှန်ပါ ဘုရား တပည့်တော် အခုလို မလုပ်ခင် ဆယ်နှစ်ဆယ်မိုး ကျင့်စဉ် ဝင်ထားခဲ့ရတာပါ အခုတော့ သူတို့ လုပ်တာ အခုဆို နောက်ဆယ်နှစ် ကျင့်ရတော့မယ် ငိုသံပါကြီးဖြင့်ဟြေလေတော့သည် 

  

                အင်း ဒကာကြီးလဲ ခက်ပါပေသားဘဲ တကယ်ဆို ရပ်ရွာကို အရင် အသိပေးသင့်တာ အခုတော့ ဘယ်တက်နိုင်ပါ့မလဲ ကဲကဲ သူကြီး  ဒီလူကိုလွှတ်ပေးလိုက်ပါတော့ 


               ထိပ်ထုံးမှ ထိုအောက်လမ်း ဝိဇ္ဇာကြီး ကို လွှတ်ပေးလိုက်သောအခါ ဒရိန်း ဒရိုင် ဖြင့် ထွက်သွားလေတော့ သည် စိတ်ထဲ တွင် မှာတော့ 

                 ဒီရွာက လူတွေ ငါလဲ သူတို့ကို ဒုက္ခ မပေးဘဲ ငါ့ကို ဒုက္ခ ပေးတဲ့ လူတွေ ငါ့အကြောင်း သိစေ ရမယ် 


    ၇ စဉ် တိုက်ထက် ပိုပြင်းတဲ့ ခွေးတိုက် တိုက်ပီး


             ရွာကိုပါ ဖျက်ပစ်မယ် ကွ ကြုံးဝါး ပီးနောက် အကြံ အတိုင်းပင် လမ်းတွင် တွေ့သော ခွေးနက် တစ်ကောင်ကို ဖမ်းဆီးပီး သင်္ကန်း ပဋိက္ခရာ ၈ ပါး ကို ခွေး နက်ကြီးအား ခြုံပေးကာ ခွေးနက်ကြီးခေါင်းကို ကတုံး တုံးပီးနောက် ခွေး ကို ကြိုးချည်ကာ အငတ်ထားလေတော့၏ ခွေးလဲ အစာငတ်၍ သေသောအခါ ထိုခွေးဦးခေါင်းတွင် အင်းကွက် ကြီးဆွဲ ၍ ရွာထိပ်နတ်စင်မှ ဗောင်းတော်စ ကို ယူကာ ခွေးဦးခေါင်း ကို စီး ပေးလိုက်ပီးနောက် ရွာဘက်သို့ ခွေးဦးခေါင်းလှည့်ကာ မြေကြီးထဲ သို့မြုပ်လိုက်ပီးနောက် ပါးစပ်မှ 

               

                    ကိုတော်ကြီး ဒီရွာကို နေ့တိုင်းဆွမ်းခံကြွ ပေတော့ 

        

              အောက်လမ်း ဝိဇ္ဇာ ကြီးလဲ ရွာကို အလွန်ပြင်းထန် သော ခွေးတိုက် တိုက်ပီးနောက် ရွာဦးကျောင်းဆရာကိုတော် ဆီသွားကာ အရှင်ဘုရား ဒီအရပ်က မနေသင့်တော့ဘူး ဒါကြောင့်ဟြေင်းပါ အရှင် ဘုရား ဟြေဆိုကာ လှည့်ထွက် သွားလေတော့သည် 


             ထို့နေ့ ည တွင်ပင် အောက်လမ်း ဝိဇ္ဇာ ကြီး ၏ ခွေးတိုက်လဲ အစွမ်းပြတော့သည် ထို့နေ့မှ စကာ ထိုခွေးတိုက်၏ အစွမ်းကြောင့် ရွာတွင် လူလဲ တစ်ယောက်ပီးတစ်ယောက် သေလေတော့သည် 


