" ဘုန်းကြီးသေရင် ရွာကြေတယ်ဆိုတဲ့စကားအတိုင်း ဘဝနတ်ထံပျံလွန်တော်မူသော ရွာဦးကျောင်းဆရာတော်ဦးနန္ဒိယ၏ဇာပနအခမ်းအနားပြီးဆုံးသွားပြီးနောက် ညောင်ဝိုင်းတရွာလုံးလဲ စိတ်ပမ်း၊လူပမ်း၊ငွေပမ်းဖြင့် အတော်လေး ခံလိုက်ရသည်။
...သက်တော်ရှည်ကျောင်းထိုင်ဆရာတော်ကြီးဖြစ်၍ ရုပ်ကလပ်ကို (၇)ရက်တိတိ ထားရှိပြီးမှ လောင်တိုက်ချွေရသည်။ ထို၇ရက်အတောအတွင်း ပြုလုပ်စီမံရသည့် အနေအထားဟာ အလှူကြီး၃ခုစာထက်ပင်အကုန်အကျကြီးပြီး စိတ်ရောလူပါပင်ပမ်းလှပေသည်။
.... သို့သော် အစဉ်အလာကောင်းသော ရွာတရွာမို့ အရေးတော်ပုံကို ဘေးရွာမကူပဲ အောင်မြင်စွာရင်ဆိုင်ကျော်လွှားနိုင်ခဲ့သည်။
..**ဆရာတော်ကြီးကိုလောင်တိုက်ချွေပြီးသည့်နောက် ကျောင်းဂေါပကအဖွဲ့ခေါင်းဆောင်တဖြစ်လဲ ညောင်ဝိုင်းသူကြီး ဦးငကောက်က ရွာသားအားလုံးကိုခေါ်ပြီး ကျောင်းပေါ်မှာ စည်းဝေးပွဲတခုလုပ်သည်။
"" အဟမ်း အဟမ်း
--အခုလို စည်းဝေးပွဲခေါ်ရတဲ့အကြောင်းက လစ်လပ်သွားပြီဖြစ်တဲ့ ကျောင်းထိုင်ဘုန်းကြီးနေရာအတွက် သံဃာပင့်ဖို့ကိစ္စပဲကွဲ့..........
"..ဟုတ်ကဲ့.......မှန်တာပေါ့.........လုပ်ရမယ်လေ....."
....အေးးး
...ဘုန်းကြီးဆိုတိုင်းလဲ တွေ့ရာဘုန်းကြီးကို ကျောင်းပေါ်ခေါ်တင်လို့လဲ မဖြစ်သေးဘူး.....ဘာ့ကြောင့်လဲဆိုတော့..ဒီကျောင်းမှာထိုင်သွားတဲ့ကျောင်းထိုင်ဘုန်းကြီး အဆက်ဆက်ဟာ တို့ရွာသားဘုန်းကြီးတွေပဲ ထိုင်ခဲ့တာမို့လား။
....ဒါ့ကြောင့် လစ်လပ်သွားတဲ့ ကျောင်းထိုင်နေရာအတွက် ပထမကြီးတက်နေတဲ့ ဦးဇင်းစန္ဒိမာနဲ့ ဦးဇင်းတေဇနိယ တို့နှစ်ပါးထဲက တပါးပါးကိုရွေးမယ် ဘယ်လိုလဲ....သဘောတူကျလား...
.....ဟုတ်ကဲ့.....သဘောတူပါတယ်....
...ဖိတ်မဲ့ဖိတ်ကို့အိတ်ထဲဖိတ်ပေါ့...ကို့ကျောင်းနဲ့ကို့ဘုန်းကြီပဲ ကောင်းပါတယ်အေ....
...ဟုတ်ကဲ့...သူကြီးအစီစဉ်ကို တရွာလုံးက လက်ခံပါတယ် ဆက်လုပ်ကျစို့........
.....အေး ဒါဖြင့် အရှင်နှစ်ပါး ဆွမ်းဘုန်းပြီးရင် သဘောထားကိုမေးမြန်းကျမယ်....
....ဂလုံ....
...ဂွမ်.....
....ဘာဖြစ်တာလဲ စန္ဒိမာ....
....သောက်နေသောရေခွက်ဟာ လက်ထဲမှလွတ်ကျသွားတဲ့အထိ လန့်သွားသော ဦးဇင်းစန္ဒိမာ ကို ဦးဇင်းတေဇနိယ ကမေးလိုက်သည်။
....ဟ....
...ဘာဖြစ်ရမှာလဲ ငတေရဲ့....
...အပြင်မှာပြောနေတာမကြားဘူးလား..
....မင်းနဲ့ငါ တယောက်ယောက်ကို ဒီကျောင်းမှာထိုင်ခိုင်းမလို့တဲ့.....
....ဟင်းးဟင်းး ငါကတော့ No. ပဲနော်
...အပြတ်ပြောထားတာ.....
....ထိုင်စရာရှိရင် မင်းပဲထိုင်
.....ဘာကွ.....
.....ဒီလိုလုပ်လို့ရမလား....
....ငါလဲ ငယ်ငယ်ရွယ်ရွယ်နဲ့ ကျောင်းမထိုင်ချင်သေးဘူး...စာချတန်းထိတက်ချင်သေးတယ်......
......ဟူးးး
...အဲ့ဒါမှ ပြသနာပဲ....
...ဒို့ရွာကလဲ တထစ်ချတွေကွ......
...ရွာစွဲအလွန်ကြီးတာ......
....တို့နှစ်ယောက် ဘာလုပ်ကျမလဲ...
....
