ရုတ်တရက်လက်သွားသော လျှပ်စီးကြောင်းကြီး။ ထို့နောက် အုန်း ဂျလုံး ဆိုသော အသံ ကြီး နှင့် အတူ ဟီးချလိုက်လေသော မိုးပေါက် ကြမ်းကြမ်းတို့က ရွာဦးကျောင်း လေး ၏ မိုးလေမလုံရှာသော သွပ်ခေါင် ပေါ် သို့ ခုန်ဆင်းလာခဲ့ကြလေသည်။
အချိန်ကား ည ၁၁ခွဲ ၁၉၈၀ ခုနှစ် စက်တင်ဘာလ နေရာကား ဧရာဝတီတိုင်း မှ ခပ်စုတ်စုတ် ရွာလေးတစ်ရွာ။အိမ်မြှောင် တစ်ကောင် ရဲ့ စုတ်သပ် အသံနဲ့ အတူ
ကပ္ပိယ ကြီး ဖိုးဖြူ လန့်နိုးလာသည်။ အောက်လင်းမီးအိမ်လေးကိုယူပြီး ပျံလွန်တော်မူသွားလေသော ကျောင်းထိုင်ဆရာတော်ဘုရား၏ အိပ်ခန်းဘက်သို့ ဝေ့ဝိုက်ကာ
ကြည့်လိုက်သည်။ပါးစပ်ကလဲ တီးတိုးရေရွတ်ကာ
(အရှင်ဘုရား တပည့်တော်တို့ကို စောင့်ရှောက်ပေးပါ ဘုရား မခြောက်လှန့်ပါနဲ့ ဘုရား)။
အုန်း!!!!!!!!!! ... ပင်မ ကျောင်း ၏ တံခါး ကြီး ၂ချပ် မိုးလေ သည်းသော အရှိန်ကြောင့် ရိုက်ခတ်နေ၏။
ကပ္ပိယ ကြီး လဲ တုန်ချိ တုန်ချိ နဲ့ တံခါးကြီးကို သွားပိတ် စဉ် မူလကျောင်းထိုင် ဆရာတော် ၏ အိပ်ခန်း တံခါး သည် သူ့အလိုလို ပွင့်လာ ၏။ တခဏ အကြာ ဂျုန်း ဂျ လုံး ဆိုသော မိုးကြိုးပစ်သံ နှင့် အတူ ရီသံကြီးက
ချောက်ချားဖွယ်ည နက်ကြီးထဲ တွင် ကျောင်းဆောင် တစ်ခုလုံးကို ဖုံးလွှမ်းသွားလေသည်။
ဟား ဟား ဟား ဟား ဟား ဟား
ကျောင်းဆောင် က အပေါ် အောက် ၂ထပ် ဖြစ်ပြီး အပေါ်က hall ခန်း နှင့် ကျောင်းထိုင်ဆရာတော် အိပ်ခန်း သာရှိလေသည်။ဘုရားခန်းကတော့ hall ထဲမှာပင်.