               ရွာသူကြီးလဲ မကြံတက်သည့်အဆုံး ရွာဦးကျောင်းဆရာတော် ကိုလျှောက်တင်လေတော့သည် 

               အရှင်ဘုရား လူတွေတော့ တစ်ဖြုတ်ဖြုတ်သေကုန်ပီ ဒါဟို လူကြီး လုပ်ခဲ့တာ ဖြစ်မယ့် ကယ်တင်ပါဦး ဘုရား 

               ဒကာ ကြီး အခု ကိစ္စ ပေါ့လို့ မဖြစ်တော့ဘူး ရန်ကုန်မှာ ဘုန်းကြီး အသိထဲက ဆရာ မြင့်ကို ပင့် လိုက်ပေတော့ ရော့ ဒီမှာ လိပ်စာ 

              

             သူကြီးနှင့် ရွာသား ၂ ယောက်လဲ လိပ်စာအတိုင်း သွားရာ ဆရာ အိမ်သို့ ရောက်ရှိ လေတော့သည် ဆရာမြင့်အိမ်သို့ရောက်ရှိ ပီးနောက် ဖြစ်ကြောင်း ကုန်စင် ရှင်းပြ ပီးသော အခါ  )


             ဆရာမြင့်လဲ ချက်ခြင်းပင် လိုက်လာလေတော့သည် ရွာသို့ရောက်ရောက် ခြင်း ပင် ဆရာ မြင့်မှ ဒီ ည ကျူပ်ကိုတိုင် စောင့်ကြည့်မယ် သူကြီးလဲ ကျူပ်နဲ့ လိုက်ခဲ့ပေါ့ 

        

                 ညရောက်သောက်အခါ ဆရာကြီး လဲ သူကြီး ရွာကာလ သားများနှင့် အတူ လိုက်လံ ကြည့် ရှု ရာ ရွာထိပ်မှ ဝင်လာသော အရပ် ၈ ပေခန့် မဲမဲ အကောင်ကြီးအား မြင်တွေ့ လိုက်ရလေသည် 


                ဆရာကြီး ဟိုမှာ လာနေပီ ဗျ ဘယ်လိုလုပ်ကျမလဲ 

                မပူနဲ့ သူကြီးရယ် ကျူပ်ရောက်ပီဘဲ ရွာမှာ ဘယ်သူမှ ထပ်မသေစေရဘူး ကဲ အခုတော့ အခြေအနေ တိတိ ကျကျ သိရအောင် အနားကပ်ကြည့်ရအောင် ဟြေဟြေဆိုဆို ပင် အနားကပ်သွားလေသည် အားလုံးလဲ ဆရာကြီးနောက်မှ လိုက်ပါသွားပီး အနီးကပ် မြင်တွေ့ လိုက်သောပုံစံ မှာ 


             ခွေး အကောင်အကြီးကြီး မက်တပ်ရပ် လမ်းလျှောက်နေပီး လက်ထဲတွင် သပိတ် တစ်လုံး ကိုင်ကာ အင်္ကန်း ခြုံ ထားသည် တွေ့ လိုက်ရတော့ ၏ 


              သူကြီး နှင့် ရွာသား အားလုံးလဲ ကြောက်ရွှံနေကြတော့၏ 

            

              ဆရာကြီး အဲ့ဟာ ဘာကြီးလဲ လုပ်ပါဦးဗျ 


         ဆရာကြီး ဦးမြင့်လဲ ထိုအခြင်းအရာ ကိုသေချာစွာ မြင်တွေ့ ပီးနောက် ခေါင်းကို တစ်ညိမ့်ကာ လက်ထဲမှ ပစ္စည်းလေး တစ်ခု အား မြေပေါ်သို့ ချလိုက်ကာ ဥသဘ ကြီးရေ အဲ့ဒီကောင် ရွာထဲကို အဝင်မခံ နဲ့ လိုက်ဝှေ့ချေ ဟြေဆိုလိုက်သော အခါ ရွှေရောင် နွားကြီးတစ်ကောင်ပေါ်လာပီး ထို ခွေး သဘက် တစ္ဆေ ကြီး ကို လိုက်ဝှေ့ လေတော့သည် 

