Saturday, May 4, 2019

ငသော်သေချောင်း

     ကောင်းကင်ယံထက်တွင်  ”ဂျိန်း ဂျိန်း”ဟူသောမိုးခြိမ်းသံများအဆက်မပြတ်ထွက်ပေါ်လာကာလျှပ်စီးများလည်းဝင်းလက်စွာဖြစ်ပေါ်နေလေသည်။မိုးကလည်းအငြိုးကြီးစွာ

ရွာသွန်းနေသော်ကြောင့်ချောင်းရိုးတစ်လျှောက်အုပ်မှိုင်းနေလေသည်။

အရာအားလုံးသည်မဲမှောင်အုပ်မှိုင်းနေချိန်တွင် လှေကလေးတစ်စင်းသည်

ချောင်းရေပြင်တွင်လူးလာဖြတ်သန်းနေလေသည်။လှေပေါ်ရှိလူတစ်ယောက်လည်းလှော်တက်ကိုကိုင်ကာချောင်းရေပြင်ကိုအံတုကာလှော်ခတ်နေလေသည်။မိုးများကလည်းအဆက်မပြတ်ရွာသွန်းကာမိုးခြိမ်းသံများလည်းဆူညံနေလေသည်။ထိုစဉ် လှေကလေးသည် ရုတ်တရက်လူးလွန့်ကာ ချောင်းရေပြင်ထက်တွင် နစ်မြှပ်သွားလေသည်။လှေပေါ်မှလူသည်လည်းလှေနှင့်အတူနစ်မြှပ်သွားလေရာလုံးလုံးမျှမတွေ့ရတော့ချေ။

          ”ငသော် အလောင်း ချောင်းထဲမှာတွေ့တယ်ဟေ့”

”ဟာ ဟုတ်ရဲ့လားကွာ ငသော်က ဝါရင့် ပိုက်သမားပါကွ””ဟာ မယုံလဲနေဗျာ ကျုပ်တောင်အခုပဲသူ့အလောင်းကိုကြည့်ပြီးပြန်လာတာ ”ဟုရွာထဲရှိလူများက

ဆူညံပွက်လောရိုက်ကာ ငသော်သေဆုံးသည့်သတင်းကိုပြောနေကြလေသည်။ငသော်၏အလောင်းကိုလည်းသွားရောက်ကြည့်ရှုကြသူများက”ငသော်သေတာရုပ်ပျက်ဆင်းပျက်ကွာ

ငါးမြှားချိတ်အာခေါ်ချိတ်ပြီးသေရတယ်လို့ကွာ”ဟုမှတ်ချက်ချကြလေသည်။ဟုတ်ပါပေသည်။ငသော်၏အလောင်းသည်ချောင်းရေပြင်ထက်တွင် ရုပ်ပျက်ဆင်းပျက်သေဆုံးနေလေသည်။သူ၏အာခေါင်တွင်ငါးမြှားချိတ်တန်းလန်းဖြင့်သေဆုံးနေကာ ကိုယ်ခန္ဓာအနှံကိုလည်း ငါးများကတွတ်ထားဆိတ်ထားသောကြောင့်ရုပ်ပျက်ဆင်းပျက်ပင်။ ငသော်သေသည့်ချောင်းကိုငသော်သေခေါင်းဟုခေါ်တွင်ကြလေသည်။ထိုချောင်းသည်။ပခုက္ကူ အနီး၊ချင်းတွင်းမြစ်အထက်ပိုင်း၊မဟာမြိုင်တောအနီးတွင်တည်ရှိလေသည်။

ငသော်သေဆုံးမှုသည်ဘာကြောင့်သနည်း။ 

.........အခုတလော ငသော်တစ်ယောက်ငါးဖမ်းရမည်ကိုပင်

စိတ်ပျက်နေလေသည်။ယခင်ကကွန်ပစ်လျှင်ငါးများအသင့်အတင့်မိလေသည်။ယခုရက်ပိုင်းတွင်ငါးများကိုလုံးဝဖမ်းဆီး၍မရဖြစ်နေလေသည်။ပိုက်ကွန်အတွင်းသို့ငါးများလုံးဝမရောက်ရှိကြပေ။