အောက်ထပ်မှ ကိုရင် ကြီးငယ်များ အီးတောင် ကျယ်ကျယ်ပင်မပေါက်ရဲ စောင်သာခြုံကွေး၍ သံဗုဒ္ဓေ ကို ပွစိ ပွစိနဲ့ ရွတ်ကာ မိုးစင်စင်လင်းခဲ့တော့သည်။
အာရုဏ်ကျင်း ၍ လင်းရောင် ပေါ်လေပြီ။ မနက် ၅နာရီ ကပ္ပိယကြီးနှင့်အတူ ကိုယ်တော် တပါးက
အာရုဏ်ဆွမ်း ဘုဉ်းပေးရန် ပြင်ဆင်နေကြသည်။
ဘုန်းကြီးကျောင်းသား က ၂ယောက် ရှိသည်။ ငပိန် နဲ့ ငခွေး တဲ့ လေ ရုပ် တွေ က တော့ ဂြိုလ်သား နဲ့ အီးတီ ရောကျိတ်ထားတဲ့ ရုပ်တွေပေါ့။ကျောင်းသား ၂ယောက် ကတော့ ရစ်သီ ရစ်သီ နဲ့ ဟိုလုပ် ဒီလုပ် ပေါ့။
ငပိန် နဲ့ ငခွေးရေ မင်းတို့ ရွာထဲ က အရီးမြ အိမ်ကိုသွားပြော၊ ဒီမနက်ကြွမဲ့ ခရီးသွားဆရာတော်ကို တို့
ကျောင်းမှာပဲ ကျိန်းပါလို့။ကပ္ပိယကြီး က ပြောသာပြော
လိုက်ရသည် စိတ်ထဲဘဝင်မကျ။ဟိတ်ကောင်လေးတွေ
ပါးစပ်ယားပြီးနော် ဘာညာတွေ လျှောက်မပြောခဲ့နဲ့။
ဟုတ် ဘကြီး။
ငပိန်နဲ့ငခွေးကတော့ စိတ်ထဲတွေးနေသည်။ ဟိဟိ ခရီးသွားဘုန်းကြီးတော့ ဒီညနာပြီ ငါတို့ကတော့ အေးဆေးပဲ။အရီးမြကို အကျိုးအကြောင်းပြောပြီး ပြန်အလာ
ဘုန်းကြီးကျောင်းသို့မရောက်ခင် ခရေပင်ကြီးတွေ အောက်ရောက်သော် ငပိန်က ငခွေး ဟေ့ကောင်လာဟေ့ ခရေပန်း ကောက်မယ်။
အာ ကောက်ချင်ပါဘူးကွာ။ အဲ့ ခရေပင်ကြီးတွေမှာ သရဲတွေရှိတယ်လို့ ပြောကြတယ်ကွ။လာသာ လာစမ်းပါကွာ ကြာတယ်။ငခွေးက ကြောင်တောင်တောင်နဲ့ ဟိုကြည့် ဒီကြည့်နဲ့။ငပိန်ကတော့အေးဆေး ခရေပန်းတွေ ကောက်နေ၏။
ဖောက် ........ တောင်
အမေ့ သေဘီခဲနဲ့ထုတယ်။ ငခွေးခေါင်း အာလူးထွက်သွား၏။
ငပိန် က ဟေ့ကောင် ဘာဖြစ်လို့လဲ။
ဒီမှာ ထိပ်ဖူးသွားဘီ အီး ဟီး ဟီး။နောက်၁ ချက်တိန် ဟာ ဒီ၁ခါ ငပိန် ဂျိုစောင်း ကို direct hitထိပီး ငပိန်
်ဂျိုစောင်း ဖူးသွား၏။ငပိန်က ခဲလာရာကို မှန်းပီး ခါးကြားက လောက်လေးဂွ နဲ့ ပြန်ပစ်သည်။ ပစ်ချက်က တော့ကောင်းသည် သို့ပေမယ့် ထိသွားတာက ပျားအုံ ဟဲဗီးကြီးကို။
ဟာ ပြေး ဟ ငခွေးရ ပြေး
ဘုန်းကြီးကျောင်းကို ၂ကောင်သား ပုဆိုးခေါင်းမြီးခြုံ ပြီး သုတ်ချေတင်လိုက်ကြတာ ဖင်လေးတွေကို ပြောင် နေတာဘဲ။ ပျားတုပ် ထားတဲ့ဖုတွေက မနဲမနော။ကိုရင် တွေနဲ့ ဦးဇင်းတွေက ဝိုင်းရီကြသည်။