......မသိဘူးလေကွာ....လာမဲ့ဘေးပြေးတွေ့ယုံပေါ့....ဟူးးး
.....ထိုအခိုက်
.....အဟမ်းးအဟမ်းးး
....အထဲက ကိုယ်တော်တို့ သူကြီးက ကိုယ်တော်တို့ ဆွမ်းဘုန်းပြီးရင် လျှောက်စရာလေးရှိလို့တဲ့.....အပြင်ကို ကြွခဲ့ပါဦးတဲ့.....တရွာလုံးလဲ စောင့်နေကျတယ်......
....ရွာဆော် ငသြ၏ အသံကြားတော့..အရှင်နှစ်ပါး မျက်လုံးပြူးသွားသည်။
....အေး...အေး....
...လာခဲ့မယ် ဒါကာ....
....လာလေစန္ဒိမာ....မင်းကံ ငါ့ကံပေါ့.....
...ဖြစ်လာမှတော့ ဘာတက်နိုင်ပါ့မလဲ....
....အ.....ဗိုက်နာလိုက်တာ...
....သွား..သွားနှင့်..ဘိုတေ...
...အပြင်ထွက်ပြီးစောင့်နေ....
.....ငါ ကုဋိခဏတက်ဦးမယ်.....
....မင်းကလဲ....အရေးအကြောင်းဆို အဲ့အတိုင်းချည်းပဲ ....သွား...မြန်မြန်တက်ပြီးမြန်မြန်လာခဲ့...
...အေး...အေးပါကွာ.....
.....
......အယုံလွယ်ခြင်းဟာ ဦးဇင်းတေဇနိယ၏ မဟာအမှားကြီးပင်ဖြစ်သည်။ အကြံသမား ဦးဇင်းစန္ဒိမာ ဟာ ကုဋိတက်ဟန်အကြောင်းပြပြီး ကျောင်းနောက်ဖေးပေါက်ကနေ စသင်တိုက်ရှိရာ မတ္တရာသို့ ခြေလျှင်ခရီးဖြင့် သုတ်ခြေတင်သွားလေတော့သည်။
.....ထို့ကြောင့် ပြေးပေါက်ပိတ်နေသော ဦးဇင်းတေဇနိယဟာ နေရင်းထိုင်ရင်း အရှင်လက်လက် ကျောင်းထိုင်ဘဝသို့ရောက်ရှိသွားခဲ့လေတော့သည်။
"" သက်တော်၂၅နှစ် နဲ့ ကျောင်းထိုင်ဘုန်းကြီးဘဝကိုရောက်ခဲ့တဲ့ ဦးဇင်းတေဇနိယဟာ လူငယ်ဘုန်းကြီးပီပီ လူငယ်သဘာဝလေးတွေတော့ အနဲအကျင်းရှိပါသည်။ ညောင်ဝိုင်းရွာဆိုတာကလဲ အုပ်စုကြီးရွာလေ...ညောင်ဝိုင်းအုပ်စုထဲမှာ အုတ်ဖိုရွာ၊ကြက်ပြေးရွာ၊တုတ်ရိုက်ရွာ၊ငါးခုံးမရွာ၊နှစ်ချင်းကုန်းရွာ၊ဘုံမဲဇာရွာဟူ၍ ရွာငယ်လေးတွေပါဝင်ပါတယ်။
""နှစ်ချင်းကုန်းဆိုတဲ့ခရစ်ယာန်ရွာကလွဲပြီး ကျန်ရွာအားလုံးမှာ ဘုန်းကြီးကျောင်းတကျောင်းစီရှိပါတယ်။ ထိုအားလုံးထဲမှာ ညောင်ဝိုင်းကျောင်းက အခမ်းနားဆုံးပေါ့...
.....ယခုဆို ကျောင်းအက်ပွဲတောင်လုပ်နေပြီ...
"" ဒါကာကြီး၊ဒါကမကြီးတွေကို ဦးဇင်းကြိုပြောချင်တဲ့အချက်တွေတော့ရှိတယ်......ခုရှုပ်မှနောင်ရှင်း ဆိုသလို ပွင့်ပွင့်လင်းလင်း ပြောပါရစေ....
....တင်ပါ့ မိန့်တော်မူပါဘုရား....
....ဒီလိုပါ....
...ဦးဇင်းက အသက်ငယ်ငယ်နဲ့ ကျောင်းထိုင်ဘဝရောက်တော့...တချို့ တချို့ သောအရာတွေမှာ ဝါကြီးတဲ့ရဟန်းတွေလို နေနိုင်မှာမဟုတ်ဘူး.....
...မှန်ပါ့ဘုရား....နားလည်ပါတယ်
...အထူးသဖြင့် ဦးဇင်းက ပျော်တတ်တဲ့စိတ်အခံရှိတယ်....ကိန်းကြီး ခန်းကြီးနဲ့ မနေတတ်ဘူး။ဒါ့ကြောင့် လူငယ်သဘာဝစိတ်အခံလေးတော့ လောလောဆယ်မပယ်နိုင်သေးဘူးပေါ့.....
....ဒီလိုနေလို့...ဒီလိုစားလို့ဆိုပြီး ဒါကာ၊ဒါယိကမတွေရဲ့ ငြိုညင်မှုကိုလဲ မခံချင်ဘူး...
...ဦးဇင်းက ခါတ်ဘုန်းကြီးတပါးနော်....
......
....အဲ့တော့ အခုထဲက ဖြစ်နိုင် မဖြစ်နိုင် တခါထဲ ဆုံးဖြတ်ကျပါ။
.....ဒီအချိန်မှာ သူကြီးဦးငကောက်က...
...ဒါများဦးဇင်းရယ် ....
...ရပါ့ဗျာ......
....တပည့်တော်ကလဲ ခါတ်မှီတဲ့သူကြီးပါ...ပျော်ပွဲရွှင်ပွဲတွေကို ရွာမှာလုပ်ပေးချင်တာကြာပေါ့.....
....ဆရာတော်ကြီးကိုကြောက်လို့သာ ငြိမ်နေရတာ......
....ဦးဇင်းက ခါတ်ဘုန်းကြီး..တပည့်တော်က ခါတ်သူကြီး...ဒီတော့ ဘာအဆင်မပြေစရာရှိလဲ....
.....တပည့်တော်တို့ လက်ခံပါတယ်ဘုရား......
...ဒီလိုနှင့်...ကို့ရွာ၊ကို့ကျောင်း၊ကို့ဘုန်းကြီးနှင့် သပ်သပ်မှတ်မှတ်ပြန်ဖြစ်သွားသည်။
...ဦးဇင်းတေဇနိယဟာ တပါးထဲသီတင်းသုံးရခြင်းကိုအလိုမရှိသောကြောင့် အုပ်စုရွာတွေထဲမှ ခိုးကိုရာမဲ့ခလေးများကိုခေါ်ပြီးကိုရင်ဝတ်ပေးတယ်...ကိုရင်၁၀ပါးခန့်ရတော့ မြို့နယ်မှာခွင့်တောင်းပြီး စာသင်တိုက်အငယ်လေးစဖွင့်ပါတယ်။
....ဦးဇင်းဟာ ပထမကြီးတန်းထိနေဖူးသောကြောင့် အငယ်တန်း၊အလတ်တန်းတွေကို ကောင်းကောင်းသင်နိုင်ပါတယ်။ စာသင်သားကိုရင်လေးတွေကို စာသင်တိုက်ကြီးတွေရဲ့စည်းကမ်းအတိုင်း လေ့ကျင့်သင်ကြားပေးတယ်။
.....ကျောင်းဝန်းထဲမှာ ဘောလုံးကွင်း၊ခြင်းကွင်း တို့ကို စနစ်တကျလုပ်ပြီး စာသင်သားကိုရင်လေးတွေကို ကစားစေတယ်။ ကိုရင်တွေဘောကန်ရင် ဦးဇင်းကြီးက သင်္ကန်းကိုခါးတောင်းကျိုက်၊ခရာမှုတ်ပြီးဒိုင်လုပ်ပေးတယ်။
....ထို့အပြင်...ရွာကာလသားတွေဖြစ်တဲ့ တင်လှ၊ဝင်းမောင်၊ပိန်ရိုး၊စံလှတို့အဖွဲ့နဲ့ ကျောင်းခြံထဲမှာ ညနေတိုင်း ဝိုင်းခြင်း၊ပိုက်ကျော်ခြင်းခတ်တယ်.....
......တရားဟော၊တရားပြလဲ အတော်ကောင်းသဖြင့် ညောင်ဝိုင်းရွာသာမက ဘေးရွာများကပါ ချီးမွန်းထောပနာပြုကျလေသောဦးဇင်းကြီးပါ။
........ထိုမျှမကသေး......
....တသက်လုံးက ဘေးရွာတွေနဲ့ သဟဇာတမတဲ့သော နှစ်ချင်းကုန်းခရစ်ယန်ရွာဟာ ဦးဇင်းကြီးနဲ့တွေ့မှ ဘယ်လိုဖြစ်တယ်မသိ.....သူတို့ ဘာသာပွဲတွေရှိရင် ဦးဇင်းကြီးကို တရားဟောပင့်သည်။ တဖန် ..ဦးဇင်းကြီးရဲ့ကျောင်းမှာ ကထိန်ခင်းရင်လဲ သူတို့ခြံထွက်အသီးအနှံများကို နွားလှည်းမှာ ညှက် လုပ်ပြီး ဦးဇင်းဆီလာကန်တော့ကျသည်။
........ဒါတင်ပဲလား.......
...မကသေးဘူးဗျ........
....ညောင်ဝိုင်းရွာရဲ့အနောက်ဘက်မှာ ရွာပိုင်ဘောလုံးကွင်းကြီးတခုရှိတယ်...အဲ့ဒါ `လွတ်လပ်ရေးနေ့´နီးလာရင် အုပ်စုဖလား ဘောပြိုင်ပွဲကို ဦးဇင်းကြီးက ကြီးကြပ်ပြီးပွဲလုပ်ပေးတယ်။
.. ဦးဇင်းကြီးလုပ်ပေးတဲ့ပွဲမို့ ရန်ဖြစ်တာတို့၊အချင်းများတာတို့ အလျှင်းမရှိ အားလုံးအိုကေ။
.....လွတ်လပ်ရေးနေ့ရောက်ရင်လဲ...
...အုပ်စုထဲက လူငယ်၊လူလတ်၊လူကြီး အားလုံးပါဝင်တဲ့ အားကစားနည်းမျိုးစုံကို တပါးထဲဒိုင်ခံဆုချပြီး ဖြစ်အောင်လုပ်ပေးတယ်.....
.....ဒီလို...ဒီလိုတွေလုပ်နေလို့ ဒီဦးဇင်းကြီး အာပါတ်သင့်နေပြီလား...
...ဟုတ်ကဲ့...သင့်ပါတယ်....
