လင်းသော်တာ နယ်မြို့လေးတို့ အထက်က ပြောင်းရွှေ့ခွင့်ကြလာလို့ ပြောင်း
လာလေတော့သည်။ ပတ်ဝန်းကျင်စိမ်းလန်း
စိုပြေမှုနှင့်လမ်းများကသန့်ရှင့်နေသည် လူ
အများ ကိုယ့်အလုပ်နှင့်ကို လှုပ်ရှားသွားလာ
နေတော့သည်။နယ်မြေစိမ်းသေးတာကြောင့်
တွေ့တွေ့သမျှတွေက လင်းသော်တာအ
တွက် ငေးစရာတွေဖြစ်နေတော့သည်။
လင်းသော်တာ ရဲစခန်းရှေ့သို့ရောက်ခဲ့ချေပြီ။
ရဲမှုး ဒုရဲအုပ် ဗိုလ်များက ထွက်ကြိုကြသည်။
လင်းသော်တာကို ဒုရဲအုပ်က စခန်းကလူများ
နှင့်အကုန်မိတ်ဆက်ပေးလေသည် စခန်းက
လူအကုန်လုံးကလည်း လင်းသော်တာကို
လာနှုတ်ဆက်ကျသည်။ လင်းသော်တာ ဒီ
မြို့လေးတို့ပြောင်းရွှေ့ခဲ့သော်လည်း စိတ်က
ရန်ကုန်မှာ မပြောင်းမဖြစ်လို့တာသူပြောင်း
လာရတာ သူစိတ်မပျော်ရွှင်ချေ။ စခန်းကလူ
များနှင့်အကုန်မိတ်ဆက်ပြီး လင်းသော်တာ
သူ့ရုံးခန်းထဲသို့ ဝင်ခဲ့လေပြီ။ အဆင်သင့်
ထားထားသော အမှုတွဲများစွာကို တစ်ခုချင်း
သေချာဖတ်ရှုပြီး လူသတ်မှုများကို လင်း
သော်တာ စုံစမ်းစစ်ဆေးရပေတော့မည်။
အဲ့နေ့ညတော့ ဒုရဲအုပ်အောင်အောင်က လင်းသ်ေတာကို အဲ့မြို့လေးရဲ့ လူစည်ကား
ရာနေရာလေးသို့အစုံအလင်လိုက်ပြပေးသည်။ ဒုရဲအုပ်အောင်အောင်နှင့် ညနေစာစား
ဖြစ်ခဲ့ကြသည်။ ဒုရဲအုပ်အောင်အောင်က
တော့ အဲ့မြို့လေးမှာပဲ နေတာဆိုတော့ သူ့
အိမ်ရှိတယ်လေ လင်းသော်တာက ခုမှ
ပြောင်းလာတာဆိုတော့ အိမ်မရှိဘူးပေါ့
အောင်အောင်က လင်းသော်တာကို စခန်း
ပြန်လိုက်ပို့ပြီးသူကတော့ သူ့အိမ်သူ ပြန်
သွားခဲ့တာပေါ့ ။ လင်းသော်တာ စခန်းမှာ
ရှိတဲ့ သူ့အဆောင်ကိုသွားပြီး ခြေ လက်ဆေး
အိပ်မပျော်သေးတာနဲ့ နေ့လယ်က အမှု ဖိုင်
များကို သေချာလေ့လာနေတော့သည်။ လင်း
သော်တာ မနက်ဖြန် အလုပ်စလုပ်ရတော့
မည်။လင်းသော်တာက အလုပ်လုပ်ရင် သေ
သေချာ ချာစေ့စေ့စပ်စပ်ရှိသည် သူဖော်ခဲ့
သည့် အမှုများလည်းမနည်းတော့ အတွေ့
အကြုံလေးများလေးရှိသည်။သူအမှုတစ်ခု
ဖော်တိုင်း ပရလောကသားများပါဝင်လေ့ရှိ
