လွန်ခဲ့သောနှစ်ပေါင်း၃၀ခန့်က မြန်မာပြည်အောက်ပိုင်း တစ်နေရာတွင် မုဆိုးအလုပ်နဲ့ သက်မွေးဝမ်းကျောင်း လုပ်နေသော ဦးရွှေသိုက်ဆိုသော မုဆိုးတစ်ယောက်ရှိပါသည် ဦးရွေသိုက်မှာ သူ့ဇနီးနဲ့အတူသားသမီးသုံးယောက်ရှိပါတယ် တပည့်ကျော်ဘခက်နဲ့ အမဲပစ်ပီးရလာတဲ့သားကောင် တွေရောင်းချပီး စားသောက်လာတာ စီးပွားရေးက အတော်အသင့်အဆင်ပြေပါတယ် တစ်နေ့ ဦးရွှေသိုက် ဇနီးမှာ ,၄ယောက်မြောက်ကိုယ်ဝန် ကိုရရှိလာပါတယ် အဲ့အချိန်ကစပီး ဦးရွှေသိုက်တောထဲသွားတိုင်း သားကောင်ကြီးမပြောနဲ့ ယုန်တစ်ကောင်ရဖို့တောင်မနဲရှာပစ်နေရတဲ့အခါဆိုတော့သူ့စီးပွားရေးကလဲတော်တော်လေးအဆင်မပြေဖစ်နေချိန်ပေါ့ ငွေကလဲအရမ်းလိုနေပီ မိန်းမက ခလေးမီးဖွားတော့မယ်ဆိုတော့ တောထဲမှာ နေပီးသာကောင်ပစ်ဖို့ ဦးရွှေသိုက်ဆုံးဖြတ်လိုက်တော့တယ် "မိန်မရေ ခုတစ်လော သားကောင်ရှာပစ်ရတာမလွယ်ဘူး ငါတောလည် သွားပီး ရှာပစ်အုံးမယ် နွေရာသီရောက်လာပီးဆိုတော့ သားကောင်ကြီးတစ်ကောင်လောက် တော့ ရကောင်းရနိုင်ပါရဲ့" """မသွားလို့မရဘူးလား ကျူပ်မှာက မပေါ့မပါးနဲ့ တစ်စုံတစ်ခုဖစ်ရင်ဘယ်သူ့ အားကိုးရမလဲ ရှင့်ကိုလဲစိတ်မချဘူး""" မသွားလို့ဘယ်ရမလဲ မင်းက ခလေးမွေးတော့မှာပိုက်ဆံလိုနေပီ ပီးတော့ဘခက်လဲ ပါတာပဲ စိတ်ချပါ " ဒါဆိုလဲကောင်းပီ အစစအရာရာ ဂဂုစိုက်ပါ " ဇနီးနဲ့ သားသမီးတွေကိုနှုတ်ဆက်ကာ တောထဲသို့အမဲပစ် ရန်ထွက်လာခဲ့လေသည် ဆရာတပည့်နှစ်ယောက် တစ်နေ့လုံး တောထဲလှည့်နေတာ သားကောင်ကြီး တစ်ကောင်တစ်လေမျှတောင်မတွေ့ ညနေကလဲစောင်းနေပီ"တောက်!!ဒီတောထဲက သားကောင်တွေ တောများပြောင်းသွားပီလာမသိဘူး"""" ""ဟုတ်ပဆရာ ရာ ခုတစ်လောဘအကုသိုလ်နဲ့အကျိုးကိုမပေးဘူး"" တောထဲတောင်ထဲမှာက ညဘက်ဆို မြေပြင်မှာမအိပ်ကောင်း ဒီတော့ လင့်စင်ထိုဖို့အပင်ကြီး သစ်ပင်ရှာကြတယ် ဒီနေရာမှာ ၀ါရင့်မုဆိုးကြီး ဦးရွှေသိုက်ကအကွက်မြင်တယ် လင့်စင်ထိုးဖို့ ရေအိုင်ကြီးဘေးက အင်ကြင်းပင်ကိုရွေးချယ်လိုက်တယ် "ဘခက်ရေ ငါတို့တော့ သားကောင်ပင်ပင်ပန်းပန်းရှာနေစရာ မလိုတော့ဘူးဟေ့ ဟိုမှာတွေ့လားရေကန် ဒီညရေ လာသောက်တဲ့ကောင် ငါတို့ကောင်ပဲမှတ်လိုက်တော့ "" လင့်စင်ထိုးပီး သားကောင်အလာကို စောင့်နေကြတယ် မုဆိုးအလုပ်ကလဲမလွယ် ဇွဲကောင်းမှသာတော်ရာ ကြမယ်။ ဒီလို