...အာပါတ်ဆိုတာဖြေလို့ရတာရှိသလို ဖြေလို့မရတဲ့ရှိပါတယ်။
.....ရဟန်းသံဃာတွေမှာ ကာယ ကံ၊ဝစီကံ၊မနောကံနဲ့ပတ်သပ်ပြီး ကြူးလွန်မိတဲ့ အာပါတ်၇မျိုးရှိပါတယ်။
....ထိုအာပါတ်၇မျိုးထဲမှာ `ပါရာဇိက´ အာပါတ်တမျိုးကလွဲပြီး ကျန်၆မျိုးကို ဘုရားရှင်(သို့) မိမိထက်ဝါကြီးသော မထေရ်ကြီးတွေထံမှာဝန်ချတောင်းပန်ယုံဖြင့် အာပါတ်ပြေပါတယ်။
...အာပါတ်၇မျိုးထဲမှာ ပါရာဇိကအာပါတ်လို့ဆိုတဲ့....
.၁..ခိုးမှု
.၂..မေထုံမှီဝဲမှု
.၃..လူသက်မှု
.၄..တရားထူးမရပဲရသည်ဟုလိမ်လည်ပြောမှု.......ဆိုတဲ့ အမှုကိစ္စမျိုးကိုကြူးလွန်မိရင်တော့ အာပါတ်ဖြေလို့မရပဲ လူဝတ်လဲခြင်းသာ အကောင်းဆုံးဖြစ်ပါတယ်။
...
.....ဒါ့ကြောင့် ဦးဇင်းကြီးကို အားလုံးက နားလည်လက်ခံထားခြင်းဖြစ်လေသည်။
.....ထိုကဲ့သို့ စည်းရုံးရေးကောင်းမှုကြောင့် ညောင်ဝိုင်းကျောင်းတိုက်ဟာ အခြားသောကျောင်းတွေထက် စိုစိုပြေပြေဖြင့် ကိုးကွယ်သူများလာလေသည်။
.....
......ဤကဲ့သို့ အရပ်တကာနဲ့အဆင်ပြေသောဦးဇင်းကြီးဟာ ကျောင်းထိုင်အဖြစ်သီတင်းသုံးပြီး ၃နှစ်အကြာမှာ ပြသနာတခုဖြစ်လာသည်။
....ထိုပြသနာက ဦးဇင်းကြီးမှာ အမည်ဖော်မရသော ရောဂါတခုဖြစ်လာခြင်းပေတည်း။
....ထိုရောဂါက ဦးဇင်းကြီးရဲ့ပုခုံးပေါ်ကို တကောင်ကောင်ခွထိုင်နေသကဲ့သို့ လေးလံနေခြင်းဖြစ်သည်။
.....ဆရာပေါင်းစုံနှင့်ပြကြည့်သော်လဲ ရောဂါကိုရှာမတွေ့......ထူးဆန်းတဲ့ အတွင်းရောဂါအထင်ဖြင့် ရန်ကုန်အထိတက်ပြသော်လဲ ဆရာဝန်ကြီးတွေပါ လက်မှိုင်ချကုန်သည်။
.......ဒီတော့ တရွာလုံး၊တနယ်လုံးပါ ဦးဇင်းကြီးအတွက်သောကရောက်ကုန်ကျသည်။
.....အမလေးဗျ.......
....ပုခုံးတွေပူလိုက်တာ......
....ခါးတွေလဲနာလှပါပြီ....ငါ့ကိုမကယ်နိုင်ကျတော့ဘူးလား....ဟင်းးအင်းးးအီးးး
.....ဦးဇင်းကြီး.......
...ဘာမှအားမငယ်နဲ့.......
...ဦးဇင်းကြီးရဲ့ရောဂါကို ဒါကာကြီးတို့ရအောင်ကုမယ်ဘုရား....
....အားတင်းထားပါဘုရား....
.....မဟုတ်သေးဘူး ဒါကာကြီး....
....ဦးဇင်းရဲ့ရောဂါကိုဦးဇင်းသိတယ်
...ဝဋ်နာ၊ကံနာပဲဖြစ်လိမ့်မယ်.....
...အတိတ်ဘဝရဲ့ အကုသိုလ်ကံကြောင့် ဒီဘဝမှာ အခုလိုဖြစ်နေရတာထင်တယ်....သေရမယ်ဆိုလဲ မြန်မြန်သေချင်လှပါပြီ..
.....အီးးဟီးးဟီးး
....အို.....ဘာလို့သေရမှာလဲ.....
...ဦးဇင်းကြီးမှာ သေလောက်တဲ့အတွင်းရောဂါမှမရှိပဲဟာ.....နောက်ဆုံးအချိန်ထိမျှော်လင့်ချက်ရှိပါတယ်.....အားမလျှော့ပါနဲ့.......
....သူကြီးငကောက်လဲ ပြောသာပြောနေရတာ တကယ်တမ်းကျ ဘာဆက်လုပ်ရမှန်းကိုမသိတော့ချေ.....
----------------------------
.......ကိုင်း....
...တရွာလုံးကိုခေါ်ရတဲ့အကြောင်းရင်းက အားလုံးသိပြီးသားကိစ္စဖြစ်တဲ့ ဦးဇင်းကြီးရဲ့ကိစ္စပဲ..
.....လိုက်ကုတာလဲဗဟိုပေါက်နေပြီ ရောဂါက ဒုံရင်းအတိုင်းပဲ...ဒီတော့ ဘာဆက်လုပ်ကျမလဲ.....
....ဟင်းး
....ဟူးး
...ခက်တာပဲ......
....မသိတော့ပါဘူးဗျာ.....
...တရွားလုံး၏ငြီးညူသံတွေကြောင့် သူကြီးလဲ စိတ်ဓာတ်ကျသွားသည်...
....အေး....ကောင်းတယ်
...ဒီတိုင်းဆို ဦးဇင်းကြီးပျံတာကိုထိုင်စောင့်ယုံပဲရှိတော့တာပေါ့.......
