ရွေမော်မြိုင် ရွာလေးသည် ကျေးလက်တောရွာပေမို့
ည(၁၀)နာရီကျော်နောက်ပိုင်း လူသံသူသံတိတ်ဆိတ်လျက်
ကိုယ်စီကိုယ်ငှ လယ်ယာ ကိုင်းကျွန်း အလုပ်များအတွက်
မနက်အစောကြီးထရန်ညဘက်စောစော
အိပ်ယာဝင်ကုန်ကြပြီဖြစ်သည်။
သို့သော် ရွာအလယ် ပိုင်းလောက်တွင် ရှိသော ကျယ်ဝန်းသော
ခြံဝိုင်း အတွင်းမှ နှစ်ထပ်ကျောင်းဆောင်တွင် အတွင်းမှ
စာသင်ခန်းနှစ်ခုတွင် မီးရောင်များထိန်လင်းစွာရှိနေလျက် ရှိနေပါသည်။
ရွာကျောင်းမှ အောင်ချက်ကောင်းစေရန်အတွက် ဆရာ
ဆရာမများ ဦးစီးလျက် ညကျောင်း စာဖတ်ဝိုင်း စီစဉ်
ထားသောကြောင့်ကျောင်းသား ကျောင်းသူများ
စာဖတ်သံများဖြင့်မြိုင်ဆိုင်နေလျက်ရှိသည်။
တမြန်နှစ်က အိမ်ခြေ (၃၀၀) ဆယ်တန်းကျောင်းသားကျောင်းသူ
အယောက် ၈၀ နီးပါးခန့် ရှိသော သူတို့ရွာက
ကျောင်းသားခြောက်ယောက်ခန့်လောက်သာ
စားမေးပွဲ သောကြောင့် ယခုနှစ်အောင်ချက်ကောင်းစေရေးအတွက်
အထူးစီမံချက် အနေဖြင့် ကျောင်းအုပ်ကြီး ဦးထွန်းမြင့်မှ ဦးစီး၍
စာမေးပွဲဖြေရန်တစ်လခန့်အလိုတွင် ညကျောင်းဖွင့်ခြင်းပင်ဖြစ်သည်။
ရွေမော်မြိုင်တွင်.....
အထက်တန်းကျောင်းရှိသော်လည်း စာစစ်ဌာန
ပါမစ်မကျသောကြောင့် ဆယ်တန်းစာမေးပွဲကို သူတို့ရွာလေးနဲ့
မိုင် [၃၀]ခန့်အကွာမြို့လေးတွင် စာမေးပွဲသွားစစ်ရသည်။
ယခင်နှစ်ထက်ကျောင်းသားများအား ကျောင်းမှ
ဆရာဆရာမများကိုယ်တိုင် ကြပ်မတ် သင်ကြားပေးနေခြင်းပင်ဖြစ်သည်။
ညကျောင်းအတွက် အထူးတလည် စီမံနေရာချစရာမလိုပဲ
ဆယ်တန်း ကျောင်းသားများက သူတို့အခန့်အပြင်
လွတ်နေသော ကိုးတန်းခန်းကိုပါယူလျက်
အဖွဲ့ နှစ်ဖွဲ့ ဖြစ်၍ တစ်ခန်းစီကွဲသွားသည်။
မိန်းခလေးများကားသိပ်မများတာကြောင့်
ရှစ်တန်းအခန်းမှာပဲစုနေကြသည်။
ကျောင်းဖွဲ့စည်းပုံကား ရှေးဟောင်းလက်ရာများဖြင့်
တည်ဆောက်ထားသော သစ်သားကျောင်းတစ်ဆောင်ပင်ဖြစ်သည်။
အောက်ထပ်တွင် ၃.၄.၅.၆.ရှိပြီးအပေါ်ထပ်တွင် ၇.၈.၉.၁၀.ရှိသည်။
မူလတန်းကျောင်းလေးကာ ကျောင်းကြီးနဲ့
ခပ်လှမ်းလှမ်းအကွာလောက်တွင် ရှိနေသည်။
ည.၇နာရီ ကျောင်းသို့ ရောက်အောင်လာ ၈ နာရီ စာစကျက်
၁၂.နာရီအိပ် မနက်လေးနာရီထဖြင့်စာကျက်ချိန်သတ်မှတ်ထားသည်
