စာရေးသူ-မှတ်စုလေး
(နှလုံးသားဖြင့် စာစီသည်)
နဂါးမောတ်ရွာလေးသည် သောက်ရေခပ်ချောင်း ဘေးတွင်တည်ရှိသော ရွာလေးတရွာ ဖြစ်သည်။ ကိုင်းများကျွန်းများ လည်းရှိကာ တောင်ယာလုပ်ငန်းလည်း လုပ်ကိုင်ကြလေသည်။ ရေခံမြေခံ ကောင်းသောကြောင့် စီးပွားရေး ဖြစ်ထွန်းသည်ဟု ဆိုရပေလိမ့်မည်။ ယခုအဖြစ်ပျက်လေးသည့် လွန်ခဲ့သော နှစ်၃၅နီးပါးလောက် ကဖြစ်ခဲ့ခြင်းဖြစ်ပြီး ဖြစ်ရပ်မှန် အကြောင်းအရာ တခုဖြစ်ပြီး စာပြန်စီလိုက်ပါသည်။ ယခုအခါတွင် သောရေခပ်တမံကြောင်း ရေလမ်းကြောင်းပြောင်းကာ ထိုစဉ်က ရှိခဲ့သော အရာများကို မတွေ့ရတော့ပေ။
ထိုအချိန်တုန်းက တောင်ငူသို့ ရေလမ်းကြောင်း ကုန်လမ်းကြောင်းဖြင့် သွားရောက်၍ရနေပြီး ဖြစ်သည်။ ယခုတော့လှေနှင့် သွားခြင်းမရှိတော့ပေ။ မင်းဒင်နှင့် လှနွယ်တို့ လင်မယားသည့် နဂါးမောတ် ရွာလေးတွင် နေထိုင်ကာ မိဘအမွေပေးခဲ့သော ကိုင်းပြင်ကျယ်ကြီးကို လုပ်ကိုင်ကြလေသည်။ စနေနေ့တရက်ကို လှေဖြင့်ဆန် ဆီ ဆား ငပိ စသောကုန်များ တင်ကာသောက်ရေခပ်ချောင်းအတိုင်း ဆန့်တက်သွားပြီး နဂါးမောတ်ရွာမှာ ၂နာရီခန့် ဆန့်တက်ရသော ချောင်းဖျားရှိ သရေဘာရွာ လွန်ဘူရွာတွင် ရောင်းချလေသည်။ ယခုအချိန်တွင် သောရေခပ်တမံ ကြောင့်လှေဖြင့် သွား၍မရတောပေ။ ဆိုင်ကယ်ဖြင့် သွား၍ရသေးသည်။
မင်းဒင်က တခါတလေ လှေကယ်ရီလိုက်လေသည်။ မင်းဒင်နှင့် လှနွယ်တို့သည့် မိဘအမွေ ပေးထားသော ကိုင်းထဲမှာ အလုပ်လုပ်နေစဉ် လှေက အသံများ ထွက်နေလေသည်။ တယောက်ယောက်က လှေကိုကျောက်ခဲဖြင့် ပေါက်နေသောအသံ များထွက်နေလေသည်။
'လှနွယ်……လှနွယ်… လှေက အသံတွေထွက်နေတယ် သွားကြည့်ပါဦး…'
ပေါက်တူးလေး ပစ်ချကာ လှေကမ်းကပ်ထားသော ကမ်းပါးသို့ လှနွယ်သွားလေသည်။ သိုသော်လည်း မည်သူကိုမျှ မတွေ့ရပေ။ လှေက အသံက ပျောက်သွားလေသည်။ မည်သူမျှ မရှိသောကြောင့် မိမိအလုပ်လုပ်ရာ နေရာသို့ပြန်လာခဲ့လေသည်။
'ဘာမှာမရှိဘူး ကိုမင်းဒင်' 'ဒါဆိုရင်တော့ လှေဌားခေါ်တော့မယ် ထင်တယ်' လှေကထိုကဲ့သို့ အသံထွက်နေလျှင် လှေဌားခေါ်မည့် လူများရောက်လာတက်လေသည်။
ပြောနေသော စကားများမဆုံးလိုက်ပေ။ 'ကိုမင်းဒင်… ကိုမင်းဒင်' 'ဘယ်သူလဲ ငါအနောက်မှာ ရှိတယ်လာခဲ့' 'ကျွန်တော် လှမြင့်ပါဗျာ' 'အေး လှမြင့်လာကွာ ဘာကိစ္စရှိလို့တုန်း' လှမြင့်က လမ်းလျှောက်လာရင် 'ကျွန်တော် ပြောင်းဖူးတွေ ချိုးထားတာ တောင်ငူသွားပို့မှာ လှေခေါ်ချင်လို့' 'ငါလှေက တောင်ငူထဲ ဝင်လို့မရဘူး စစ်တောင်းမြစ်ရေက သန်တယ်' 'သိပါတယ်ဗျာ ဒိုးသောင် တံတားနားကို ပို့ပေးဗျာ ပွဲစားက တံတားထိပ်က စောင့်နေမှာ' 'အဲ့ဒီဆို ရတယ် ဘယ်တော့သွား မှာလဲ' 'အခုပဲ သွားကြမယ်' 'လှနွယ် ငါလိုက်သွားဦးမယ် ဘာမှာလိုက်ဦးမလဲ' 'မမှာတော့ပါဘူး မြန်မြန်ပြန်လာခဲ့'