....ဟာ..
...ဟယ်
...မဟုတ်ဘူးလေ..
...မရ ရအောင်ကုရမှာပေါ့ဗျ.....
....ဖြစ်လာပြီ....အေး...အားလုံးကိုရွဲ့ပြောတာဟေ့.....နဲနဲလေးလဲ ကြံကျဖန်ကျပါဦးလား....ငါ့ခေါင်းတွေလဲ မီးတောက်နေပြီဟ....
....ကျွန်မနဲနဲပြောပါရစေ......
...ဟေ......
.....လူအုပ်ထဲမှထလာသူ နတ်ခေါင်းဆွဲ မိဆိတ်.....
...ဆိုပါဦး....နင်က ဘယ်လိုပြောချင်သတုံး...
....ဦးဇင်းကြီးဖြစ်နေတဲ့ရောဂါကို ကျွန်မသိတယ်.....
...ဘာ.....
...အလို
...တကယ်လား
...ဘာရောဂါလဲ..........
...သူကြီးအပါအဝင် ရွာသားအားလုံး ခေါင်းထောင်လာသည်....
...ဒီလိုရှင့်
...ဦးဇင်းကြီးဖြစ်နေတာ ရိုးရိုးရောဂါမဟုတ်ဘူး.....နတ်ကိုင်ထားတာ.......
...ဘာ......
...ဦးဇင်းကို နတ်ကိုင်လိုက်တာ...ဟုတ်လား...
...ဟင်းးဟင်းး
...သိပ်သေချာတာပေါ့......
....မနက်ကပဲ ရွာထိတ်က ညောင်ပင်ကြီးမှာ မေးပြီးပြီ......
....ကျောင်းကကိုရင်တွေကို သူတို့လာမပြပဲ သင်္ကန်းဆီးပေးလို့တဲ့...
....အဲ့ဒါကို မကျေနပ်လို့ ဖမ်းထားတာ....
......ဟေ
....ဗုဒ္ဓေါ
...ဘုရား...ဘုရား...
....ဘုန်းကြီးကို နင့်နတ်ကဖမ်းနိုင်လို့လား
...မဟုတ်တန်းလျားတွေ လျှောက်မပြောနဲ့ မိဆိတ်....
....ဒီမယ်သူကြီး......
....ကျုပ်တသက်လုံး နတ်ခေါင်ဆွဲလုပ်လာတာ.....ကျွန်မပြောရင် လွဲခဲတယ်......ဘုန်းကြီးကျောင်းထဲမှာသာ နတ်ကနားပေးပြီးတောင်းပန်လိုက်...ဦးဇင်းရောဂါ မပျောက်ဘူးဆိုရင် ကျုပ်ကိုကြိုက်သလိုပြော....
....ဘာ.....
...တော်....တော်တော့ မိဆိပ်....
....ဘုန်းကြီးကျောင်းထဲမှာ နတ်ကနားပွဲလုပ်လိုက်ရင် ငါးပါးတောင်မဟုတ်ဘူး သံဃာစင်ပါမှောက်ကုန်မှာပေါ့ဟ.....ဘာသာခြားတွေရဲ့ပါးစပ်ဖျားမှာ ငါတို့ဘာသာ....... ....အို.....မဖြစ်ပါဘူး....အခြားနည်းကိုရွေးကျစမ်းပါဦး....
....ဟင်းးဟင်းး
...ဒါကတော့ သူကြီးတို့အပိုင်းလေ...ကျွန်မကမြင်တဲ့အတိုင်းပြောတာ....နောင်အခါကျမှ မပြောရလေးခြင်းဆိုပြီး အပြစ်တင်မှာစိုးလို့....
....ဟူးး.....
...သေတာသေလိုက်ချင်တော့တာပဲ....
....သူကြီးလဲ သံပုရာသီး ကို အလုံးလိုက်မျိုထားရသလို တစ်ဆို့ဆို့ကြီးဖြစ်သွားသည်။
.ထိုသို့...အားလုံး အကြံအိုက်နေစဉ်မှာ....
"" ဒီပြသနာကို ကျုပ်လက်ကိုအက်နိုင်မလား""
...ဟေ...
...အလို...
...ဘယ်သူလဲ..
...ဘိုးတော်ထင်တယ်....
...မဟုတ်ဘူး ...အရူးကြီးဟ...
....အသံကြား၍လှည့်ကြည့်လိုက်တော့ ညစ်ထပ်ထပ် ပင်နီတိုက်ပုံအစုတ်ကြီးမှာ ကွမ်းတံတွေးဗလပွနှင့် ခက်တွေတွေကြီး ရပ်ကြည့်နေသော အမည်မသိသူတောင်းစားကြီးတယောက်ကိုမြင်လိုက်ရသည်။
....ပုံမှန်အခြေနေဆိုင် မောင်းထုန်ကျမည်မှာမလွဲပေ...
...သို့သော်...ယခုအချိန်က ပုံမှန်အချေအနေမဟုတ်ပေ....
......ကဲ...
...ငဩရေ
....အဲ့သတောင်းစားကြီးကို အထဲခေါ်လိုက်ကွာ......
....ဟုတ်ကဲ့ သူကြီး..
.......သကြီးခေါ်ခိုင်းသဖြင့် သူတောင်းစားကြီးလဲ အနားရောက်လာသည်....လူအုပ်ကြီးကတော့ သူတောင်းစားကြီးထံမှ အနံ့အသက်ပေါင်းစုံရဲ့ဒဏ်ကို နာခေါင်းပိတ်ပြီး အံတုထားလိုက်သည်..