အိပ်သည့်နေရာကား စာသင်ခုံများဘေးဖယ်လျက်
အခန်းအလယ်တွင်ပင်စုအိပ်ကြခြင်းပင်ဖြစ်သည်။
မီးအတွက်မူကား ကျောင်းရှိတရုပ်နီမီးစက်ကြီးအားကျောင်းသားများ
ဆီဖိုးစုပေါင်းကာ.... မီးစက်အား တာဝန်ယူထားသူမှာ
ကျောင်း ဒရ၀မ် ဌေးအောင်ပင်ဖြစ်သည်။
ဒီလိုနဲ့ ညကျောင်းတက်ပြီး နှစ်ပတ်ခန့် အကြာမှာ
ဒီဇတ်လမ်း စတင်လာခြင်းဖြစ်သည်။
ကျောင်းအုပ်ကြီးမြို့နယ်အစီးအဝေးရှိ၍ ကျောင်းတွင်မရှိခိုက်
အခန့်စောင့် ဆရာကလည်း မလာသောကြောင့် တဖက်ခန်းမှ
ဆရာနှစ်ယောက်ထဲမှတစ်ယောက်အခန်းစောင့်ရောက်လာခဲ့သည်။
ထိုဆရာကား စာသင်ကောင်းသော်လည်း ညနေတိုင်း
ဆေးဖြစ်ဝါးဖြင့် မှီဝဲတတ်သောအခါ ည ၁၀ နာရီခန့်မှာပဲ
အရှိန်တက်ကာအိပ်ပျော်သွားပါတော့သည်။
ဆရာအိပ်ပျော်သွားသော မြင်ကွင်းအားကြည့်ကာ
သဘောအကျကြီး ကျနေသော သူသုံးယောက်က ရှိနေပါသည်။
ထိုသုံးယောက်ကား ကျောင်းသားဆိုးစရင်းဝင်
သုံးယောက်ပင်ဖြစ်သည်။
သူတို့သုံးယောက်နာမည်ကား.....
မင်းကို...
မောင်ထူး
ကျော်ဝင်း
သကောင့်သားသုံးကောင်ကား နဂိုကတည်းကပင်
အကြံအစည်ရှိထားကြသူများပင်ဖြစ်သည်။
ဟိုနေရာ စပ်စပ် ဒီနေရာ စပ်စပ် ပါတတ်သော မောင်ထူးကား
လူကြီးများ ခုံဖြင့် သရဲခေါ်သောအကြောင်းကို ပြောပြထားသည်
မှာကြာပြီ ဟိုနှစ်ကောင်ကလည်း သူပြောသမျ စိတ်ဝင်တစားမျက်လုံးလေးပေက
လပ်ပေကလပ်လုပ်ကာ နားထောင်နေကြသဖြင့် သူလည်း
ရွာထဲမှာ ကာလသားများဖြင့် ခုန်သရဲတခါခေါ်လိုက်ဖူးခြင်းကို အစမှအဆုံး
အဆုံးမှအစဖန်တရာတေအောင် ဒီနှစ်ကောင်အား ပြောပြဖူးသဖြင့်
ဟိုနှစ်ကောင်က သူ့အားဆရာတင်ကာ သူတို့လည်း ခုန်သရဲ ခေါ်ဖူးခြင်ကြောင်း
ပြောနေကြသဖြင့် သာကဆရာကြီးလုပ်ကာ ယနေ့ညကိုရွေး
ထားခြင်းဖြစ်သလို အခန်းစောင့်ဆရာကပါ အစောကြီးအိပ်ပျော်သွားခြင်းကြောင့်
ဘယ်သူမှမရိပ်မိအောင် ခနအသာနေကြရင်း တစ်ယောက်ဆီ
အပေါ့သွားသလို ဘာလိုလုပ်ရင်းအားလုံး
အားလုံးကျောင်းအောက်တစ်နေရာတွင်
စုလိုက်ရင်း ရွာလယ်လမ်းမှတနေရာမှ ဒေါဘုမ
အကြော်ရောင်းသော ခုံနဲ့ အကြော်ကြော်သော
မီးဖို မှ အုပ်နီခဲနှစ်ခဲအားယူလိုက်ကြရင်း