သည်။သူ့အတွက်တော့ ပရလောကသားများ
အကူအညီတောင်းတိုင်း ကူညီပေးခဲ့တာ
ကြောင့် သရဲတစ္ဆေ ဝိဉာဉ်များကသူ့ အတွက်
မထူးဆန်းတော့ပေ။ တစ်ခါတစ်လေ ပုံဆိုး
ပန်းဆိုးသေတဲ့လူတွေကို ဝိဉာဉ်အဖြစ်ပြန်
မြင်တွေ့ရတော့ တစ်ခါတစ်လေထိန့်လန့်
မှု များတော့ဖြစ်တက်သည်။ လင်းသော်တာ
အမှုဖိုင်တွဲထဲကနေ နောက်ဆုံးကြည့် ဖြစ်
ခဲ့တာတော့ ကောင်မလေးတစ်ယောက် မီး
ရှို့အသတ်ခံခဲ့ရသည့်အမှုပင် နာရီ ဆယ့်နှစ်
ချက်ထိုးလေပြီ လင်းသော်တာရဲ့ မျက်လုံးများ ဝေဝါးလာပြီး မျက်လုံးများ ဆင်း
ကြလာတော့သည် တစ်စခန်းလုံး မီးများ
ထိန်ထိန်လင်းအောင် လျှပ်စစ်မီးများ ထွန်း
ထားသောကြောင့် ကြောက်မက်ဖွယ်ရာ
တော့မရှိ။ လင်းသော်တာက အခန်းမီးများ
လင်းနေလျှင်မအိပ်တက်သဖြင့် အခန်းမီး
ပိတ်ကာ အိပ်ရာဝင်ခဲ့တော့သည်။စခန်းတစ်
ခုလုံးကြည့်လျှင် လင်းသော်တာအခန်းသာ
မှောင်လျက်၊ မှန်ပြတင်းပေါက်မှ အခန်းအ
တွင်းသို့ လေအေးအေးများတဖြည်းဖြည်း
တိုက်ခတ်လာသည် ခန်းစည်းစလေးများတ
ဖြူးဖြူးလွှင့်ထူလျက် လင်းသော်တာကတော့
နှစ်ခြိုက်စွာအိပ်မပျော်ချေ အခန်းအခြေအနေ
နှင့် ကုတင်ကွာသွားတာကြောင့် နိုးလိုက်
အိပ်ပျော်လိုက်ဖြစ်နေသည်။ စားပွဲပေါတွင်
တင်ထားသော အမှုဖိုင်တွဲများ တဖျပ်ဖျပ်နှင့်
သူ့သူ့လှန်နေသည် လင်းသော်တာ ထကြည့်
လိုက်တော့ ဆေးရုံလူနာဝတ်ဝတ်စုံနှင့် ဆံ
ပင်ပုခုံးလောက်ဖြန့်ချထား ခေါင်းက ဘီးစ
ကုပ်လေးပန်ထားသေးသည်။လင်းသော်တာ
က"ဘယ်သူလည်း ဘယ်ကလည်း ဘာလာ
လုပ်တာလည်း"လို့မေးလိုက်တော့ ကောင်
မလေး ထိုင်နေရာကနေထ
လာပြီး လင်းသော်တာရှေ့သို့ မျက်နှာလှည့်
လာသည် ကောင်မလေးက ချစ်စရာလေး
မျက်နှာဝိုင်း ဝိုင်း ပါးချိုင့်လေးနှစ်ဖက်က ဆွဲ
ဆောင်မှုရှိလှသည် ဖြူဖွေးပြီး နူးညံ့နေသော
အသားအရေကိုပိုင်ဆ်ုင်ထားသည် လက်များ
တွင် ရွှေလက်ကောက်များ လက်တစ်ဖက်စီတွင် ဟန်းချိန်း ငါးကွင်းစီ ဝတ်ထားသေးသည်
ဖြူးဖွေးနေသောလယ်တိုင်တွင်လည်း ဆွဲ
ကြိုးအကြီးကြီးကို ကျောက်စိမ်းများ ကွပ်