....ခင်ဗျားနာမည်ဘယ်သူလဲ
....သတောင်းစာပါ...
...ဟမ်.....
...အကောင်းမေးရင်အကောင်းဖြေပါ...
...ဟ...
..သူတောင်းစားမို့ သတောင်းစားလို့ဖြေတဲ့ဟာ...ငါ တောင်းစားနေတာမမြင်ရအောင် မင်းမျက်စိကန်းနေလို့လား
...ဟိုက်...
..ရင့်လှချေလား.....
...ငါက ဒီရွာရဲ့သူကြီးနော်....
...အေး...မင်းဟာမင်း သူကြီးမကလို့ ငတီးပဲဖြစ်ဖြစ် ငါစိတ်မဝင်စားဘူး..
...အခု...မင်းတို့ဘုန်းကြီးမှာ ပရောဂါကပ်နေတယ်မို့လား...အဲ့ဒါငါကုပေးမလို့လာတာ....
...ဟင်..
...ဘယ်လို
...ပရောဂါတဲ့...
...ရွားသားတွေလဲ ပိတ်ထားတဲ့နှာခေါင်းကလက်ကိုဖယ်ပြီး သူတောင်းစားကြီးဘက်လှည့်ကြည့်ကျသည်။
....
.....ပ.....ပရောဂါဆိုတာ.....ဘာလဲဗျ.....
အေး....သိချင်ရင် လိုက်ခဲ့...
.....ကြာတယ်...အချိန်မရှိဘူး....
....အခုပဲကျောင်းကိုသွားကျရအောင်....
....ဟာ..
...ဘယ်လိုလုပ်ကျမလဲ
....ဘယ်လိုလုပ်ရမှာလဲ....ကိုယ်မှမလုပ်တတ်တာ သူလုပ်တာကိုလိုက်ကြည့်ယုံပေါ့....
....ပြောပြောဆိုဆိုနှင့် ကျောင်းဘက်ကိုထွက်သွားသော သူတောင်းစားကြီးရဲ့နောက်ကို ရွာလူအုပ်ကြီးလဲလိုက်ပါသွားသည်။
....အချိန်က ညနေ၆နာရီခန့်မို့ ကျောင်းကိုရောက်တော့ နေလုံးပျောက်နေပေပြီ......
......
.......သူတောင်းစားကြီးဟာ ကျောင်းဝကိုရောက်သည်နှင့် မြေကြီးတဆုပ်ကိုကြုံးပြီး ဂါထာတပုဒ်ဖြင့်မန်းလိုက်သည်။ သူ့ပြောချေအရ မြေဖုတ်ဘီလူးကိုအကြောင်းကြားတာတဲ့လေ.....
.....အားလုံးပဲ ဒီပရိတ်ကြိုးလေးတခုစီဆွဲထား....
...ဘာပဲမြင်မြင်ထွက်မပြေးနဲ့.....
...ကျုပ်ကမြင်ခိုင်းရင်မြင်ကျ...
...မမြင်ခိုင်းရင်မမြင်နဲ့...
...ဘုန်းကြီးနဲ့ကျုပ် စကားပြောရင် သူကြီးကအစ တယောက်မှဝင်မပြောနဲ့..
...လိုအက်လို့ ကျုပ်မေးမှဖြေကျ....
....ဟုတ်ပြီလား.....
....အန်
....ဟုတ်ကဲ့
...တကယ်လား...
......ဘာမြင်ရမှာလဲ
....
......အားလုံးက ပွစိပွစိဖြင့်မေးသော်လဲ သူတောင်းစားကြီးကပြန်မဖြေပဲ ကျောင်းပေါ်သို့တက်သွားသည်။
....ကျောင်းပေါ်ရောက်တော့ ဆီမီးတိုင်ရဲ့အလင်းရောင်အောက်မှာ တုန်းလုံးလဲနေသော ဦးဇင်းကြီးကို ကိုရင်တွေကနှိတ်ပေးနေလေသည်။
....
...သူတောင်းစားကြီးအပါအဝင်...ရွာလူအုပ်ကြီး ကျောင်းပေါ်တက်လာတာကိုမြင်တော့ ဦးဇင်းကြီးက ချက်ချင်းငုတ်တုတ်ထထိုင်သည်။
.....ဘာကိစ္စလဲဟေ့....
...ဟိုက့
...ဘာသံကြီးလဲ..
...ဦးဇင်းကြီးအသံမဟုတ်ဘူး...
......ဦးဇင်းကြီးရဲ့နှုတ်မှထွက်လာသော ခက်သြသြအသံကြီးကြောင့် သတောင်းစားကြီးမှအပ အားလုံးလန့်သွားသည်။
.""...ကိစ္စကတော့ မင်းကိုဆုံးမဘို့ လာတာပဲ.....အခုချက်ချင်း ဦးဇင်းရဲ့ဂုတ်ပေါ်ကဆင်းစမ်း...""
....ဟေ...
...ဦးဇင်းရဲ့ဂုတ်ပေါ်မှာဘာကောင်ရှိလို့ဆင်းခိုင်းနေတာလဲဗျ......
.....ဘာလဲသူကြီး...
....ခင်များက မြင်ချင်လို့လား....?
....မြင်ချင်တယ်ဗျာ...
....ကြည့်ရဲလို့လား...?
....ကြည့်ရဲတယ်ဗျာ.....
....ခင်ဗျားရွာသားတွေကရော...?
....ကြည့်မယ်
....ကြည့်ရဲတယ်
....ပြပါ......
....ကောင်းပြီလေ......
...ထွက်တော့မပြေးကျနဲ့နော်.....အဲ့ဒါအရေးကြီးတယ်....