လသာသာဖြင့်သုံးယောက်သား ခုံကိုနှစ်ယောက်မ
အုပ်နီခဲတစ်ယောက်ကိုင်ရင်း သုံးယောက်သားလသာသာဖြင့်
ရွာပြင်သင်္ချိုင်းဆီသို့ ချီတက်ခဲ့ကြတော့သည်။
တကယ်ကခုံသရဲခေါ်သည်ဆိုရာတွင်
ခြေလေးချောင်းပါ ခုံတလုံးအား အုပ်နီခဲခု၍ ခုံခြေထောက်နှစ်ဖက်အား
ဒီအတိုင်းထားကာ ခုံသရဲဝင်လာပါက ဘယ်နှစ်နှစ်နေရင်
အိမ်ထောင်ကျမယ် စာမေးပွဲအောင်မယ် မအောင်ဘူး
အောင်မယ်ဆို ခုံခြေထောက်မြေကြီးနဲ့
ဘယ်နှစ်ချက်ခေါက်ပြ မအောင်ဘူးဆိုရင် မခေါက်ပြနဲ့
စသောကစားနည်းဖြစ်သည်။
သကောင့်သားသုံးယောက်သည် ရွာပြင်လယ်ကွင်းကြီး
အားဖြတ်လာကြရင်း တောစပ်ဘေးရှိသင်္ချိုင်းကုန်း
အစပ်မြေညီညီ ညာညာရှိသောနေရာအားရွေးရင်း ခုံအားချပြီးတော့
အုပ်ခဲများခုလိုက်ကြရင်း..မောင်ထူးက သူ့ငှက်ပျောဖက်ဖြင့်
ထုတ်လာသော အထုပ်တစ်ခုအားခုံပေါ်တင်ကာဖွင့်လိုက်သည်၊
အမဲသားများပင် ညနေကတည်းက အိမ်မှခိုးထည့်လာခြင်းပင်ဖြစ်သည်။
"ကဲ မင်းတို့ လက်ဝါးနှစ်ဖက် မှောက်ပြီး ခုံပေါ်တင်ထားကြ
ခုံနဲ့ ထိတယ်ဆိုရုံဖွဖွလေးနှော် ....
မောင်ထူးကပြောရင်းဆိုရင်း သူကိုယ်တိုင်လက်ဝါးမှောက်တင်
လိုက်ရင်းလက်သန်းခြင်းထိစပ်စေကာ ခုံအလယ်ရှိ
အမဲသားပုံအားဝိုင်းလိုက်ရင်းသူနဲ့ မင်းကိုကြားမှ
တစ်နေရာအားလက်သန်းမဆက်ပဲ ၀င်ပေါက်
ဖွင့်ထားလိုက်ရင်းသင်္ချိုင်းကုန်းအတွင်းလှမ်းမျော်ကြည့်လိုက်ကာ.......
"ကဲကျွန်တော်တို့ ဒီသင်္ချိုင်းကုန်းအတွင်းမှာ ရှိတဲ့ မစားရ
မသောက် ရဖြစ်နေသော ပုဂ္ဂိုလ် များရှိပါက ကျွန်တော်တို့
ကျွေးမွေးနေသော အစာအစာများလာရောက်
စားသောက်နိုင်ပါတယ် ကျွန်တော်တို
့ ကျွေးမွေးသောအစာများအားမည်သူမဆို
လာရောက်စားသောက်နိုင်ပါတယ်.....
တိတ်ဆိတ်နေသော ညမှာ မောင်ထူးရဲ့ တုန်တုန်ယင်ယင်
သရဲခေါ်သံက ည၏အမှောင်အားထိုးခွင်း၍ ထွက်ပေါ်လာသည်။
သူကဟိုနှစ်ကောင်ရှေ့မှာသာ ဆရာကြီးလုပ်နေရတာ
သူကြောက်လန့်စိတ်ဖြင့် နောက်ကျောမလုံသလိုခံစားနေကသည်။
"ရောက်ပြီဆိုရင် ခုံကို ခပ်ကြမ်းကြမ်းတချက်ဘယ်ညာယိမ်းပြပေးပါ....
ဟေ့ကောင် ငါကပိတ်ဆိုတာနဲ့ မင်းနဲ့ငါဖွင့်ထားတဲ့
လက်သန်းချင်းဆက်လိုက်နှော်....
မောင်ထူးက သရဲခေါ်နေရင်းမှ သူနဲ့ မင်းကို ကြားလက်သန်းချင်း
မဆက်ပဲထားသောနေရာအားပိတ်ရန်သတိပေးနေသည်။
အခြေအနေကားထူးခြားမလာပေ။
မောင်ထူးလည်း နောက်တကြိမ်အစောနကတိုင်းထပ်ခေါ်လိုက်သည်
ခုံအားရောက်မရောက်လူပ်ပြခိုင်းသည်။
ခုံကားတုပ်တုပ်မျပင်မလူပ်...
မောင်ထူး ချွေးပင်ပြန်လာချေပြီ ....
တခြားသူများနဲ့ သွားခေါ်စဉ်က သူကနောက်လိုက်အဖြစ်ဖြင့်
တခြားသူများသရဲခေါ်ပုံခေါ်နည်းမှတ်သားထားကာခေါ်နေသမျ
သူ့အလှဲ့ကျမှမရသောအခါ
ခြင်ကိုက်ဖြုတ်ကိုက်ခံပြီးဆောင့်ကြောင့်ထိုင်နေသော
ဟိုနှစ်ယောက်ကလည်း ညောင်းလည်းညောင်းစိတ်လည်းတိုနေကြချေပြီ....
"ကဲမောင်ထူး မင်းပြောတော့ မိုးလားကဲလားတွေခုတော့
အခြေအနေကလည်း ဘာမှမထူးပါလားကွ ဒီမှာဖြုတ်
ကိုက်ခြင်ကိုက်ခံရလို့ သွေးတောင်ခမ်းနေပြီလားမသိဘူး.
.ညောင်းလည်းအတော်ညောင်းနေပြီ.....
ညည်းညူ သံကြောင့် မောင်ထူးမှာ ဘာမှမပြောသာတော့ပေ...
သူတို့ပြောလည်းပြောစရာပင်မဟုတ်လား...
"ကဲမောင်ထူး မင်းခေါ်လို့ မရ ရင်ငါခေါ်မယ်ကွာ "
အနည်းငယ်စိတ်ဆတ်သောမင်းကို ကမောင်ထူးအား
ဒေါသထွက်နေဟန်ဖြင့်လှမ်းပြောလိုက်ရင်း....
"ကဲဒီသင်္ချိုင်းက ငတ်နေတဲ့ကောင်တွေ မင်းတို့စားဖို့
တကူးတက လာကျွေးတာ လာစားကြလေကွာ
လာကြ ဒီသင်္ချိုင်းမှာ အကြီးဆုံးဆိုတဲ့ အကောင်
လာစားကြ သတ္တိမရှိကြဘူးလား လာစားကြလေကွာ.....
"ဟာဟေ့ကောင် ဘယ်လိုခေါ်လိုက်တာလဲ မင်းဟာက
စိန်ခေါ်သလိုဖြစ်နေပြီ.....
"အေးစိန်ခေါ်တယ်ကွာ...ဘာဖြစ်လဲ
"လာကြလေ ဘာလုပ်နေကြတာလဲ မင်းတို့စားဖို့တကူးတက
လာကျွေးရတာကွ....
မင်းကိုရဲ့ မိုက်ရူးရဲဆန်ပြီးစိန်ခေါ်သောစကားကြောင့်
မောင်ထူးထိတ်လန့်စွာ တားလိုက်သော်လည်း
မင်းကိုကတော့ ဆက်ခေါ်မြဲ
"လာကြ.....
ဝေါ.....၀ုန်း...၀ုန်း...
ဟာ...
ဟေ့ကောင် ဘာလဲ
မင်းကို စကားမဆုံးလိုက် သူတို့အနီး လရောင် အလင်းမကျကောက်ပဲ
အနည်းငယ်အမှောင်ရိပ်သန်းနေသော ရေသဖန်းပင်ပေါ်မှ
တဝေါဝေါတ၀ုန်းဝုန်း အမဲရောင် အလုံးကြီး သုံးလုံးအောက်
သို့ ပြုတ်ကျလာသည်။
အောက်ရောက်တော့ဘာမှရှိမနေပေ။
မင်းကိုလည်းကြောက်လန့်နုတ်ဆိတ်ကာ တစ်ယောက်တစ်ယောက်
မျက်နှာတစ်ယောက်ကြည့်လျက် ထိတ်လန့်ကြောက်ရွံ့နေကြတော့်သည်။
"ပြန်.. ပြန်..ကြ..ရအောင်....