မင်းဒင်က ထွက်သွားပြီးဖြစ်သည့် နေ့လည်လောက်တော့ ပြန်ရောက်လာလေသည်။ ပြန်ရောက်လာသည့်နှင့် မနက်ဖြန် စနေနေ့ ဖြစ်သောကြောင့် သရေဘာရွာသို့ သွားရမည်ဖြစ်သောကြောင့် ကုန်ပစ္စည်းများ သွားဝယ်ရမည်ဖြစ်သည်။ ဒိုးသောင် တံတားမှာတဆင် ရွှေဈေးဟုခေါ်သော ရွာတွင် ကုန်ပစ္စည်းများ ဝယ်ယူကာ မိမိအိမ်ရှိရာ နဂါးမောတ်ရွာသို့ လှေလေးဆန့်တက်လာလေသည်။
မှောင်ခြေသန်းနေပြီး ဖြစ်သည့် လှေဌားလိုက်ထား သဖြင့်အချိန်က နောက်ကျနေသလို့ ဈေးဝယ်သည့်က တကြောင်း ထို့ကြောင့် မှောင်သွားခြင်း ဖြစ်သည်။ လှေမောင်းရသည်မှာ မှောင်သော်လည်း မင်းဒင်အတွက် ရေလမ်းကြောင်းက ကျွမ်းကျင်နေပြီး ဖြစ်သည်။ သို့သော်လည်း ကမ်းကပ်ရမည် ရေဆိပ်မှာ ခြုံများကြောင့် ကမ်းကပ်ရခက်နေလေသည်။ ထိုချိန်တွင် ရေဆိပ်အပေါ်မှာ ရေဆိပ်ကို ဆင်းသည့် လှေကားထစ်အတိုင်း မီးလုံးလေး တလုံးဆင်းလာလေသည့်။ ကမ်းကပ်ရန် အဝေးကပင် စဉ်းစားလာသော မင်းဒင် ရေဆိပ်ခပ်လှမ်းလှမ်းကပင် မီးလုံးကို မြင်နေရလေသည်။ ရေဆိပ်နား ရောက်ချိန်တွင် ထိုမီးလုံးမှာ ပိုမိုလင်းလာပြီး ရေဆိပ်ကို ရှင်းရှင်းလင်းလင်း မြင်နေရလေသည်။ လှေကမ်းကပ်သည့် အချိန်ထိ ထိုမီးလုံးက ရှိနေလေသည်။ မင်းဒင်နှင့် လှနွယ်မှာ ကြောက်သော်လည်း စိတ်ကိုထိန်းကာ လှေထဲမှာ ကုန်ပစ္စည်းများကို မိုးကာဖြင့် အုပ်ကာ ရေဆိပ်မှာ လှေကားထစ် အတိုင်းတက်သွား လေသည်။မီးလုံးက ရှေ့မှာတက်သွားလေသည်။ ရေဆိပ်ဘေးမှာ လက်ပံပင်ကြီး ပေါ်သို့တက်သွားလေသည်။ (ထိုကိုင်းကွင်းအကြောင်းနှင့် လက်ပံပင်အကြောင်းအား အလျဉ်းသင့်သလို့ ဖော်ပြပေးပါမည်)
နောက်ပိုင်းမှာ သိရသည့်မှာ တဖတ်ကမ်းမှာ လူများနေဝင်မှာ ရေချိုးလျှင် ထိုရေဆိပ်တွင် မီးလုံးအား အမြဲတွေ့ရသည်ဟု ဆိုလေသည်။ မင်းဒင်နှင့် လှနွယ်တို့သည့် ညစာထမင်းစားက မနက်သရေဘာရွာ သွားရမည်မို့ စောစောအိပ်ရကြ လေသည်။
'လှနွယ် ကြိုးတချောင်း မြန်မြန်ယူခဲ့ လှေမျှောနေပြီး' 'လာပြီး လာပြီး' မင်းဒင်က ကြိုးရသည့်နှင့် ပုဆိုးခါးတောင်ကျိုက်ကာ ရေထဲသို့ ခုန်ချသွားလေသည်။