ထားပြီး နားတွင်လည်းစိန်ပွင့်နားကပ်ဝတ်
ထားသည်ကိုလင်းသော်တာ သတိထားမိ
သည် ကောင်မလေးက လင်းသ်ာတာကိုသူ့
နောက်ခနလောက်လိုက်ခဲ့ပေးပါဆိုပြီး လင်း
သော်တာရဲ့ လက်ကိုဆွဲကာ အပြင်ထွက်
သွားတော့ ချက်ချင်းဆိုသလိုပင် အမှိုက်ကန်
ကြီးနား လင်းသော်တာရောက်သွားလေသည်
ဒီကောင်မလေးဘာလို့ သူ့ကို ဒီအမှိုက်ကန်
နား ခေါလာသည်ကိုနားမလည်၊ လင်းသော်
တာ အမှိုက်ကန်ကြီးထဲကြည့်လိုက်တော့
ကောင်မလေးတစ်ယောက် အမှိုက်များနှင့်
ရောထွေးပြီး မီးလောင်နေသည် ပလပ်စတစ်
များက ထိုကာင်မလေး အသားတွေမှာ ကပ်
နေပြီး အသားအရေများကိုလောင်နေပြီ။
လင်းသော်တာ ထိုကောင်မလေးကိုကယ်ရန်
အော်ဟစ်အကူအညီတောင်းပေမဲ့ တုန့်ပြန်
မှုမရှိ လင်းသော်တာ ဘေးနားကတုတ်ကို
ယူကာ ဆွဲနေသောမီးစများကို ဖယ်ရှားလိုက်
ပြီး ကောင်မလေးကိုဆွဲထုပ်ကာ မျက်နှာ
ကိုကြည့်လိုက်တော့ ခုနသူ့ကိုခေါလာသည့်
ကောင်မလေးပင် ၊ လင်းသော်တာ "အားး"
လို့အော်ပြီး ကောင်မလေးကိုလွှတ်ချကာ သူ့
အခန်းသို့ ပြေးလေတော့သည် အခန်းထဲ
ရောက်တော့ ခုနကောင်မလေးက လင်းသော်တာထက်အရင်အခန်းထဲသို့
ရောက်နေသည်။ လင်းသော်တာ ကောင်မ
လေးကိုကြည့်လိုက်တော့ ခုနကလိုလှလှပ
ပ ပုံစံမဟုတ်တော့ဘဲမီးတစ်ဝက်လောင်ထားသောအမှိုက်များနှင့် သူဝတ်ထားသည်ကခု
နကလိုဆေးရုံဝတ်စုံ မဟုတ်တော့ဘဲ ဒူး
လောက်ရှိသည့် ပန်းနုရောင်ဂါဝန်လေးပင်၊
မျက်နှာကလည်း မီးလောင်ထားလို့ အသား
စများလံနေပြီး သွေးစိမ်းများထွက်ကြနေ
သည်၊ ကောင်မလေးတစ်ကိုလုံး မီးလောင်
ခံထားရသည့်အတွက် စုတ်ပြတ်နေကာ မြင်
မကောင်းရှုမကောင်းဖြစ်နေသည်။ လင်း
သော်တာ ကောင်မလေးကို အလွန်သနား
သောကြောင့် အေးစက်စက်မျက်ရည်များ
မျက်ဝန်းမှစီးကြလာတော့သည်။ လင်းသော်
တာက ကောင်မလေးကို" နာမ်မည်ဘယ်လို
ခေါလည်း၊ ဘာကူညီပေးမလည်း"လို့မေး
လိုက်တော့ ကောင်မလေးကသူ့နာမ်မည်
ချယ်ရီဖြူ ၊ သူ့အတွက်အမှန်တရားဖော်ထုပ်
ပေးပါတဲ့ လင်းသော်တာက ချယ်ရီကိုဘယ်