"အေး..ပြန်ကြ..ရအောင်..မင်းကိုမင်းနောက်မှာ ....
"ဟာ ဘာကြီးလဲ"
ကျော်ဝင်း၏ ကြောက်လန့်စွာ ပြန်ရန်ပြောနေခြင်းကို
မောင်ထူးကထောက်ခံစကားပြောရင်း မင်းကိုကျောဖက်မှ
လူခါးစောင်းခန့်မြင့်သော ခွေးနက်ကြီး
တစ်ကောင်သည်သားရေတများများကျရင်းလရောင်အောက်တွင်
နီရဲတောက်ပသော မျက်လုံးများဖြင့် သူတို့ သုံးယောက်
အားစိုက်ကြည့်နေတာကြောင့်
သုံးယောက်သားနေရာမှာပင် ကြောက်သေးများထွက်ကုန်တော့သည်။
သူတို့လက်တင်ထားသောခုန်သည်လည်း ဘယ်ညာဖြည်းဖြည်း
စတင် ယိမ်းထိုးလာလျက် ........
ဒုန်း...
ဒုန်း.....
ဒုန်း...
ဒုန်း....
လွတ်နေသော ခုံခြေထောက်နှစ်ဖက်က တိတ်စိတ်နေသော
ညတွင် တဒုန်းဒုန်း မြေကြီးပေါ် စည်းဝါးရိုက်ကျနေလျက်ရှိတော့သည်။
ဟာ.....
အားလုံးကြောက်လန့်တကြား ခုံပေါ်မှလက်ရုပ်လိုက်သော်လည်း
ခုံကြီးကား တယောက်ယောက် ၀င်ပူးပြီးလူပ်နေသည့်အလား
သွေးပျက်ဖွယ်ရာတွေ့နေရတော့သည်။
ချွတ်....ဂျွတ် ....ချွတ်....ဂျွတ်.....
ထိုစဉ်မှာပင် သူတို့ရှိရာနေရာသို့. အလွန်ထူထပ်လှသော ခြုံနွယ်
ပိတ်ပေါင်းများအား တလှမ်းချင်း လျောက်လာသော
ခြေသံကြီးတစ်ခုအား ကြားလိုက်ရတော့သည်။
ယခုလို ညမပြောနဲ့ နေ့ဖက်မှာပင် ယခုလို ခြုံနွယ် ထူထပ်လှသော
နေရာတွင်အေးဆေးလမ်းလျောက် လာဖို့ဆိုရာမလွယ်ပေ ခုကား
သစ်ပင်ငယ်များအား ခြေဖြင့်နင်းလိုက်၍ လာနေသော
ခြေသံကြီးတစ်ခုနဲ့ သူတို့ရှိရာ နေရာသို့တဖြည်းဖြည်း
တလှမ်းချင်းလျောက်လာနေသည်မှာ
ကြောက်စရာအလွန်ပင်ကောင်းလွန်းလှတော့သည်။
ခွေးနက်ကြီးကား ခြေသံထွက်ပေါ်လာရာ သင်္ချိုင်းအတွင်းချုံများကြားသို့
လှစ်ခနဲတိုးဝင် ပျောက်ကွယ်သွားပြီဖြစ်သည်။
ဒုန်း....ဒုန်း...ဗြိ....ဂျွတ်.....
"အား...........၊
အောင်မလေး........ကယ်ကြပါအုံး......ဗျို့....