ဟားဟား ဟားဟား သရဲ က ခဲနဲ့ စတာကို မင်းတို့က
ဘယ့်နှယ့် ပျားအုံကိုသွားပစ်ရတာလဲ ဟား ဟား ။
နေ့ဆွမ်း စားချိန်အပြီးတွင် လာပါပြီ ခရီးသွား ဘုန်းကြီးတစ်ပါး။ကျောင်းရှိ ကိုရင် ကြီးငယ်များနှင့် ကိုယ်တော်တစ်ပါးက ကြိုဆိုပီးစကားစမြည် ပြောကြသည်။
အဲ့ဘုန်းကြီး က နယ်နယ်ရရမဟုတ်။ သရဲနိုင်တယ် ဘီလူးနိုင်တယ် အင်း အိုင် လက်ဖွဲ့  ဂါထာ ကျွမ်းကျင်တဲ့ ဘုန်းကြီး ဆိုလားပဲ။ဘုန်းကြီးလဲ ကျောင်းထိုင်ဆရာတော်ကို မေးသောအခါ တစ်ကျောင်းလုံးက တညီတညွတ်တည်း ဖြေသည်။ ဆရာတော် ဆုံးသွားတာကြာပီကော အခြောက်အလှန့် ရှိတယ်ကော။
အမလေး နဂိုကတည်းကမှ နာမည်ကလဲ ကြီးချင် ဇောနဲ့ အင်း အိုင် ဘုန်းကြီးဆိုတော့ ဘာပြောကောင်းမလဲ ကိစ္စ မရှိပါဘူး ရပါတယ်ပေါ့။
နေဝင်ရီတရော ညီအကိုမသိတသိအချိန် ကပ္ပိယကြီး က ခရီးသွားဘုန်းကြီးအား မူလဆရာတော် ကြီး ၏ အိပ်ခန်းကို လိုက်ပြသည်။ဆရာတော်ကြီးက စည်းကမ်းကြီးသည်။ ကျောင်းတွင်ရှိသောကိုယ်တော် တစ်ပါးက ကိုရင်ငယ်တွေ ကို စာအံခိုင်းသည်။ မရပါကဆရာတော်ကြီးကရိုက်သည်။ညဖက် အစားခိုးမစားရ စားရင် ရိုက်သည်။
ည ၇နာရီ ထိုးလေပီ ကျောင်းရှိ ကိုရင်ကြီးငယ်တွေနဲ့ ကျောင်းသားတွေ ဘုရားဝတ်တက်ကြလေ၏။
ခရီးသွားကိုယ်တော်ကား ဆင်းမလာ။ ကျောင်းရှိတဦးတည်းသော ကိုယ်တော်တစ်ပါးနှင့် အာရိုက်နေ၏။
မိုးလေက ငြိမ်သည် ညဥ့်က နက်သထက်နက်လာပြီး
တိတ်ဆိတ်မှု့ က ကြီးစိုးလာသည်။
ဘုရားဝတ်တက်ပြီးသော် ခရီးသွားကိုယ်တော်က ကျောင်းရှိ ကိုရင်ကြီးငယ်တွေကို သူဘယ်လိုမျိုးတွေ စွမ်းတာ ဘာညာနဲ့ပေါ့။အကြွားက သန်သည်။ကိုယ်တော် ဆို ထန်းပင်လောက်ရှိတဲ့ ဘီလူးကြီးကိုတောင် ဘယ်လို နိုင်ခဲ့တာ ဘယ်စုန်းကို ဘယ်လို နှင်ခဲ့တာ ဘာ အင်း နဲ့ ညာ အင်း နဲ့ ဘာ လက်ဖွဲ့  ညာ လက်ဖွဲ့တွေနဲ့ပေါလေ။
ကိုရင်ကြီးငယ်တွေက အားတက်ကြသည်။