နဲ့ ဆရာတပည့်နှစ်ယောက်သားကောင်အလာကိုစောင့်နေတာ ညတောင်တော်တော်နက်လာပီ နွေအခါ လပိုသာဆိုတဲ့အတိုင်း လရောင်အောက်မှာ ပတ်ဝန်းကျင်ကိုရှင်းရှင်းလင်းမြင်နေရတယ် ညက1ချက်ထိုးလောက်ရှိပီထင်တယ် ခုချိန်ထိ ရေကန်နားကို ဘာကောင်မှပေါ်မလာ တောကလဲ အရမ်းကိုတိတ်ဆိတ်လို့ ထူးတော့ထူးဆန်းနေပီ ခါတိုင်းဆိုတောထဲမှာအိပ်ရင်ဒီလိုမဟုတ် ကျားဟိန်းသံတွေ ဂျီဟောက်တွေနဲ့ ဆူညံနေတာပဲ အင်းးးး စဉ်းစားစရာ တော့ဖစ်နေပီ။ ထိုသို့ တစ်ယောက်ထဲဦးရွှေသိုက်စဉ်းစားနေတုန်း ရုတ်တရက် လှုပ်ရှားသွားသော ခြုံလေးကိုကြည့်ကာ မျက်နှဝင်းခနဲဖစ်သွားတယ် တပည့်ဖစ်သူ ဘခက်ကိုလှုပ်နိုးပီး ""ရှု။း"တိုးတိုး ဟိုမှာတွေ့လား "ဦးရွှေသိုက်လက်ညိုးထိုးရာကြည့်လိုက်တော့မှ ဘခက်အိပ်ချင်စိတ်မှာ ပျောက်သွားတယ် အာပါးပါး နဲးတဲ့ဆတ်ကြီးမှမဟုတ်တာ ဂျိုကြီးတွေကကားထွက်နေတာပဲ အဲ့ဒီဆတ်ကြီးကတော့ သူအန္တာရာယ်သူမသိရှာဘူး ရေကန်ကရေကိုသောက်လိုက် ရေကန်ထဲက လရောင်ကိုကြည့်လိုက် လုပ်နေတာ အဲ့ချိန်မှာ ဦးရွှေသိုက် သူ့နှစ်လုံးပြူးပြောင်ကို သေသေချာချာချိန်ပီ ဘခက်ကိုမီးထိုးခိုင်းလိုက်တယ် ဆတ်ကြီးက မီးအလင်းရောင်ကိုမြင်ပီး ကြောင်ပီးကြည့်နေတုန်း ဦးရွှေသိုက်မောင်းဖြုတ်လိုက်တော့တယ်" ဒိုင်း" "ရွှီး"ဆိုတဲ့အသံနဲ့အတူ ဆတ်ကြီးဟာ အဲ့နေရာမှာတင် ၀ုန်းကနဲ လဲကျသွားတော့တယ် ဦးရွှေသိုက်ကတော့ ထီပေါက်သူအလားပဲ "ရပီဘခက် ငါတို့ဒီလောက်ဆိုခိုင်လုံသွားပီ မနက်မှဆင်းကောက်ရအောင် ခုတော့ တစ်ရေးတစ်မောအိပ်အုံးစို့ "ဆိုပီး အိပ်ချလိုက်တော့တယ်။ အိပ်မှအိပ်ရတာ အတွေးတွေနဲ့ဦးရွှေသိုက်အိပ်မပျော် ဒီညက သူ့အဖို့ တော်တော်လေးကိုထူးဆန်းနေတာ ဆတ်ကြီးက အော်သံလဲမပေး တောက်သံလဲမပေးပဲနဲ့ ရေကန်နားကိုရောက်လာတယ်။တောကလဲ အလွန်အမင်းတိတ်ဆိတ်နေတယ် ပီးတော့ ဆတ်ကိုသေနတ်နဲ့ပစ်လိုက်တော့လဲနာကျင်သံထွက်မလဲ ၀ုန်း ခနဲလဲကျသွားတာရယ် "ဟူး"တစ်�ခုခုတေါ့မှား�နေပြီ ။စဉ်�းစားရင်းခဏာမှေးခနဲ အိပ်ပျော်သွားစဉ်အခိုက် "ဝေါင်း"ဆိုပီးကျားဟိန်းသံ တစ်ခုထွက်လာတယ် ဒါကြောင့်နှစ်ယောက်သားပြုင်တူထလိုက်ပီး ဦးရွှေသိုက် က