ထိုကြောင့်ငသော်တစ်ယောက်လွန်စွာစိတ်ညစ်ကာကြံရာမရဖြစ်နေ၏။

 ထ်ုနောက်ထုံးစံအတိုင်း လှေထဲတွင်ပိုက်ကွန်ထည့်ကာချောင်းရိုးအတိုင်းလှော်ခတ်လာလေသည်။

ထိုသို့လှော်ခတ်လာရင်း ငသော်၏စိတ်ထဲ၌အတွေးတစ်ခုဝင်းလက်စွာဝင်ရောက်လာလေသည်။

”ဟာ ဟုတ်ပြီ မြို့တော်ရှင် ရွာတော်ရှင်

တွေကိုတိုင်တည်တုတောင်းပြီးကွန်ပစ်ကြည့်မယ်ကွာ”ဟုဆိုကာလှေဝမ်းအတွင်းမှပိုက်ကွန်ကိုထုတ်ယူလိုက်လေသည်။ထိုနောက်ငသော်က”မြို့တော်ရှင် ရွာတော်ရှင် များခင်ဗျာ ကျွန်တော်အခုငါးဖမ်းမလို့ပါ ငါးရအောင်ကူညီစောင်မတော်မူပါ

လှေဦးပိုင်းငါးတွေပြည့်နေအောင်ရရင်တော်ပါပြီခင်ဗျာ”ဟုဆိုကာကွန်ပစ်လေသည်။(လှေတစ်စင်းတွင်းအပိုင်းသုံးပိုင်းခွဲခြားထားလေသည် လှေရှေ့ပိုင်းကို ဦးပိုင်းဟုလည်းကောင်း၊လှေဝမ်းပိုင်းကို

ပဲ့ပိုင်းဟုလည်းကောင်း၊လှေနောက်ပိုင်းကို မြီးပိုင်းဟုလည်းကောင်း ခေါ်ဆိုကြလေသည် ။ စာရေးသူစကားချပ်)

            ပထမဆုံးပစ်လိုက်သည့်ပိုက်

ကွန်အားပြန်လည်၍ဆယ်ယူရာငါးများ

အတော်အသင့်ပါရှိသောကြောင့်

ငသော်တစ်ယောက်ဝမ်းသာသွားလေသည်။”ဟာ ရွာတော်ရှင် မြို့တော်ရှင်တွေ ငါ့ကိုမစပြီးနဲ့တူတယ်

အရင်ကကွန်ပစ်ရင် ငါးသိပ်မရဘူး

အခုကျတော့ငါးအတော်ရသားပဲ”ဟုဆိုကာဝမ်းသားအူမြူးနေလေသည်။ထိုနောက်ကွန်နှစ်ကြိမ်ခန့်ပစ်ပြီးသောအခါ

ငါးအတော်အများရ၍လှေဦးပိုင်းသည်

ငါးများပြည့်လျှံသွားလေသည်။”ဟာ

လှေဦးပိုင်းတော့ငါးတွေပြည့်မောက်နေပြီ မထူးပါဘူးထပ်ပစ်မယ်ကွာ”ဟုကြုံးဝါးကာ”ကဲရွာတော်ရှင်တို့ရေ ကျွန်တော်

ရဲ့လှေပဲ့ပိုင်းတွင်ငါးများပြည့်မောက်အောင်လိုခြင်ပါတယ်ကူညီပေးပါအုန်း”ဟုထပ်မံတိုင်တည်ပြန်လေသည်။

          ထိုသို့တိုင်တည်ပြီးနောက်ပိုက်ကွန်ကို ထပ်မံပစ်လွှတ်လိုက်လေသည်။အတန်ကြာသောအခါပြန်လည်၍ဆယ်ယူရာ

ငါးများအလွန်းများပြားစွာဖမ်းမိသောကြောင့်လှေပဲ့ပိုင်းသည်တခဏချင်းပင်

ပြည့်လျှံသွားလေသည်။ထိုသို့ငါးများအတော်အများရရှိသော်လည်း ငသော်၏စိတ်ထဲတွင် မတင်းတိမ်သေးဘဲလောဘအရိပ်အငွေ့များတထောင်းထောင်းထလာကာ” ရွာတော်ရှင်တွေကူညီတုန်း အခွင့်အရေးဆိုတာရတုန်းယူထားရတယ် နောက်တစ်ခါထပ်တိုင်တည်မယ်ကွာ”ဟုကြံစည်လေသည်။”ရွာတော်ရှင်နဲ့ဆိုင်ရာများခင်ဗျာ  ကျနော်လှေမြီးပိုင်းမှာနေရာကျန်ပါသေးတယ် နောက်ထပ်ငါးများရရှိအောင်ကူညီပါးအုန်းခင်ဗျာ” ဟုဆိုကာထပ်မံ၍ပိုက်ကွန်ပစ်ဖမ်းလေသည်။ခဏကြာသော်ပိုက်ကွန်အားပြန်လည်ဆယ်ယူလိုက်သောအခါ