သူသတ်ခဲ့တာလည်း ဘယ်လိုသေခဲ့တာ
လည်းမေးတော့ ချယ်ရီဖြူဘာမှမပြောပဲ
လင်းသော်တာ ရှေ့ကနေပြန်လည်ပျောက်
ကွယ်သွားတော့သည် လင်းသော်တာ နောက်ကနေအော်ခေါပေမဲ့ မရှိတော့ချေ။
အိပ်မက်လိုလို တကယ်လိုလို ဖြစ်နေ
ရာမှ လင်းသော်တာ မျက်လုံးဆတ်ခနဲပွင့်
သွားခဲ့သည် တစ်ကိုယ် လုံးလည်းချွေးများ
စိုရွှဲလျက် ၊ နာရီကြည့်လိုက်တော့ ၅နာရီ ထိုး
နေလေပြီ အဝေးမှကြက်တွန်သံယဲ့ယဲ့လေး
ကို လင်းသော်တာကြားနေရသည်။ ညကမက်ခဲ့သည့် အိပ်မက်ကြောင့် လင်း
သော်တာ ခေါင်းများတော်တော်နောက်နေ
သည် ၊ ချယ်ရီဖြူ အသတ်ခံရသည့် အမှုကို
သတိရပြီး စားပွဲပေါတင်ထားသည့် အမှု
ဖိုင်များမှ ချယ်ရီဖြူအမှု ကိုရှာလိုက်တော့
နောက်ဆုံးအမှု အသတ်ခံထားရတာ၂ရက်ပဲရှိသေးတယ်။ အမှု
အချက်အလက်ကြည့်တော့လည်း သိပ်မပြည့်စုံသေးဘူး လင်း
သော်တာလည်း အမှုကိစ္စခနထားပြီး ရေချိုးမျက်နှာသစ် ဘုရား
ရှိခိုး တရားထိုပြီးတော့ မနက်ခြောက်နာရီခွဲနေလေပြီ။ ၇နှစ်နနာ
ရီလောက်ကြတော့ ဒုရဲအုပ်အောင်အောင်က လင်းသော်တာအတွက် မနက်စာဝယ်လာပေးလေသည်။ လင်း
သော်တာလည်း မီးရှို့သတ်ခံရတဲ့ ချယ်ရီဖြူ အမှုခြေအနေ မေး
တော့ တိကျတဲ့အဖြေသိပ်မရှိဘူး အဲ့တာနဲ့လင်းသော်တာလည်
၉နာရီအားလုံးအစည်းအဝေးတက်ဖို့ပြောလိုက်တယ်။ အစည်းအဝေး လုပ်တဲ့အချိန်ကျတော့ လင်းသေည်တာနဲ့ ဆေးမှုတို့ လူသတ်မှု
တို့ဆွေးနွေးကျတာပေါ့ အဓိကကတော့ ချယ်ရီဖြူ အသတ်ခံ
ရတဲ့အမှုကိုဆွေးနွေးတော့ စခန်းမှူးက သံသယံအရှိရဆုံးလူအဖြစ် ချယ်ရီဖြူဆေးရုံတက်တုန်းက အဓိ
ကစောင့်ပေးတဲ့ အာရားမ ကိုအမှုရှိကြောင်းတင်ပြတာပေါ့။
လင်းသော်တာက ဆက်ဆွေးနွေးဖို့ပြောလိုက်တဲ့အခါ စခန်းမှူး
က သူတွေ့ရှိရတဲ့ အချက်အလက်တွေရယ် ဆရာဝန်ပြောတဲ့
အချက်အလက်တွေအရဆိုရင် ချယ်ရီဖြူဟာ စိတ်နည်းနည်းမ
ကောင်းတဲ့ထဲမှာပါတယ် သူ့ကိုအပြင်ပန်းအရကြည့်ရင်တော့
လူကောင်းအတိုင်းပါပဲ ဒါပေမဲ့ သာမန်လူတွေနဲ့ယှဉ်ရင် သူက