တောကောင်င်ကြီးလာပီဆိုတဲ့အထာနဲ့မေးငေါ့ ပြလိုတယ် ဘခက်လဲ ဒူးလေးကိုမြှားတပ်ပီးအသင့်ပြင်ထားလိုက်တယ် ကျားလာရင်ကျားပစ်မှာပဲ ဒီညတော့ဘာလာလာ ပစ်ဖို့ရည်ရွယ်ထားပီးသား တစ်ဖြည်းနဲ့ဟင်းမျိုးကြီးအသံက နီးလာလေပီ ရေကန်ဘက်ကိုဦးတည်ပီးသွားတဲ့အသံပဲ နောက်ဆုံးတော့ ထင်ထားတဲ့အတိုင်းပဲ ဟင်းမျိုးကြီးထွက်လာတယ် ဘုရား ဘုရား ဦးရွှေသိုက်တို့နှစ်ယောက် မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်ခန ကြက်သေ သေသွားတယ် လုံးဝမဖစ်နိုင်စရာပဲ ဟင်းမျိုးကြီး(ကျား)ထွက်လာတာတော့မှန်ပါတယ် ဒါပေမယ့် သူ့အပေါ်မှာခွစီးထားတဲ့အရိပ်တစ်ခုလဲပါလာသေးတယ် လရောင်ကရှင်းတယ်ဆိုပေမယ့်နဲနဲလှမ်းနေသေးတော့ ကျားပေါ်မှာခွစီးထားတဲ့အရာက ဘာလဲဆိုတာခွဲခြားလို့မရသေးဘူးဖစ်နေတယ် ဆတ်သေအနားရောက်မှကျားကရပ်လိုက်ပီး ကျားပေါ်ကအရာက ဆင်းလာတာ ဒီတော့မှသေချာတွေ့လိုက်ရတယ် ကျားပေါ်က အရာက မိန်းခလေးတစ်ယောက် ဆံပင်ဖားလျားချထားပီး ၀တ်ထားတဲ့အ၀တ်အစားက နန်းတွင်းပုံစံနဲ့။ ခက်တော့ခက်ကုန်ပီ ဘခက်ကတော့ တုန်တုန်ယင်ယင်ဖစ်နေပီ ဦးရွှေသိုက်က ကြောက်နေပေမယ့် ဟန်မပျက်ပဲ။ ဒါက တောချောက်တာပဲလား ဘယ်လိုကြောင့်တောကြီးမျက်မဲထဲမှာမိန်းခလေး တစ်ယောက်ထဲ ကျားစီးပီးလာတာပါလိမ့် ထိုမိန်းမက ဆတ်သေကို ခနကြည့်ပီး ဦးရွှေသိုက်တို့လင့်စင် ဘက်ကိုစိမ်းစိမ်းကြီးမော့ကြည့်ပါတော့တယ် ပီးတော ကျားပေါ်ါ်တတ်ပီး လင့်စင်ရှိရာ သစ်ပင်သို့ဦးတည်ပီးလာနေတာ ဆရာတစ်ပည့်နှစ်ယောက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပီး ချွေးတွေ စွဲလာတော့တယ် "ဟေ့ကောင်ဘခက် ဒီမိန်းမဘာမေးမေး မင်းမဖြေနဲ့ကြားလား ငါပဲဖြေမယ် မင်းငါ့အနောက်မှာနေစမ်း"
ဘခက်က ပထမဆုံးအတွေ့အကြုံမို့ ဒူးတုန်အောင်ကြောက်နေပီး။ ဦးရွှေသိုက်အောက်ကကျားစီးလာတဲ့မိန်းမကိုငုံ့ကြည့်လိုက်တယ် ထိုမိန်းမလဲလင့်အစေင်ပ်ါကိုမော့ကြည့်ပီး "အပေါ်ကလူတွေရှင့် ကျမတတ်လာလို့ရတယ်မလား" အသံလေးကချိုပီးအေးနေတာပဲ ဦးရွှေသိုက်က "အေး နင်က လာလူလား ပြန်လူလား" ထိုမိန်းမက "လာလူ"ဆိုပီး တစ်ခွန်းထဲပြောကာ သစ်ပင်ပေါ်ကို တစ်လှမ်းချင်းတတ်လာတယ် "ဟိုက်"သောက်ကျိုးတော့ နဲကုန်ပါပီ တောထဲတောင်ထဲမှာက ကိုယ့်လူတွေ အချိန်ခါမဟုတ်ပြန်လာရင် ဒီလိုပဲမေးရတယ် "ပြန်လူ"ဆိုရင်တော့စိတ်ချရပါတယ် "လာလူ"ဆိုရင်တော့မကောင်းတော့ဘူး ဒါက သေပီးတော့မှ နာနာဘာဝအဖစ်နဲ့ လင့်စင်ကိုပြန်လာတာလို့ အယူအဆရှိတာ ခုဟာက လာလူ ဆိုပြီးတော့ သစ်ပင်ပေါ်ကို တတ်လာတာဆိုတော့.... ထိုအချိန်ဘခက်တစ်ယောက် ကြောက်လွန်းလို့နေစရာ နေရာတောင်မရှိဘူး ဥေီးရွှသိုက်ကတော့ အေးဆေးပဲ ဆေးလိပ်တောင်ကောက်ဖွာနေလိုက်တယ် ဟိုမိန်းမ လင့်ပေါ်ကိုရောက်ရောက်ခြင်း "တောထဲတောင်ထဲမှာနေရတာကြာလာတော့ လူတွေဘက်သိပ့်ပီးမလာနိုင်လို့ ကွမ်းယာလေးဘာလေးမပါဘူးလားရှင့်ပါရင်တစ်ယာလောက်ပေးပါလား" "မပါဘူး"ဦးရွှေသိုက်ခပ်တင်းတင်းပဲပြန်ပြောလိုက်တယ် ထိုမိန်းမတစ်ချက်ပြုံးလိုက်ပီး "ဒါဆိုဆေးလိပ်လေးများမပါဘူးလားရှင့် တစ်ကယ်ခံတွင်းချဉ်နေလို့ တစ်ဖွာလောက်ဖစ်ဖစ်" "ဆေးလိပ်ကဒါနောက်ဆုံးပဲ နင်သောက်ချင်တယ်ဆိုရင်တော့ ပါစပ်ဟ ငါတေ့ပေးမယ် ကိုယ့်ဘာသာဖွာယူပေါ့" "ကောင်းပါပီရှင့်" ဟုဆိုကာ ပါစပ်ဟပေးလိုက်တယ် ဒီချိန်မှာ ဦးရွှေသိုက် ဘယ်သူမှ မထင်မှတ်ထားတဲ့အလုပ်တစ်ခုကိုလုပ်ချလိုက်တော့တယ် ။ ဆေးလိပ်ထည့်ပေးမလိုနဲ့ အနားမှာရှိတဲ့နှစ်လုံးပြူးပြောင်းဝကိုပါစပ်ထဲ ထည့်ပီ ခလုတ်ဆွဲချလိုက်တော့တယ် "ဒိုင်း"ဆိုတဲ့ အသံနဲအတူ ကျားစီးတဲ့မိန်းမရဲ့ ဦးနှောက်ကနေပီးကျည်ဆံခွဲထွက်သွားတယ် ထိုမိန်းမလဲ "အား"ခနဲအော်ပီး "ကား"ခနဲ လင့်စင်အောင့်သို့လွှင်ကျသွားပါတော့တယ် တစ်ဆက်ထဲအောက်က ကျားကိုပစ်ချလိုက်တော့တယ်
ဒီတော့မှ " ဟာ ဆရာ ဘယ်လိုလုပ်လိုက်တာလဲဗျ ဟိုမိန်းမက သေသွားလောက်ပီထင် ကျူပ်တို့တော့ ထောင်နန်းစံရပီထင်တယ်"" "အဲ့လောက်လဲပူမနေနဲ့ ဘခက်ရာ ငါထင်တာမလွဲဘူးဆိုရင် မနက်ဒီပြသာနာရှင်းသွားလိမ့်မယ် """"
မနက်မိုးလင်းတော့ ညကပစ်လိုက်တဲ့မိန်းမက ပုတ်�သင်�ညို ကြီးတစ်ကောင်ဖစ်နေပီး ကျားက တောကြောင်ကြီး ဖစ်နေတာ ထိုအဖစ်အပျက်ကို ဦးရွေသိုက်မြင်ပီး " အောင်ပီဟေ့ အောင်ပီကွ ဒီတော ဒီတောင်ငါပိုင်ပီ ဒီနေ့ကစပီး ငါရွှေသိုက်လာ ရင်အမဲမရတဲ့နေ့မရှိချင်ဘူးဟေ့ ဟားဟား " ဆိုပီး လက်သီးလက်မောင်းသန်းကာကြွေးကြော်နေတော့တယ် သူအဲ့လိုအော်တဲ့အချိန်မှာ တစ်တောလုံး တစ်တောင်လုံးလဲ" ၀ူးဝူး" ၀ါး"တောခြောက်သလိုအသံမျိုးနဲ့ ဆူညံသွားပါတော့တယ် ဘခက်ကတော့ နားမလည်နိုင် ဘာတွေဖစ်နေလဲပေါ့ "ဆရာ ကျူပ်ကိုလဲရှင်းပြပါအုံး ဘာတွေဖစ်နေလဲဆိုတာကို " "အော် အေ ဟားဟား တပည့်ကြီးမင်းကိုငါမေ့နေတာ ဒီလိုကွ ဒီတော ဒီတောင်ကငါ့အပိုင်ဖစ်သွားပီ ငါလာရင်သူတို့တွေသားကောင်ပေးကိုပေးစေရမယ်ကွ" "ရော် ခက်ပီ ဆရာပြောမှ ပိုရှုတ်လာပီး သူတို့ဆိုတာဘယ်သူလဲ " "ကဲ ဒီလိုကွာ ဘခက်ရ တောထဲတောင်ထဲမှာအမှန်တစ်ကယ် အပိုင်စားဆိုတာရှိကြတယ် ဒီတောဒီတောင်ကို စောက်ရှောက်ရတဲ့ နတ်သဘောမျိုးပေါ့ အဲဒီနတ်တွေကလဲ တစ်�ခါတစ်��လေမှာ တောထဲမှာ မုဆိုးလုပ်တဲ့သူတွေ လမ်းမှားပီရောက် လာကြတဲ့သူတွေကိုဖမ်းစားတတ်ကြတယ်ကွ ညက ဟိုတောစောင့်မ ငါ့ဆီကဆေးလိပ်တို့်ကွမ်းတို့တောင်းတာ အကောင်းမထင်နဲ့ သူတို့ကလူတွေရဲ့စိတ်ကိုဖမ်းစားလိုက်တာ ငါ့ဆီကကွမ်းယာကို ပေးလိုက်တယ်ပဲထားပါတော့ အဲ့လိုပေးလိုက်တဲ့အခါမှာ စိတ်ထဲကပါလို့ပေးတာပဲလေ ဒီတော့ငါ့ရဲ့စိတ်ကိုသူကဖမ်းစားသွားနိုင်ပီ ငါကခွင့်ပြုလိုက်တာကို ဒါကြောင့်သူတို့က ဆေးလိပ်တို့ကွမ်းယာတို့တောင်းတာ ဒါကအလွယ်ဆုံးနည်းကို ငါလဲငါ့ဆရာတွေပြောတာ သတိရမိလိုက်လို့ရိပ်မိသွားတာ နောက်မို့ဆိုမလွယ်ဘူးငါ့ကောင်ရေ "" "ဆက်ပါအုံးဆရာ ရေ အဲ့ဒါနဲ့ဒီတောကိုပိုင်သွားရောပဲလား"
ဦးရွှေသိုက်ရေးဗူးမှရေကိုမော့သောက်လိုက်ပီး
"ငါက ဒီတောစောင့်မကိုသတ်ပီးပီဆိုတော့ ဒီတောကိုငါပိုင်သွားပီလေ. ဒါပေမယ့်ငါမပျော်နိုင်ဘူးမောင်ရေ"
"ဘာဖစ်လို့လဲဘဆရာ"
"ဒီတောစောင့်မကသေ သွားပီးဆိုတော့ တောစောင့်နေရာက လွတ်နေတယ်လေ အဲ့နေရာကို သတ်သွားတဲ့လူက ပြန်စောင့်ရတယ် " "ဗျာ တစ်ကယ်ကြီးလား"
"ဟုတ်တယ် ဘခက် မယုံမရှိနဲ့ ဒါကိုတစ်ပွဲစားလို့ခေါ်တယ် မသေခင်တော့ ရသလောက်ယူပေါ့ ဒီတော ဒီတောင်က ပစ္စည်းကကိုယ့်ဟာပဲ အေ သေရင်တော့ အဲ့တောမှာအစောင့်လုပ်ဖို့ပြင်ထားတော့ မသေခင်ရိက္ခာပေးပီး ရာထူးခန့်တဲ့သဘောပေါ့ကွာ ဟားဟားးးး""
--- --- --- --- --- -- ---
ပြီးပါပီ.........
#Credite မူရင်း####
အဆုံးထိဖတ်ပေးသူများအား ကျေးဇူးတင်ပါသည်
U. Lay. Htet. Gyi
No comments:
Post a Comment