'ကိုမင်းဒင် ဘာဖြစ်တာလဲ ထပါဦး' မင်းဒင်အိပ်ယာမှာ နိးသွားလေသည့် ဓါတ်မီးအတင်းဆွဲကာ ထပြေးသွားလေသည့် လှေဆီသို့ပြေးသွား ခြင်းဖြစ်သည်။ လှေကိုဓါတ်မီးဖြင့် ထိုးကြည့်သောအခါ ချောင်းရေက တက်ကာလှေကြိုးချည်ထားတာ တိုသောကြောင့် ဆွဲနစ်သလို့ ဖြစ်နေလေသည်။ ကြိုးကိုအတင်းဖြည့်ကာ ခပ်ရှေ့ ရှေ့ချည်လိုက်လေသည်။ သေချာစစ်ဆေးပြီးမှာ အိမ်ဆီသို့ ပြန်လာခဲ့လေသည်။
ထိုအိမ်မက်မျိုးမက်လျှင် လှေတခုခု ဖြစ်ကြောင်း မင်းဒင်သိနေပြီး ဖြစ်သည်။ ထို့ကြောင့်လည်း မင်းဒင်ဓါတ်မီးဆွဲကာ ထပြေးသွားရခြင်း ဖြစ်သည်။ ထိုညသည့် လှေအားရေဆိပ်တွင် နောက်ဆုံးတွေ့ရခြင်း ဖြစ်မည်ဟု သိလျှင် သရေဘာရွာသို့ သွားခဲ့မည် မဟုတ်ပေ။
မိုးလင်းတော့ ထမင်းစားသောက်ကာ သရေဘာရွာသို့ လှေဖြင့်တက်ခဲ့ကြလေသည်။ 'လှနွယ် ငါတို့ စောစောပြန်ရအောင် ငါစိတ်တွေလေးနေတယ်' 'အေးပါ… လွန်ဘူရွာက အကြွေးသွား သိမ်းပြီးပြန်လာရင် ပြန်ကြတာပေါ့' လှနွယ်မှာ အကြွေးများသိမ်းကာ သရေဘာရွာသို့ ပြန်လာခဲ့လေသည်။
ထိုနောက်လှေလေးဖြင့် ပြန်ဆုန်လာကြ လေသည်။ သရေဘာရွာအထွက် ကျော်လျှင် ကျားဖြူတောင်ကွေ့ကို ကျော်ပါက ပန်းတောင်း ခြေရင်းရှိ ရေလယ်ကျွန်းကို ကျော်လျှင် အေးအေးဆေး မောင်းသွား၍ရပြီး ဖြစ်သည်။ ယခုအချိန်တွင် ကျားဖြူတောင် သည့် သောက်ရေခပ်တမံ ကြီးရှိလေသည်။
လှေကို မောင်းလာသည့်မှာ ကျားဖြူတောင်ကို ကျော်လွန်လာပြီး ဖြစ်သည့် လှေထဲတွင် လူနှစ်ယောက်သာ ပါလေသည့် လှနွယ်မှာ ထိုးဝါးကိုင်ကာ လှေဦးတွင် မတ်တပ်ရပ်လျက် မင်းဒင်က စက်ကိုအရှိန်လျှော့လိုက်လေသည့် ရှေ့တွင် ရေလယ်ကျွန်းလေး ရှိကာကျွန်းနား ရောက်ခါနီးလျှင် ဝဲထနေသော ရေပြင်ရှိလေသည့် ထိုရေပြင်သည့် ကျွန်းဘယ်ဘက်ရှိ ရေလက်ကြာထဲသို့ တွန်းပို့လေသည်။ ကျွန်းဘယ်ဘက် ရေလက်ကြားကို လှေရောက်သွားပါက လှေအစအန ပင်ပျောက်ကွယ်သွားပေလိမ့်မည်။ ထိုဝဲထဲမှာ ညာဘက်ရေလက်ကြား သို့ရောက်ရန် ထိုးဝါးဖြင့် ထိုးကန်ပြီး စက်ကိုအရှိန် တင်ကာ မောင်းထွက်ရလေသည့် ထိုတွင်လည်း အန္တာရာယ်တခုက ရှိပြန်လေသည့် ဝဲမှာ လွတ်ထွက်သွားပါ မထွားကြီးကျောက်ဟု ခေါ်သောကျောက်ဆောင်ကြီးက ဆီးကြိုနေလေသည်။ မင်းဒင်နှင့် လှနွယ်အတွက် မထူဆန်းလှပေ။ ထိုကျောက်ကြီးနှင့် တိုက်မီကာ လှေများ ဖောင်များစွာ ပျောက်ဆုံးသွားဖူးလေသည်။ မင်းဒင်မောင်းလာသော လှေလေးသည် ဝဲကိုဖြတ်ထွက်နိင်ပြီး လှေဦးက မထွားကြီး ကျောက်ဆီသို့ ဦးတည်ထားလေသည်။