နည်းနည်းတော့စိတ်မကောင်းဘူးပေါ့။ ချယ်ရီဖြူဟာ နှလုံးရော
ဂါလည်းရှိလို့ ဆေးရုံလာတက်နေတာ ၁လလောက်ရှိပြီ သူ့မိ
သားစုတွေက အရမ်းချမ်းသာတာ ချယ်ရီဖြူက တစ်ဦးတည်း
သောသမီး ချယ်ရီဖြူကို အာရားမက အဓိကစောင့်ပေးတယ်။
ချယ်ရီဖြူနဲ့ အာရားမကလည်း အမြဲတပူးကပ်ကပ်ပေါ့ ။ ချယ်ရီ
ဖြူကအာရားမစကားဆိုအကုန်နားထောင်တယ် ။ ပြီးတော့ ချယ်
ရီဖြူက အဲ့ဆေးရုံက ဒေါက်တာလေးတစ်ယောက်ကို စိတ် ဝင်
စားနေတယ်လို့ နတ်(စ်)မ ကပြောလို့သိခဲ့ရပါတယ်။ ပြီးတော့
ချယ်ရီဖြူအသတ်ခံရတဲ့နေ့မှာ ချယ်ရီဖြူကိုစောင့်တဲ့ အာရားမ
ဆေးရုံမှာရှိမနေဘူးလို့ ဆေးရုံကလူတွေပြောလို့ အနီးဆုံးသံ
သယရှိသူအဖြစ် ချယ်ရီဖြူကိုစောင့်တဲ့အာရားမကို သံသယရှိနေ
တာပါလို့ စခန်းမှူးက လင်းသော်တာကိုပြောတယ် ။ လင်းသော်
တာသဘောပေါက်လိုက်ပြီ။ လင်းသော်တာ အစည်းအဝေးဖြုတ်
လိုက်ပြီး ဒုရဲအုပ်အောင်အောင်နဲ့ ဆေးရုံက ချယ်ရီဖြူအခန်း ကို
သွားလေသည် ။ အမှုမပေါသေးတာကြောင့် ချယ်ရီဖြူ ဆေးရုံ
အခန်းကိုချိတ်ပိတ်ထားလေသည်။ တာဝန်ရှိသူမှအပမဝင်ရပေါ့။
ချယ်ရီဖြူအခန်းထဲရောက်တော့ ချယ်ရီဖြူ အခန်းထောင့်လေးမှာ ရပ်နေတာ ကို လင်းသော်တာဝိုးတဝါးလေး မြင်နေရသည်။ ချယ်ရီဖြူက လင်း
သော်တာကို သူ့ကုတင်ဘေးက ဗီရို အံဆွဲလေးကို လက်ညိုးထိုးပြတယ် လင်းသော်တာကြည့်လိုက်တော့ ရွှေရောင်
တော့လေးခတ်ထားတယ်။ လင်းသော်တာ ဒုရဲအုပ် အောင်
အောင်ကိုမေးတော့ အဲ့အံ့ဆွဲကသော့ဖွင့်လို့မရဘူး သော့ဖျက်
လို့လည်းမရလို့အဲ့တိုင်းထားထားပါတာတဲ့။ လင်းသော်တာလည်း အဲ့အံဆွဲထဲမှာသက်သေ ရှိရမယ်ဆိုပြီး
သော့ကိုင်ကြည့်လိုက်တော့ သော့ကဖွင့်လျက်သား ဒုရဲအုပ်
အောင်အောင်ကအံ့သြနေပေမဲ့ လင်းသော်တာအနေနဲ့တော့ မ
ထူးစန်းတော့ သော့ကို ချယ်ရီဖြူဝိဉာဉ်ကဖွင့်ပေးထားတယ်ဆို
တာ လင်းသော်တာသိနေခဲ့သည်။ အံဆွဲဖွင့်လိုက်တော့ ရည်း
စားစာ အစောင်၂၀တိတိတွေ့ရှိခဲ့ပြီး အံဆွဲနောက်တစ်ထပ်၌
လက်ဆောင်ပစ္စည်းများဟု ထင်ရဖွယ်ရှိသည့် ပစ္စည်းများကို