သူတို့ရှေ့မှလူမပါပဲ ယိမ်းထိုးကာ ခုံခြေထောက်နှစ်ဖက်မြေကြီးကို
စည်းဝါးကျကျ ရိုက်နေသော ခုံ အလယ်မှ နှစ်ပိုင်းကျိုးသွားခြင်းနဲ့အတူ
ထန်းပင်တမျှ မြင့်သော အရပ် ဆံပင်ဖိုးရိုးဖားယား ဖြင့်
မိန်းမကြီးတစ်ဦး သင်္ချိုင်ကုန်းအတွင်း ခြုံနွယ်သစ်ပင်များကြားမှ
လှမ်းထွက်လာသောအခါ သုံးဦးသား တိုင်ပင်ထားသည့်အလား ကြောက်လန့်
တကြားအော်ဟစ်ရင်း ရွာဖက်ဆီပြေးကြပါလေတော့သည်။
ပုဆိုးအနိုင်ပ၀ါမနိုင်သုံးဦးသား အကြောက်လွန်ကာ
လယ်ကွက်များဆီဖြတ်ပြေးကြရင်းမှ
နောက်သို့ တချက်လှည့်ကြည့်ရာ ထန်းပင်လောက်မြင့်သော
အရပ်ဖြင့်ထိုမိန်းမသည်လယ်ကွက်များအား ခြေလှမ်းကျဲကြီး
များဖြင့်ကျော်လျက် လိုက်လာနေသည်ကို တွေ့လိုက်
ရတာကြောင့် ဖနောင့်နဲ့
တင်ပါးတသားတည်းကျအောင်ပင် ရွာထဲဆီဝင်ပြေးကြတော့သည်။
အချိန်ကား ညတစ်နာရီခန့်ပင် ရှိပြီ တစ်ရွာလုံးလဲ
အိပ်မောကျနေပြီဖြစ်ကာ တိတ်ဆိတ်နေလျက် ရှိသည်။
ထိုထန်းပင်တမျ အရပ်ဖြင့်မိန်းမကြီး သည်လည်း သူတို့နဲ့
ရွာထဲအတူ လိုက်ဝင်လာသောကြောင့် သူတို့
သုံးယောက်လည်း ကြောက်လန့် တကြားဖြင့်
ရွာအတွင်းပြေးရင်းမှ ရွာဦးကျောင်းဖက် ရောက်လာသောအခါမှ .....
"ဟေ့....ကောင်....တွေ....ကျောင်း....ထဲ....၀င် ....ပြေး....
ကျော်ဝင်းကား အမောဖောက် သောအသံဖြင့် အားလုံးအား
သတိပေးသောအခါမှ တောသဘာဝမို့ ခြံတခါးပိတ်လေ့မရှိသော
ဘုန်းကြီးကျောင်းဝင်းအတွင်း ၀င်ပြေးကြတော့သည်။
ထိုအခါမှ ထိုထန်းပင်တမျ အရပ်ဖြင့် မိန်းမသည်ဘုန်းကြီးကျောင်း
အုပ်တံတိုင်းအပြင်မှ လှည့်ပတ်ရင်း.....
တောက်.....
တိတ်ဆိတ်နေသောညတွင်ကြက်သီးထစဖွယ်
မကျေမနပ်တက်ခေါက်လိုက်တော့သည်။
"အရှင်ဘုရား....အရှင်ဘုရား..ဟင်း..ဟော..ဟဲ
သုံးယောက်သားရွာ ဦးကျောင်း ဘုန်းကြီးကျိန်းစက် ရာ
ကျောင်းအောက်မှ လှမ်းခေါ်လိုက်ကြချိန်.......
"ဘယ်သူတွေ လဲကွ ညအချိန်မတော်
ဟင်....မင်းတို့ ဘာတွေဖြစ်လာတာလဲ....."
ကျောင်းထိုင်ဆရာတော် ဦးဥတ္တရ နဲ့ အတူ ဦးဇင်းများ၊
ကိုရင်များကျောင်းအောက်ရောက်လာသောအခါ ...
လူသုံးယောက် ဖုန်လူး ပြာလူးဖြင့် ကျောင်းအောက်မြေပြင်ပေါ်
လဲကျ အမောဖောက်နေသည်ကို တွေ့လိုက်ရသည်။
"လာလာ....ဦးဇင်းတွေ ..ဒီကောင်လေးတွေကို
ကျောင်းပေါ်တင်လာခဲ့ကြ....
ကျောင်းပေါ်ရောက်တော့ ခနနေမှ ဟင်းခနဲ သက်ပြင်းမောကြီးကျရင်း
မောင်ထူးနဲ့ မင်းကို သတိရလာကာ.....
"အောင်မလေး ကြောက်ပါပြီး..အား ကယ်ကြပါအုံး "
"ဒကာလေးတို့ စိတ်အေးအေးထား ဒကာလေးတို့ နောက်
ဘယ်သူမှလိုက်မလာနိုင့တော့ ပါဘူး ဘာတွေဖြစ်ခဲ့
ကြလဲဆိုတာသေချာပြောပြ....