ငသော်တစ်ယောက်လွန်စွာဝမ်းသာသွားလေသည်။

ပိုက်ကွန်ထဲတွင်ငါးများပြည့်နှက်စွာဖမ်းမိနေလေသော်ကြောင့် သူ၏လှေမြီးပိုင်းပါငါးများဖြင့်ပြည့်လျှံသွားလေသည်။လှေသည်များပြားလှသော်ငါးများ၏အလေးချိန်ကြောင့်ချောင်းရေပြင်တွင်နှေးကွေးစွာဖြတ်သန်းနေလေ၏။ထိုစဉ်ကောင်းကင်ယံထက်တွင်

မိုးသားများမှောင်မဲကာမိုးခြိမ်းသံများမြည်ဟီး၍မိုးများသည်းကြီးမည်းကြီးရွာသွန်းလေသည်။ငသော်၏လှေငယ်လေးသည်လည်းငါးများအဆမတန်တင်ဆောင်လာသော်ကြောင့်သည်းထန်လှသောမိုးရေကြားတွင်လူးလွန့်ကာနေလေသည်။ကောင်းကင်ယံထက်တွင်မိုးခြိမ်းသံများဆူညံကာလျှပ်စီးများဝင်းလက်နေလေသည်။ထိုစဉ်လှေကလေးသည်လည်းငသော်၏လောဘကြောင့်ရရှိလာသည့်ငါးများ၏ အလေးချိန်ကိုအံမတုနိုင်ရှာဘဲ

ချောင်းရေပြင်ထဲသို့နှစ်မြှပ်သွားလေသည်။ငသော်သည်လည်း လှေငယ်လေး၏နှစ်မြှပ်မှုနှင့်အတူ

ချောင်းရေပြင်ထဲသို့သွေးရူးသွေးတန်း

နှစ်မြှပ်သွားလေတော့သည်။

        နောက်တစ်နေ့တွင် ငသော်၏အလောင်းသည်ရုပ်ပျက်ဆင်းပျက်အနေအထားဖြင့်ချောင်းစပ်တွင်ပြန်ပေါ်လာလေသည်။ငသော်သည်အာခေါင်တွင်ငါးမြှားချိတ်တန်းလန်းဖြင့်ရုပ်ပျက်ဆင်းပျက်အသက်ပျောက်ကာ

အသေမလှခဲ့ပေ။

       ငသော်သေပြီးနောက်ပိုင်းတွင်ထို

ချောင်းထဲရှိငါးများသည်လူသွားများ

သဏ္ဍာန်သွားများပါရှိကြလေသည်။

  ငါးတိုင်းလိုလိုပင် လူသွားများပါရှိကြလေသည်။ထူးဆန်းလှပေစွ။ငသော်သေသည့်ချောင်းဖြစ်၍

ငသော်သေချောင်းဟုခေါ်ဆိုကြလေသည်။ငသော်သေချောင်းရှိငါးများသည်လူသွားများပါရှိကြသည်ဟုဆိုကြလေသည်။လောဘသမားငသော်တစ်ယောက်ကတော့ ထိုချောင်းတွင် မကျွတ်မလွတ်ပဲရှိနေမည်ကိုတော့

ယုံကြည်မိလေသတည်း။


         {စစ်သူကြီး}

No comments:

Post a Comment

မိုင်တိုင် ၂၆ မှာ ခြောက်တဲ့ သားအမိ သရဲ

ကျွန်တော်က လားရှိုးသားဆိုတော့ လားရှိုးသားတွေ ထုံးစံအတိုင်း ဆိုင်ကယ် ကယ်ရီ စီးဖူးတာပေါ့..။ တရုတ်ပြည် ရွှေလီ၊ ကြယ်ခေါင်ထဲက တရုတ်ဆိုင်ကယ်တွေကို မြ...