လင်းသော်တာနဲ့ ဒုရဲအုပ်အောင်အောင် တွေ့ရှိခဲ့သည်။ လင်း
သော်တာလည်း ရည်းစားစာများကို ဖွင့်ဖောက်ကြည့်ခဲ့ရာ ချယ်
ရီဖြူ စိတ်ဝင်စားတဲ့ ဆရာဝန်လေးကပေးသည့် စာများဖြစ်နေ
သည်။ နောက်ဆုံးတစ်စောင် တွေ့ခဲ့တာက ရက်စွဲပါပါနေတယ်။ ဆရာဝန်လေးရေးထားတာ ( )နေ့ ခိုးပြေး
မည် ပိုက်ဆံနှင့်လက်ဝတ်လက်စားများပါယူခဲ့ဖို့ထည့်ရေးထား
တယ်လေ။ လင်းသော်တာလည်း ချက်ချင်းပဲ ချယ်ရီဖြူ စိတ်
ဝင်စားခဲ့သည့် ဒေါက်တာလေး ကာရံ ရုံးခန်းသွား စစ်ဆေးမှု
တွေလုပ်တော့ ရည်းစားစာများက ဒေါက်တာလေးကာရန်ပေးတာ မဟုတ်ပဲ စာအတုများဖြစ်နေသည်။ လင်းသော်တာ စခန်းမှူး ပြောသည့်
အချက်အလက်များနှင့်ယှဉ်ပြီး စဉ်းစားလေရာ လူသတ်တရား
ခံ ကိုရိပ်မိခဲ့ခြေပြီ။ လင်းသော်တာ ဒုရဲအုပ်အောင်အောင်ကို
ခေါပြီး ချယ်ရီဖြူကို စောင့်သည့်အာရားမအိမ်ကို စုံစမ်းကာ
အားရားမဒေါဖြူဖြူကို ဖမ်းစည်းလိုက်တော့သည်။
စခန်းရောက်တော့ အာရားမဒေါဖြူဖြူကို သက်သေများနှင့်တကွ
ဝန်ခံခိုင်းလေသည်။ အာရားမက အတင်းငြင်းနေပေမဲ့ ချယ်ရီ
ဖြူကိုမြင်ပြီး ချယ်ရီဖြူက အမှန်တိုင်းဝန်မခံလျှင် တစ်မိသားစု
လုံးသတ်မည်ဟု ပြောလိုက်တော့ အာရားမ ဒေါဖြူဖြူကြောက်
လှန့်ပြီးဝန်ခံလေသည်။
အာရားမဒေါဖြူဖြူဟာ သူ့သားဖြးစ်သူ ဆေးမှုနအဖမ်းခံရပြီဲး့ အလောတ
ကောငွေအလျှင်စလိုဖြစ်လို ကြံရာမရဖြစ်နေတုန်း ချယ်ရီဖြူက
စိတိကလည်းသိပ်မကောင်း ဆေးရုံလာတက်တဲ့အချိန်နဲ့ကြုံပြီး
အာရားမက ဆေးရုံစောင့်အဖြစ် စောင့်ရပြီး ချယ်ရီဖြူက ဒေါက်
တာလေးကာရံကို စိတ်ဝင်စားနေတာလည်းသိတော့ သူကပဲ
ကြားထဲကနေ ဒေါက်တာလေး ကာရံက ရည်းစားစာပေးတယ်
ဆိုပြီးကြားထဲကနေ သူက ရည်းစားစာတွေအတုလုပ်ပေး
လက်ဆောင်ပစ္စည်းတွေကို သူကပဲဝယ်ပြီး ဒေါက်တာလေးကာ
ရံကပေးခိုင်းတယ်ဆိုပြီး ပြောပေး ချယ်ရီဖြူကလည်းယုံ ဒေါက်
တာလေးကာရံကတော့ ဘာမှမသိဘူးပေါ့ ကြားထဲကနေနာမ်
မည်ယူသုံးခံရတာပေါ့။အဲ့နေ့ကျတော့ အာရားမဒေါဖြူဖြူ