အောက်ထပ်တွင် လေရိုက်နေသော သူတို့အုပ်စု အပေါ် တည့်တည့် အပေါ်ထပ် ကြမ်းခင်းပေါ်ကို အုန်း !!!! ဆိုပီး ဖနောင့်ဆောင့်ချ လိုက်ပီး တောက်!!!!! ခေါက်သံ အကျယ်ကြီးကို အားလုံးကြားလိုက်ရ၏။
ဖူး ဖလူး ရေနွေးတွေက ပေါင်ပေါ်ကို ဖိတ်ကျပြီး ခရီးသွား ကိုယ်တော်လန့်သွားသည်။
ဂစ် ... ဂစ် ... ဂစ် တပါးတည်းသော ကျောင်းနေကိုယ်တော် တက်နေပြီ။ကျောင်းသားတွေရော ကိုရင်ကြီးငယ်တွေပါ အကုန်စောင်ခြုံပြီး ပြေးအိပ်ကြတော့သည်။
အုန်း!!!!!! တံခါးကို စောင့်ပိတ်ကာ အသံအားလုံးတိတ်ဆိတ်သွားလေ၏။
ကပ္ပိယကြီးက မျက်နှာမကောင်းဘူး။ အရှင်ဘုရား တပည့်တော် မီးပြပေးမယ် လာလာအပေါ်ကို။
အာ ... ရပါတယ် ကပ္ပိယကြီးရဲ့ အောက်မှာကြိမ်းလဲ။
ရော ခက်ပီကော အရှင်ဘုရားရဲ့ အပေါ်မှာကြိမ်းပါ တပည့်တော်လဲ ရှိပါတယ်။
ကျွီ အီ အီ တံခါးကို ဖွင့်ကာ ကပ္ပိယကြီး အရင်ဝင်လိုက်သည်။ရတယ်ဘုရား ကောင်းကောင်းသာကြိမ်း တပည့်တော် ရှိတယ်။
ည ၁၁ နာရီ ကျောင်းအောက်မှ ခွေးတွေက ရုတ်တရတ် ကျောင်း၏ခေါင်းရင်းဘက်ရှိ ထန်းပင်ကြီးကို ထိုးဟောင်ကြသည်။ကပ္ပိယကြီးက သိပ်မကြောက်တတ်တော့ ကျောင်းအောက်ကိုဆင်းသွားပီး ခွေးတွေကို မာန်မဲ လိုက်၏။
အရိပ်မဲမဲကြီး ၁ခုက ကျောင်း၏ခေါင်းရင်းရှိ ထန်းပင်ကြီးပေါ်မှ တအိအိနဲ့ ဇောက်ထိုးဆင်းလာပီး ပြတင်းပေါက်မှတဆင့် ကျောင်းထိုင်ဆရာတော်ကြီး အိပ်ခန်းသို့ ဝင်သွားသည်။ခရီးသွား ကိုယ်တော်မှာ ချက်ချင်း အိပ်မပျော်နိုင်သေး တရားထိုင်နေလေ၏။
အိပ်ခါနီး ဘုရားစာလေးရွတ်ကာ မှေးနေစဉ် ကျောကုန်းကို လာတွန်း၏။
ဟ ဗုဒ္ဓေါ
နောက်တစ်ခါ ခြေထောက်ကိုဆွဲချ၏။ ဘုရား ဘုရား ဒုက္ခပဲ။သူဘေးစောင်းအိပ်နေသည်ကို နောက်မှ ကျောချင်းကပ်ထားသလို ခံစားရသဖြင့် နောက်လှည့်ကြည့် ဘာမှမရှိ။ နောက်လှည့်နေသော သူ့ခေါင်းကို ခေါက်သည်။
ဟာ မဖြစ်ဘူး မဖြစ်ဘူး ဘုရားစာရွတ်မှ ဣတိပိသော. . . . ခဏ ငြိမ်သွား၏။အခန်း တံခါးကို လာခေါက်၏။
ဒေါက် ဒေါက် ဒေါက် အဟမ်းဟမ်း ချောင်းဟန့်သံ။
ခရီးသွား ကိုယ်တော် တိုင်ပတ်နေလေပီ ဒုက္ခပဲ။