မောင်ထူးကားမျက်ရည်များ စီးကျလာရင်းမှလက်အုပ်ချီလိုက်ကာ..
ဒီလိုပါ ဘုရားဟု သူတို့ အကြောင်းများ အားအစအဆုံးပြောပြပါတော့သည်။
"တယ်မိုက်တဲ့ ခလေးတွေကိုး မသေကောင်းမပျောက်ကောင်း
ကံကြီးပေလို့....
ထိုအချိန်မှာပင် လဲကျသတိလစ်နေသော ကျော်ဝင်းမှာ
တဟင်းဟင်းညည်းရင် ငိုင်လာပါတော့သည်။
ချွေးစီးချွေးပေါက်များဖြင့် တကိုယ်လုံးစိုရွဲနေသည့်အပြင်
မဲနက်သောအသားပေါ်တွင် အကျီအဖြူဝတ်ထားပြီး
ထိုအကျီအဖြူကား ယခုကား ဆီသည် ဒေါ်ဘုမ
လက်သုတ်လိုပင် ဖြစ်နေပြီ ဖြစ်သည်။
သူကားအံ့တကြိတ်ကြိတ် ပြူးကျယ်သော မျက်လုံးများကား
မျက်ဖြူဆိုက်နေလျက် သွားရည်တများများကျနေသေးသည်။
နဂိုကပင်ကြည့်ရဆိုးသောသူ့မျက်နှာအားယခုလိုတွေ့ရသော
အခါအားလုံးထိတ်လန့်သွားမိကြသည်။
"ဟင်း....ဟင်း.....သတ်မယ်.....သတ်မယ်.....
ငါ့သင်္ချိုင်း...လာပြီး......စော်ကားမော်ကား..ပြောတဲ့....
သုံးယောက်စလုံးကိုသတ်မယ်.....ဟင်းဟင်း.....
ကျော်ဝင်းကား သူနဂို နားထောင်ရဆိုးသော အသံပြဲကြီးဖြင့်
ပြောခြင်းမဟုတ်ပဲ မိန်းမကြီးတယောက်က တဟင်းဟင်းဖြင့်
အံ့ကြိတ်ပြောနေသံကြောင့် ရပ်ကြည့်နေသောသူအားလုံးထိတ်လန့်သွားသည်။
ကျော်ဝင်းကားမျက်ဖြူလန်နေသောမျက်လုံးကြီး မောင်ထူးနဲ့
မင်းကို ကို ကြည့်နေတာကြောင့် ထိုနှစ်ယောက်မှာ
ကြောက်လန့်စွာ ဆရာတော်နောက်ဝင်ပုန်းလိုက်ကြသည်။
"တပည့်တော်တို့ကို ကယ်ပါအုံးဘုရား"
ခုတော့ သူတို့မဟုတ်သည့်အလား ဆရာတော်ထံ
ညောင်နာနာဖြင့်အသနားခံနေကြတော့သည်။
ဆရာတော် ဦးဥတ္တရ ကားအတွေ့အကြုံအရ
ပယောဂ ၀င်ပူးနေမှန်းသိလိုက်တာကြောင့်....
"ဟေ့ ခလေးဆီမှာ ပူးကပ်နေတာ ဘယ်သူလဲ
ငါရှေ့မှာတောင်ပမာမခန့်နဲ့......ပြော...
ခလေးတွေကို နင်ထိရဲထိကြည့် ...ငါနဲ့တွေ့သွားမယ်....
ထိုအခါမှသရဲဝင်ပူးခံနေရသော ကျော်ဝင်းသည်။
ခေါင်းငုံသွားရင်း ....
"တပည့်တော်မ ဒေါသထွက်သွားလို့ အရှင်ဘုရားရှေ့မှာ
ပြောမှားဆိုမှား ဖြစ်မိတာဗွေမယူပါနဲ့ ဘုရား ဒီသုံးကောင်က
တပည့်တော်မပိုင် သင်္ချိုင်းထဲလာပြီးစော်ကားမော်ကားပြောလို့
ဒေါသထွက်လွန်းလို့ပါ ဘုရား
.......
"ဒါနဲ့. ဒကာမကြီးက ဘယ်သူတုန်း.....