....ကိုင်း....
....ငါဆရာရဲ့အမိန့်.....
.....မြင်ချင်စိတ်ရှိရင် မြင်စမ်းဟဲ့....မကွယ်နဲ့ မဝှက်နဲ့......ဥုံ......
.....အားး
...အမလေးးး
...သရဲကြီးဟ
...မဟုတ်ဘူး....တစ္ဆေကြီး...
...သ.....သဘက်ကြီး......
...မြင်လိုက်ရသည်က ဦးဇင်း၏ဂုတ်ပေါ်မှာခွထိုင်နေသော အကောင်မဲမဲကြီးတကောင်.....ထိုင်နေသည့်အနေထားပင် ကျောင်းမျက်နှာချပ်နှင့်ထိလုထိခင်...
..တင်းတောင်းခန့်ရှိသောမျက်နှာကြီးမှာ...မျက်လုံးနီနဲ့လျှာနီကြီးက မြင်ရသူအဖို့သွေးပျက်စရာပင်.....
...ဟေ့....အားလုံးငြိမ်ငြိမ်နေစမ်း...
...ခုချိန်ကစပြီး တယောက်မှဝင်မပြောနဲ့..
.........
........ဟုတ်...ဟုတ်ကဲ့.....
....""..ဟေ့..တစ္ဆေကောင်...
......ဒီဦးဇင်းကို ဘာ့ကြောင့်နှိပ်စက်နေတာလဲ....နင်ပြုတဲ့အမှု နင်ပြန်ခံရမယ်နော်....နင်လုပ်နေတာ ဘုရားသားတော်ရဟန်းတပါးဆိုတာရောသိလား.....အခုချက်ချင်းဆင်းမလားမဆင်းဘူးလား....
....မဆင်းဘူး.....
...လုံးဝမဆင်းဘူး.....
...ကောင်းပြီလေ.....
...နင်မဆင်းရင် ငါက ဆင်းအောင်လုပ်ရမှာပေါ့....
....ကိုင်း.....
....မြေဖုတ်ဘီလူးရေ.....သံဃာကိုနှိပ်စက်နေတဲ့ ဒီ မကောင်းဆိုးဝါးကို လာပြီး ဆုံးမလိုက်စမ်း....ဥုံ---------------
...သတောင်းစားကြီးဟာ စောနကယူလာသောမြေတဆုပ်ကိုဂါထာမန်းပြီး ကျောင်းပေါက်ဝသို့ပက်လိုက်သောအခါ....
.......ဂါးးးဂီးးးအူးးးဝူးးး
......ဖြော.....ဗြော.......ဖရော...ဝုန်း.......
...... တင်းပုတ်ကြီးတခုကိုထမ်းပြီး ကျောင်းပေါက်ဝမှတက်လာသော ဖြူဖြူကောင်ကြီးဟာ ဦးဇင်းရှိရာသို့သွားပြီး သူ့ရဲ့ဧရာမတင်းပုတ်ကြီးဖြင့် ဂုတ်ပေါ်ကမဲမဲကောင်ကြီးကိုထုချလိုက်လေသည်။
....အုန်းး
...ဂျိမ်း....ဒိန်းး
...ဆင်းစမ်း...
....ဘုန်း.......
....ခုချက်ချင်းအောက်ဆင်းစမ်း
.....ဝုန်းးး
...ဂါးးးအူး
....းဝူးးးဝုန်းး
...သေပါပြီ.....ကြောက်ပါပြီ.....
...ဆင်းပါတော့မယ်....
....မထုပါနဲ့တော့.................
....တစ္ဆေကြီးဟာ မြေဖုတ်ဘီလူးကြီးရဲ့တင်းပုတ်ဒဏ်ကိုမခံနိုင်တော့ပဲ ဦးဇင်းရဲ့ဂုတ်ပေါ်မှ ခုန်ချ
ရလေတော့သည်။
....တော်ပေတော့....တန်ပေတော့....
...ဒီအကောင်ကိုမေစရာရှိသေးတယ်
....လာလမ်းအတိုင်းပြန်ပေတော့ မြေဘီလူးကြီး......
__________________
......ကိုင်း....
....ခုလိုလုပ်ရတဲ့အကြောင်းရင်းကိုပြောစမ်းပါဦး....ဒီဦးဇင်းနဲ့ နင် ဘာဖြစ်ထားလဲ...
......ငါ့ကိုနှိတ်စက်လို့ ပြန်ပြီးနှိတ်စက်တာ....ဒင်းကိုသေတဲ့အထိလုပ်ဘို့ဆုံးဖြတ်ထားတာ .......
....ဘာကွ....ဒီဦးဇင်းက နင့်ကို ဘယ်လိုနှတ်စက်လို့လဲ...ပြီးတော့ နင့်နာမည်ဘယ်သူလဲ.....
...အေး....ငါ့နာမည်က ငမုတ်.....ဂျပန်ခတ်ထဲကတစ္ဆေဖြစ်နေတဲ့ကောင်ပဲ.......ငါနေတဲ့အပင်ဟာ ဒီဦးဇင်းရဲ့ သင်္ကန်းကြောင့် ငါ နေလို့မရတော့ဘူး.....ဒါ့ကြောင့် နေစရာမရှိတဲ့အတူတူ ဒီဦးဇင်းရဲ့ဂုတ်ပေါ်ကိုလာနေတာ.....
......ဟေ......
.....နင့်အပင်နဲ့ ဒီဦးဇင်းရဲ့သင်္ကန်းက ဘာဆိုင်လို့လဲ.....ရှင်းအောင်ပြောစမ်း....