ကပ္ပိယကြီးကတော့ ကြောက်လို့ အိပ်ချင်ယောင်ဆောင်နေ၏။ခြေသံ ခပ်ပြင်းပြင်းတွေက တဖတ်ဖတ်နဲ့ အတိုင်းသား ကြားနေရ၏။ခရီးသွား ကိုယ်တော်လဲ အိပ်မရတော့။သရဲကခြောက်ပါတယ် ဆိုကာမှ အီးက ပါချင်နေသေးတယ်။
နေ့လည်ခင်းက အရီးမြတို့အိမ်မှ ကပ်သောဆွမ်းမှ ချဉ်ပေါင်ဟင်းအစွမ်းက ပြလေပြီ။ဂွပဲ ......... ဗိုက်အောင့်လိုက်တာ ....... အီးထွက်ကျတော့မယ်။အိပ်ခန်း တံခါး အဖွင့် ဖွင့်မရ ကြပ်နေသဖြင့် ကပ္ပိယ ကြီးကို အော်ခေါ်သည်။လုံးဝ မကြား အသကုန်အော်သည်။ပိုဆိုး ထပ်အော်သည် လုံးဝမတုန့်ပြန်။မထူးတော့ဘူး အီးကထွက်ကျတော့မယ် ဖြစ်ချင်ရာဖြစ်ဆိုပြီး ပခုံးနဲ့ အတင်းဆောင့်ဖွင့်လိုက်ရာ (အုန်း!!!!!!) (အုန်း!!!!!!!) (အုန်း!!!!!!!!) ..... ဝုန်းဆိုပီး တံခါးကြီးပါ ပြုတ်ထွက်သွား၏။
အောက်ထပ်က ကိုရင်ကြီးငယ်တွေနဲ့ ကိုယ်တော်တပါးတို့ လန့်နေလေပြီ။ ဒီတခါတော့ ပြေးကြဟေ့ ပြေးကြဟ တကယ်ချကုန်ပြီဟ။ ဘုရား ဘုရား အသကုန် ပွဲကြမ်းနေပါလား။ ဆော်ကုန်ပီထင်တယ် ဘုရား ဘုရားရေရွတ်သံနဲ့အတူ ကပ္ပိယကြီးလဲ ဒီတခါနောက်ဆုံးဘဲ နေရဲဘူးဆိုပြီး ကျောင်းအောက်အမြန်ဆင်း တုန်ချိ တုန်ချိ နဲ့ လစ်ပါလေရော။ခရီးသွား ကိုယ်တော် ခမျာလဲ
အား လား လား လား ပခုံးကိုနာသွားတာဘဲ တော်သေးတာပေါ့ တံခါးက အဆွေးကြီးမို့လို့။အိမ်သာသွားဖို့ ကပ္ပိယကို သွားနှိုးမှ။တွေ့ ပါပြီ ကပ္ပိယကြီး အိပ်နေတာ ။အီးကလဲ ထွက်ကျတော့မယ်။ကပ္ပိယကြီး ဦးဇင်းအိမ်သာသွားမလို့ မီးလေးပြပေးပါလား။
အ...ကျွတ် ....ကျွတ် ပခုံးကလဲနာလိုက်တာ။ကပ္ပိယ ယ ယ ယ ....အမ် ကပ္ပိယ လဲ မဟုတ်ပါလား။ဘာကြီးလဲ။ အမလေး. . .ဘေးစောင်းအိပ်နေတဲ့ သဘက်ကြီး က သူ့ ဘက်လှည့်လာပြီး ပါးစပ်ကြီးဖြဲ သန်းပြတာ။
အား!!!!!!!!!
ခရီးသွား ကိုယ်တော်ခမျာ ကျောင်းအပေါ်ထပ် ပြတင်းပေါက်ကနေ ခုန်ချလိုက်တာ အီးတွေပါ ထွက်ကျပြီး နောက်လှည့်မကြည့်ပဲ ပြေးလိုက်တာ ရွာသုံးရွာကျော်သွားမှ အမောစို့လဲကျသွားပါတော့တယ်။ အဲ့ဒီချိန်ကစပြီး ခရီးသွားကိုယ်တော်ခမျာ သုံးရွာကျော်ဆရာတော်ရယ်လို့ အမည်တွင်သွားပါတော့တယ်။
ပြီးပါပြီ။
Credit to Ju Juu
No comments:
Post a Comment