"မဖဲဝါ ပါဘုရား.....
တစ်ခါမှမကြားဖူးသောနာမည်းတစ်ခုကြောင့် ဆရာတော်
အံ့သြသွားသော်လည်း ဒီကိစ္စ ကို ပြေလည်အောင်
အရင်ရှင်းရမည်မို့ ....
"ကဲ ဒကာမကြီး မဖဲဝါ ဒီကလေးတွေအစား
ကျုပ်တောင်းပန်ပါတယ် နောက်ဒီလိုမဖြစ်စေရပါဘူး...
ကျုပ်ဆုံးမပေးပါ့မယ်....
ကျေနပ်လိုက်ပါတော့....
"တင်ပါ့ဘုရား ဆရာတော် တောင်းပန်ချက်ကြောင့်
သူတို့ကို တပည့်တော်မ ခွင့်လွတ် လိုက်ပါ့မယ် ...
တပည့်တော်နေရပ်ပြန်ပါတော့မယ်ဘုရား.....
ကျော်ဝင်းကား တဆတ်ဆတ်တုန်ကာပြောနေရင်းမှနေရာ
တွင်ပင်ခွေကျသွားတော့သည်။
ဆရာတော်ကား သူတို့သုံးယောက် ပရိတ်ရေတိုက်
ပရိတ်ခြေမန်းကွင်းစွတ်ပြီးချိန်ကျမှ ကျော်ဝင်း
တစ်ယောက်ကြောင်တောင်ဖြင့် သတိရလာသည်။
ဘာဖြစ်လို့ ဖြစ်သွားမှန်းပင်မသိ.....
"ကဲမင်းတို့နှစ်ယောက်ကြားတဲ့အတိုင်းပဲ မင်းတို့သူငယ်ချင်းကိုလည်း
သေချာနောက်မှ ရှင်းပြလိုက်ကြ. နောက်တခါ ဆိုရင်တော့
ငါမကယ်နိုင်တော့ဘူးနှော်...မင်းတို့ထိုက် မင်းတို့ကံပဲ....
"တင့်ပါဘုရားတပည့်တော်တို့နောက်မလုပ်ရဲတော့ပါဘူး....
"ကဲကဲ မိုးလည်းလင်းခါနီးပြီရေမိုးချိုးပြီးကျောင်းမှာပဲအိပ်လိုက်ကြတော့
နေ့လည်ကျရင် မင်းတို့အဖေတွေခေါ်ပြီး ကျောင်းတစ်ခေါက်ပြန်လာခဲ့....
ထိုသုံးကောင်၏စိတ်တွင်ကား ကျောင်းပြေး၍ ပေါက်ကရတွေ
လျှောက်လုပ်၍ ဒေါသဖြစ်နေသော မျက်နှာနဲ့ ကြိမ်လုံးများ
အားတွဲမြင်မိကြတော့သည်။
နောက်တစ်နေ့မနက်တွင် အကြော်သည် ဒေါ်ဘုမတစ်ယောက်
သူ့အကြော်ဖိုအတွင်း ခုံပျောက်သောကြောင့် ခုနှစ်အိမ်ကြား
ရှစ်အိမ်ကြားအော်ဆဲသံကို ကြားနေရပါတော့သည်။
ဒီနေရာမှာ တစ်ခုပြောချင်တာက ကျွန်တော်တို့ဒေသမှာ
မဖဲဝါကို မသိကြပါဘူး သင်္ချိုင်းကုန်းမှာ နှစ်ချို့နေတဲ့
သံခမောက်ဆောင်းတစ္ဆေကြီး တစ်ကောင်စောင့်တယ် လို့ပဲ
လူကြီးတွေပြောစကားအရသိထားပါတယ်၊ နောက်မ ကျွန်တော်
စာတွေဖတ်မှ မဖဲဝါစောင့်မှန်းသိခဲ့ရပါတယ် ...
"မဖဲဝါ" ဆိုသော ကျွန်တော်တို့နယ်သားများမကြားဖူးတဲ့
နာမည်ဆန်းအား လူဆိုးသုံးကောင်ကြောင့် တနယ်လုံးသိခွင့်ရပါတော့သည်။
ကြိုးစားလျက်..
Credit by Yar Wa Na
ADMIN @_# TH!t P!N
No comments:
Post a Comment