  

               ကဲ အခု တော့ အိမ်ကိုပြန်ကြရအောင်ဗျို့  အဲ့ဒီ ခွေး တစ္ဆေ ကြီးလဲ ရွာထဲ မဝင်နိုင်တော့ပါဘူး မနက်မှ ရှင်းစရာ ရှိတာ ရှင်းကြတာပေါ့ ဟုဆိုကာ ပြန်ခဲ့ လေတော့၏ 

                 နောက်တစ်နေ့ မနက် မိုးလင်းသောအခါ သူကြီး ရွာထဲက ကာလသား ၂ ယောက်နဲ့ တူးဖို့ တူရွင်းတွေ ယူ ဗျ  ဆရာ တော်ကို တစ်ယောက်က ပင့် ခဲ့ ကန်တော့ပွဲ တစ်ပွဲပါ ယူခဲ့ ဗျို့  လူစုံရင် ရွာထိပ် နတ်စင်ကို သွားကြမယ် 

               အားလုံးစုံသော အခါ ရွာထိပ် နတ်စင် သို့သွားကာ ကဲ ဒီနေရာ တူး 

            ဆရာကြီး တူးခိုင်းသော နေရာ အား လေးပေအနက် တူးလိုက်သောအခါ ခွေးသေကောင် ကြီးအား သင်္ကန်း ပါက်ထားပီး တွေ့ လိုက်ရတော့ ၏ 

              ကဲကဲ အဲ့အကောင်ကို အပေါ်ကိုတင်လိုက်ကြ ဆရာကြီး လဲ ချက်ခြင်းပင် ပွဲ ပြင်ပီးနောက် နတ်မင်းကြီးလေးပါးကို ပင့်ကာ ထို့ ခွေးသဘက် တစ္ဆေ ကြီး ကိုအပ်နှံ လိုက်ပီး ဆရာတော် မှလဲ အမျှ အတန်း ပေးဝေ ကာ လွှတ်ရာ ကျွတ်ရာ သို့သွားပေတော့ ဟု အမိန့်ပြန်လိုက်တော့သည်          ထို့နောက် ထို့ခွေးသေကောင်ကြီး အား မီးရှို့ လိုက်လေတော့၏ 


                ထို့နောက် ဆရာကြီးတို့လဲ အသီးသီး ပြန်လာကာ ရွာဦးကျောင်းဆရာတော် မှ အန္တာရယ် ကင်း ပရိတ်ရွှတ်ကာ ရွာ အနှံ ပရိတ်သဲ များ လိုက်လံ ပါက်လေ သည်  


                  ဆရာကြီးလဲ  တော်သေးတာပေါ့ ဗျာ ကျူပ်ရောက်တာ မြန်ပေလို့ ပေါ့ မဟုတ်ရင် ဒီ ခွေး တိုက် ဆိုတာ ၇ စဉ်တိုက်ထက် ပို ဆိုးတယ် မဟုတ်ရင် ရွာပါပျက် တက်တယ် ဗျ အခုတော့ ရှင်းသွားပါပီ ဟုဆိုကာ ရွာ တွင် ၃ ရက်ခန့် နေကာ နေရပ်သို့ ပြန်သွားလေတော့သည် 


                                             ပြီး 


         စကားချပ်     ယနေ့ ခေတ် တွင် ထိုအတက် တက်မြောက်သော လူတို့ မရှိတော့ပါ။


Credit. မူရင်း

No comments:

Post a Comment

မိုင်တိုင် ၂၆ မှာ ခြောက်တဲ့ သားအမိ သရဲ

ကျွန်တော်က လားရှိုးသားဆိုတော့ လားရှိုးသားတွေ ထုံးစံအတိုင်း ဆိုင်ကယ် ကယ်ရီ စီးဖူးတာပေါ့..။ တရုတ်ပြည် ရွှေလီ၊ ကြယ်ခေါင်ထဲက တရုတ်ဆိုင်ကယ်တွေကို မြ...