.....အေး....နင့်ရွာက ကာလသားတသိုက်က အရင်စတာပဲ....
.....လွန်ခဲ့တဲ့၁၀ရက်လောက်က
...ငါနေတဲ့ဘုံမဲဇာပင်ကို ဘောလုံးကွင်းမှာ ဂိုးတိုင်လုပ်ဖို့ဆိုပြီး လာလှဲကျတယ်.....အဲ့ဒါနဲ့ ငါလဲ သစ်ကိုင်းချိုးချပြီးခြောက်လွှတ်လိုက်ရော.....ဒါကို ဒင်းတို့က မကျေမနပ်လို့တဲ့....ငါ့အပင်ကိုသင်္ကန်းတထည်ယူလာပြီး လာပါတ်တယ်....ပြီးတော့ ကမ္မဝါတွေရွတ်ပြီး ငါ့ကိုနှင်တယ်........
....ဒီတော့ ငါလဲ နေလို့မရတော့ဘူး.......
....နေလို့မရတဲ့အတူတူ ဒီသင်္ကန်းပိုင်ရှင်ကိုပြန်နှိပ်စက်မယ်ဆိုပြီးလိုက်လာတာပဲ.....ဖြစ်ချင်တော့ အဲ့ဒီနေ့မှာ ဦးဇင်းကလဲ အာပါတ်များပြီး ကံအတော်နိမ့်နေတယ် ....ဒါ့ကြောင့် အခုလို လုပ်ခွင့်ရသွားတာ..........
.......ဟူးးး
....ပြသနက ဒီလိုကိုး......
...
....သူကြီး....
...အဲ့နေ့က အဲ့အပင်ကိုသွားလုပ်တဲ့ ကာလသားတွေကိုခေါ်လိုက်ဗျာ.....
...တခါထဲရှင်းရအောင်.....
.....သူကြီးခေါ်လိုက်သဖြင့်.....
...ကာလသားခေါင်းဆောင်တင်လှ၊ပိန်ရိုး၊ဝင်းမောင်နဲ့စံလှတို့၎ယောက် ရှေ့ထွက်လာသည်။ သူတို့ကိုစစ်လိုက်တော့ တစ္ဆေငမုတ်ပြောသလိုကွက်တိမှန်နေသည်။ သင်္ကန်း နဲ့ ကမ္မဝါတွေကို ဦးဇင်းမသိအောင်ယူပြီး ဒေါသအလျှောက်လုပ်မိတာတဲ့လေ....
......အေး.....
...မင်းတို့လူငယ်တွေ အတော်ဂွကျတာပဲ...
....တစ္ဆေတကောင်မှာ အပင်တပင်ရဖို့ဆိုတာ မင်းတို့ အိမ်တလုံးဆောက်သလိုမလွယ်ဘူးဟ...
.....မင်းတို့မဆင်မချင်လုပ်တာနဲ့ ပြသနာတွေကရှုတ်ကုန်တာ....ခုရော..အဲ့အပင်ကိုလဲလိုက်ပြီးပြီလား...
...ဟင့်အင်း....မလှဲရသေးဘူး
...မလှဲရဲကျလို့ပါ....
...အေး...ဒါဖြင့် အဲ့အပင်မှာပါတ်ထားတဲ့သင်္ကန်းကိုခုချက်ချင်းသွားခွာ....
....ဟုတ်...ဟုတ်ကဲ့.......
....ကဲ...တစ္ဆေကြီးငမုတ်ရေ.....နင့်အတွက်နေစရာပြန်လုပ်ပြီးပြီ....အဲ့အပင်ကိုလဲ ရာသက်ပန်ဘယ်သူမှမခုတ်ရလေအောင် သူကြီးအမိန့်နဲ့ကြေငြာလိုက်ပါ့မယ်....နင့်နေရာနင်ပြန်တော့...........ဒီကျောင်းဒီကန်မှာ အလှူလုပ်လို့အမျှဝေရင် သာဓုလိုက်ခေါ်ချေ....မသိပဲမနေနဲ့၊မကြားပဲမနေနဲ့...
.....ကျေး...ကျေးဇူးပါအဘ....
...ပြုခဲ့ဘူးတဲ့ အပြစ်တွေအတွက် ဦးဇင်းနဲ့အဘကို ရှိခိုးပြီးတောင်းပန်ပါတယ် အဘလျှောက်တဲ့ဝိဇ္ဇာလမ်းမှာလဲ အနှောက်မယှက်ကင်းကင်းနဲ့ ဉာဏ်အလင်းတွေပွင့်လင်းပါစေ......
....သာဓု...သာဓု...သာဓု....
...သွားပေတော့ တစ္ဆေကြီးငမုတ်ရေ......
......တစ္ဆေကြီးငမုတ်ဟာ ဦးဇင်းနဲ့ အဘ ဆိုသော သူတောင်းစားကြီးကိုကန်တော့ပြီး ကျောင်းပေါက်ဝမှ ခုန်ဆင်းသွားလေသည်။
...........နောက်နေ့မနက်မှာတော့ ရောဂါပျောက်ကင်းသွားပြီဖြစ်သော ကျောင်းထိုင်ဘုန်းကြီးဦးဇင်းနဲ့အတူ တရွာလုံးကို နှုတ်ဆက်၍တရွေ့ရွေ့ထွက်ခွာသွားသော အဘဆိုတဲ့သူတောင်းစားကြီးကို ညောင်ဝိုင်းတရွာလုံးက ကျေးဇူးတင်သောအပြုံးများနှင့် လက်ပြနှုတ်ဆက်ရင်း...............................
...............
....................( ပြီးပါပြီ)
#Credit
No comments:
Post a Comment