ထိုချိန်တွင် မမျှော်လင့်သော အရာတခု ဖြစ်လာလေသည်။ ချောင်းမငယ်ချောင်းဟု ခေါ်သောတောင်ကျချောင်းလေးရဲ့ တောင်ကျရေ အရှိန်ပြင်းစွာ ထိုးကျလာခြင်းပင် ဖြစ်သည်။ ဝဲကိုကျော်လာသော လှေလေးသည် ချောင်းမငယ်ချောင်း ရေထိုးချမူနှင့် လှေကိုကျောက်ဆောင်ကြီးကို လွှတ်ရန်ဘယ်ဘက်ကို အတိမ်း အားဖြင့်တွန်းလိုက်သကဲ့သို့ လှေလေးမှာ ကန့်လန့်ဖြစ်ကာ မထွားကြီးကျောက်ဆီသို့ အပြေးတပိုင် ဝင်ရောက်သွား လေသည်။ မင်းဒင်က စက်လှေကို ပြန်တည်ပြီး ကျောက်ဆောင်ကို လွတ်ရန်ကြိုးစား သော်လည်း ရေစီးသန်လာသောကြောင့် ပြန်လည်မတက်မတ်နိင်တော့ပေ။ အသက်ရှင်သန်ရေးတွက် ရေထဲသို့ လင်မယားနှစ်ယောက် ခုန်ချလိုက်လေသည်။ လှေကတော့ မထွားကြီးကျောက်နှင့် ဆောင့်ကာထက်ပိုင်းပိုင်းသွား လေသည်။
မင်းဒင်နှင်လှနွယ်လည်း ရေစီးဖြင့် မျောပါရာ အလိုက်သင့်ကူးရင်း ကျောက်နှင့်အလှမ်း မဝေးသည့်ကမ်းပါး တက်ခဲ့ကြလေသည်။ နောက်တနေ့တွင် ရွာမှာ လှေများခေါ်ယူကာ လိုက်လံရှာဖွေသော် အခါကျောက်ဆောင် ညာဘက်တွင် လှေပဲ့ပိုင်းကို ပြန်တွေ့ရလေသည်။ စက်ပင်မပါတော့ပေ။ တွေ့သောလှေတပိုင်းကို နဂါးမောတ်ရွာ ရေဆိပ်သို့ပြန်ယူလာခဲ့လေသည်။ လှေပြန်ယူလာပြီး ရေဆိပ်တွင် ထားပြီး နှစ်ရက်လောက်ကြာတော့ ညနေ နေဝင်မိုးချုပ်ချိန် မည်သူမျှ ရေးဆင်းမချိုးရဲပေ။ မေးကြည့်သောအခါ မိုးချုပ်ရေချိုးလျှင် လှေကြီးမှာ အသံများထွက်နေကြောင်း ပြောကြလေသည်။ လှေကြီးကို ကြည့်လိုက်လျှင် စိတ်ထဲတွင် တခုခုကို အလိုလိုကြောက်လာပြီး ကြက်သီးထလာကြောင်း ပြောကြလေသည်။
မင်းဒင်နှင့် လှနွယ်တို့သည့် လှေကြီးထက်ပိုင်းပိုင်း သည့်နေ့က စ၍ညတိုင်း လှေကြီးကို အိမ်မက်မက်လေသည်။ အိမ်မက်ထဲတွင် လှေကြီးက သွေးများထွက်ကာ အိမ်လှေကားကို လှေဦးတင်ထား သည့်ကို တပုံစံတည်း နှစ်ယောက်လုံး မက်လေသည်။
ထို့ကြောင့်လှနွယ်က ဘုန်းကြီးပင့်ကာ လှေကြီးကို ရည်းစူး၍ ဆွမ်းကပ်အမျှဝေပေး ခဲ့လေသည်။ ရှာတွေ့သော လှေတပိုင်း ကိုရေဆိပ်တွင် ထားရမှာ ကုန်းပေါ်တင်ပြီး မီးရို့ပေးခဲ့လေသည်။ ထူးဆန်းသည်မှ အမျှဝေပေး သည့်နေ့မှာ စတင်ကာ လှေကြီးကို အိမ်မက်မမက် တော့ခြင်း ပင်ဖြစ်သည်။
#ပြီးပါပြီး#
ကျွန်တော်မိဘနှစ်ပါး အိမ်ထောင်ကျကာ အိမ်ထောင်သက်တမ်း နှစ်နှစ်ကျော်ကျော်က ဖြစ်ပျက်ခဲ့သော အဖြစ်ပျက်ကို စာစီချယ် ရေးသားခြင်း ဖြစ်သည်။
No comments:
Post a Comment