ဖြစ်သူသားက တရားရင်ဆိုင်ရတော့မှာ ငွေကလည်းတအားလိုနေပြီဆိုတော့ အာရားမဒေါဖြူဖြူက ဒေါက်တာလေးကာရံနာမ်မည်သုံးပြီးကြားထဲကနေ ခိုးပြေးမယ်
ဆိုတဲ့စာအတုကို ဖန်တီးပြီးချယ်ရီဖြူကိုပေးလိုက်တယ်။ ချယ်ရီဖြူကလည်းတကယ်ထင်ပြီး စာထဲမှာပါတဲ့အတိုင်း အဝတ်ထုပ်ရယ် လက်ဝတ်လက်စားတွေရယ် ဝတ်ပြီး စာထဲမှာ
ပါတဲ့ချိန်းထားတဲ့နေရာကနေစောင့်နေတာပေါ့ အမှန်တကယ်လာခဲ့တဲ့သူကတော့ဒေါက်တာလေးမဟုတ်ပဲ
အာရားမဒေါဖြူဖြူဖြစ်နေတာပေါ့ ။ ဒေါဖြူဖြူက ချယ်ရီဖြူကို
နောက်ကနေ မေ့ဆေးအုပ်ထားတဲ့လက်ကိုင်ပဝါနဲ့ နှာခေါင်းနဲ့
ပါးစပ်ကိုအုပ်လိုက်တော့ ချယ်ရီဖြူမေ့သွားတာပေါ့။ ဒါပေမဲ့ဒေါဖြူဖြူသုံးတဲ့ မေ့ဆေးကဒိတ်လွန်ဆိုတောာကြာချိန်
သိပ်မခံပဲ လမ်းတစ်ဝက်မှာတင် ချယ်ရီဖြူ သတိရလာတော့
ရုန်းရင်း ရုန်ရင်းနဲ့ဒေါဖြူဖြူက လမ်းမှာတွေ့တဲ့ တုတ်နဲ့ ခေါင်း
ပိတ်ရိုက်လိုက်တော့ ချယ်ရီဖြူမေ့လဲသွားပြီး ဒေါဖြူဖြူကချယ်ရီဖြူရဲ့လက်ဝတ်ရတနာတွေအကုန်ဖြုတ်
ချယ်ရီဖြူကို အမိုက်ကန်အဟောင်းကြီးထဲပစ်ထည့်ခဲ့ပြီး သူကဓာတ်ဆီသွား
ဝယ်ပြီး ချယ်ရီဖြူအပေါကိုအမှိုက်တွေနဲ့ဖုံးပြီး ဓာတ်ဆီတွေလောင်းမီးရှို့ပြီး သူကတော့အိမ်ကိုပဲပြန်လာခဲ့တာ
ပေါ့။ နောက်တော့ အနီးနားပတ်ဝန်းကျင်ကအဲ့အမှိုက်ကန်ကမီးမရှို့ရဘူးပြီးတော့
မီးတောက်ကြီးကတော်တော်လေးင်္ကြီးနေတော့ မီးလောင်နေတာလားဆိုပြီးသွားကြည့်မှ ချယ်ရီဖြူ မီးတွေလောင်နေတာတွေတော့မှ လူတွေရောက်လာပြီး မီးဝိုင်း
ငြိမ်းမှ မီးသေတော့ ချယ်ရီဖြူ မီးလောင်ပြီးသေဆုံးနေပြီ။
ချယ်ရီဖြူသေဆုံးမှုကို ချယ်ရီဖြူအဖေကအမှုဖွင့်တိုင်တန်းခဲ့တာ
အခုဆိုရင်တော့ ချယ်ရီဖြူအမှုမှန်ပေါပေါက်သွားခဲ့ချေပြီ။
ချယ်ရီဖြူဝိဉာဉ်လည်း စိတ်ကျေနပ်ရာရောက်ပြီး ကောင်းရာဘုံ
ဘဝရောက်ရန် နှင့်ဘဝဆက်တိုင်းဒီလိုအဖြစ်ဆိုးမှကင်းလွတ်ရန်
ချယ်ရီဖြူကိုရည်စူးပြီး လင်းသော်တာအမျှပေးဝေလိုက်တော့သည်။
Credit. မူရင်း
No comments:
Post a Comment